- Beta-carotene(ဗီတာမင်အေအမျိုးအစား)သည်မျက်ကြည်လွှာ(cornea)စိုစွတ်မှုကိုထိန်းပေးပြီး မျက်ခမ်းခြောက်ခြင်း(Dry Eye)မဖြစ်အောင်ကာကွယ်ပေးထားသော anti-oxidant (ဓာတ်တိုးဆန့်ကျင်ပစ္စည်း)ဖြစ်ပါတယ်။ Beta-carotene ကိုအစားအစာများမှတဆင့် ခန္ဓာကိုယ်မှစုပ်ယူပြီး Provitamin A အဖြစ်ပြောင်းလဲနိုင်သောကြောင့် vitamin A ချို့တဲ့ခြင်းဟာရှားသော်လည်း အထက်တွင်ဖော်ပြသောအစားအစာများကိုပါဝင်အောင်မစားနိုင်သူများ၊အသည်းရောဂါ၊အူလမ်းကြောင်းစုပ်ယူမှုပြသနာရှိသူများတွင် Vitamin Aချို့တဲ့ခြင်းကြောင့် ညဘက်အမြင်အာရုံချို့တဲ့ခြင်း(night blindness)၊မျက်ရည်ခြောက်ခြင်း(Dry Eye Syndrome)၊ အမြင်အာရုံဆုံးရှုံးခြင်းအထိပါဖြစ်နိုင်ပါသည်။Beta-carotene ကိုအရှေ့တွင်ဖော်ပြထားသော carotenoids ကြွယ်ဝသောအစားအစာများမှရရှိသည့်အပြင် အသည်း၊အသား၊ငါး၊နို့နှင့်နို့ထွက်ပစ္စည်းများမှလည်းVitamin A ကိုရရှိနိုင်ပါသည်။ သတိပြုရန်အချက်မှာအချို့သောလူများသည် မျက်စိကျန်းမာရေးအတွက် မုန်လာဥနီဖျော်ရည်နေ့စဉ်ကြိတ်သောက်ခြင်းများပြုလုပ်လေ့ရှိသောကြောင့် အသားအရောင်ဝါလာခြင်းများဖြစ်ပေါ်သောကြောင့် အစားအစာတစ်မျိုးတည်းကိုအလွန်အကျွံစားသုံးခြင်းမပြုလုပ်ရန်အကြံပေးချင်ပါတယ်။ဆေးလိပ်၊ဆေးရွက်ကြီးသောက်သုံးနေသူများ၊ဖြတ်ထားသည်မှာ၁နှစ်ထက်မပိုသောသူများသည် Vitamin A နှင့် beta-carotene ပမာဏများသောမျက်စိအာဆေးများကို စွဲသောက်ပါကအဆုတ်ကင်ဆာဖြစ်ပွားနိုင်သောကြောင့် ဆရာဝန်နှင့်တိုင်ပင်ပြီးမှသာသောက်သုံးသင့်ပါသည်။
- Vitamin C သည်မျက်ကြည်လွှာ၏ကော်လာဂျင်တည်ဆောက်မှု နှင့် မျက်စိ၏အာရုံခံလွှာသွေးကြောအသေးများဖွဲ့စည်းမှုအတွက် မရှိမဖြစ်အရေးပါသော ဗီတာမင်တစ်မျိုးဖြစ်သည်။ ဗီတာမင် C ၃၀၀မီလီဂရမ် နေ့စဉ်မှီ်ဝဲပါက အတွင်းတိမ်မဖြစ်အောင်ကာကွယ်ပေးသည့်အပြင် ရောဂါဆက်ဆိုးဝါး မှုမဖြစ်အောင်သုံးပုံတစ်ပုံထိလျှော့ချပေးနိုင်ကြောင်း ခိုင်မာသောဆေးသုတေသန အချက်အလက်များကဖော်ပြထားပြီးဖြစ်ပါသည်။Vitamin C ကိုချဉ်သောသစ်သီးဝလံများ၊ ဘယ်ရီသီး၊လိမ္မောသီး၊နာနတ်သီး၊ရှောက်ချိုသီး၊ခရမ်းချဉ်သီး၊ သဘောင်္သီး၊သရက်သီး၊မာလကာသီးအစရှိသည်)၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်များ၊ အာလူး၊ကန်စွန်းဥ၊ ကြာစွယ် စသည့်သဘာဝအစားအစာများကို နေ့စဉ်ပါဝင်အောင်စားသုံးပေးခြင်းဖြင့် အမြင်အာရုံပိုမိုအားကောင်းစေပါသည်။
- နောက်ထပ် မျက်လုံးအတွင်းပိုင်းရှိဆဲလ်တစ်ရှူးများကိုဖျက်ဆီးသော မကောင်းသောဓာတ်တိုးပစ္စည်းများ (Free Radicals) ကို တားဆီးပေးနိုင်တာကတော့antioxidantတစ်မျိုးဖြစ်သော Vitamin Eပဲဖြစ်ပါတယ်။ Vitamin E ကြွယ်ဝသော ဂျုံစပါးအဆီ(wheat germ oil)၊မြေပဲ၊နေကြာစေ့၊ဗာဒံစေ့၊အစေ့အဆံများနှင့်ဟင်းသီးဟင်းရွက်မှ ထုတ်လုပ်ထားသောအဆီများ၊အစိမ်းရင့်ရောင်ရှိသော ဟင်းသီးဟင်းရွက်များအပြင် ကီဝီ၊သဘောင်္သီး၊ခရမ်းချဉ်သီး တို့ကိုမျှတစွာစားသုံးပေးခြင်းဖြင့် အမြင်အာရုံပျက်စီးခြင်းကို အတော်အတန်ကာကွယ်နိုင်ပါတယ်။
- Zinc(ဇင့်) သည်မျက်စိကျန်းမာရေးအတွက်မဖြစ်မနေလိုအပ်သော အကူအညီပေးသည့်သတ္ထုဓာတ်တစ်မျိုးဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အသည်းတွင်သိုလှောင်ထာသော Vitamin Aကို retina သို့ပို့ဆောင်ပေးပြီးမျက်လုံးကိုအကာကွယ်ပေးသောရောင်ခြယ် (Melanin)ထုတ်လုပ်ရာတွင်လည်းပါဝင်နေပါတယ်။ ဇင်ဓာတ့်ဟာ retina အောက်ရှိသွေးကြောတစ်ရှူးလွှာပြင်များတွင်အများအပြားရှိပါ တယ်။ ထိုအရေးကြီးသောဇင့်ဓာတ်ချို့တဲ့လျှင် ညအမှောင်တွင်သဲကဲစွာမမြင်ရခြင်း၊ အမြင်မှုန်ဝါးခြင်းများဖြစ်ပေါ်နိုင်သောကြောင့် ဇင့်ဓာတ်ပါဝင်သည့်အစားအစာများ အသား၊ငါး၊ပင်လယ်စာ၊ ပဲဆံခြောက်၊အစေ့အဆံများ၊ဒိန်ချဉ်၊နို့ အစရှိသည်တို့ကို ပါဝင်အောင်စားသုံးရန်လိုအပ်လှပါတယ်။
ဒေါက်တာ မေဖူးဇွန် ( အာဟာရ ဆရာဝန် )
M.B.,B.S(YGN), M.Sc in Human Nutrition with Clinical Nutrition Specialization (Glasgow, UK)
ဂရန်း(ဒ်)ဟံသာဆေးရုံကြီးတွင် အာဟာရဆိုင်ရာ ကျန်းမာရေး ကိစ္စအဝဝတို့ကို နေ့စဉ် တိုင်ပင် ဆွေးနွေး ကုသ အကြံပေးလျက်ရှိပါတယ်။
Official Facebook Page - https://m.facebook.com/grandhantha/
Grand Hantha Website - www.grandhantha.com
Green. Grand. Care for The People
Grand Hantha International Hospital
နာနတ်တောလမ်း နှင့် ကြည့်မြင့်တိုင် ကမ်းနားလမ်းထောင့်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
01 231 7617, 01 523 000, 01 523 111
Specialties
24 hour services
Centers & Clinics