ကမ္ဘာ့ ဆီးချို သွေးချိုရောဂါကာကွယ်ထိန်းသိမ်းရေးနေ့ (World Diabetes Day)

November 4, 2019

ကမ္ဘာ့ ဆီးချို သွေးချိုရောဂါကာကွယ်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ၁၄-၁၁-၂၀၁၉ တွင်ပွဲအခမ်းအနား ပြုလုပ်ကျင်းပခဲ့ကြပါသည်။ပွဲအထိမ်းအမှတ်အဖြစ် လာရောက်ကြသူများအား ဆီးချိုသွေးချိုအခမဲ့စစ်ဆေးပေးခြင်း၊ အထူးကုဆရာဝန်ကြီးများမှအခမဲ့ဆေးကုသ ဆေးပေး ခြင်းများ၊ ဆီးချိုသွေးချိုနှင့်ပတ်သတ်သည့် ကျန်းမာရေး ဗဟုသုတများ မေးမြန်း၍ဗလာမပါ ကံစမ်းမဲများ လက်ဆောင်ပေးခြင်း၊ “ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး” ဆောင်ပုဒ်နှင့်အညီ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းများပြုလုပ်၍ ပါဝင်ကြသူများအား အမှတ်တရဆုလက်ဆောင်များပေးအပ်ခြင်း ၊ကျန်းမာရေးစစ်ဆေးမှုအထူးအစီအစဉ်များကို အထူးဈေးနှုန်းဖြင့်ရောင်းချပေးခြင်း တို့ပြုလုပ်ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် ဆီးချိုသွေးချိုနှင့်ဟော်မုန်းရောဂါအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါ်သန်းသန်းအေး၊ မြန်မာနိုင်ငံဆီးချိုသွေးချိုရောဂါအသင်း(MMDA) ဥက္ကဌ ပါမောက္ခဦးတင့်ဆွေလတ်နှင့်တာဝန်ရှိလူကြီးမင်းများမှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ဆရာဝန်ကြီးများမှ ကမ္ဘာ့ ဆီးချို သွေးချိုရောဂါကာကွယ်ထိန်းသိမ်းရေးအထိမ်းအမှတ် အဖြစ်ကျန်းမာရေး ဗဟုသုတများ မျှဝေ၍ တတ်ရောက်လာသူများနှင့် အမေးအဖြေပြုလုပ်ကာ အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ကြပါသည်။ အဆိုပါပွဲအခမ်းအနားကို ဆေးကုမ္ပဏီကြီးများမှလည်းပူပေါင်းပါဝင်ကူညီပေးခဲ့ကြပါသည်။ ၂၀၁၉ ခုနှစ် ကမ္ဘာ့ ဆီးချို သွေးချိုရောဂါကာကွယ်ရေး အထိမ်းအမှတ်နေ့အခမ်းအနားပုံရိပ်များကိုမျှဝေပေးလိုက်ပါသည်။