သမီးလေးမွေးဖို့ Grand Hantha ဆေးရုံကိုရွေးချယ်ခဲ့တာကိုယ်တွေအတွက် မှန်ကန်တဲ့ရွေးချယ်မှုဖြစ်ခဲ့ရတယ်။
ကိုယ်တိုင် အတွေ့အကြုံလေးကို မျှဝေပေးချင်တာနဲ့ အမှတ်တရလေးလည်းဖြစ်အောင် sharing လုပ်ပါရစေ။တကယ်က ဆေးရုံကဆင်းဆင်းခြင်းရေးချင်ခဲ့တာ မရေးဖြစ်လိုက်ဖူး ကလေး နှစ်ပတ်ပြည့်မှ ရေးဖြစ်သွားတယ်
ကိုယ်ဝန်စရှိကတည်းက ဘယ်မှာမွေးရမလည်းစဉ်းစားနေတာ ပထမတစ်ယောက်တုန်းက မွေးခဲ့တဲ့ဆေးရုံက အဆင်မပြေဖြစ်ဖူးတော့လေ ဒါတောင်မှ VIP အခန်းမှာ တက်ခဲ့တာပါ Mo တွေက တစ်ခါခေါ် လာဖို့ သုံးနာရီကြာတယ် ဒုတိယ တစ်ယောက်မှာ အဲဒါမျိုး ဖြစ်မှာကိုအရမ်းစိတ်ပူနေတာ
နာမည်ကြီး International ဆေးရုံနှစ်ခု လုံးမှာ စုံစမ်းတာ ပါစစုံစမ်းကတည်းက Grand Hantha က Admission department က အရမ်း ကိုစိတ်ရှည်ရှည်လေးနဲ့ ရှင်းပြပေးကြတယ် ဖုန်းနဲ့လည်း မေးတယ် လူကိုယ်တိုင်လည်း သွားမေးတယ် စိတ်ရှည်ရှည်နဲ့ ဖြေပေးတယ် ဖုန်းနဲ့ ရော လူကိုယ်တိုင်ရော ၄/၅ ကြိမ်လောက်မေးပြီး ရွေးလိုက်တာ အရမ်းကိုမှန်ကန်တဲ့ ရွေးချယ်မူဖြစ်သွားတယ် စိတ်ချမ်းသာလ်ု့ပါ
Grand Hantha မှာရက်ယူပြီး မွေးမဲ့ရက်မတိုင်ခင် ၁ ရက်မှာ နေ့လည်၁၂နာရီ ကနေစပြီး ဆေးရုံကြိုတက်လို့ရပါတယ်။
ဆေးရုံက ဝန်ဆောင်မှုပေးတဲ့ ခွဲမွေးတဲ့ package တွေမှာ Deluxe, Suite, Royal Hantha Suite, Executive ဆိုပြီးရှိပါတယ်။ ဘယ် package ပဲဖြစ်ဖြစ် ပါတဲ့ service တွေကတူတူပေမယ့် အခန်း အကျယ် တွေပဲကွာသွားတာ။ ကိုယ်ကေတော့ Royal Hantha Suite ကို ရွေးယူလိုက်တယ်။ လူနာစောင့်အတွက် သီးသန့်အခန်းလိုချင်လိုချင်တာနဲ့ ယူလိုက်တာပါ သူဈေးလေးက17 သိန်း 9 သောင်း
မွေးမဲ့ရက်မတိုင်ခင် တစ်ရက်အလို နေ့လည် ၁နာရီလောက်မှာဆေးရုံကိုရောက်တယ်။ COVID rule လည်းရှိသေးတာကြောင့် covid လည်းစစ်ရသေးတယ်။ Covid ကိုတော့ အပြင်ကနေ စစ်ခဲ့လိုက်တာ ကိုယ်နေမယ့်အခန်းကိုရောက်တော့ တာဝန်ကျ nurse တွေရောက်လာပြီး ဝတ်စုံလဲပေး၊ သွေးစစ်၊ သွေးပေါင်ချိန်တိုင်းတာတွေလုပ်ပေးပြီး ကလေးနှလုံးခုန်နှုံးလေးကိုတိုင်း ကိုယ်ဝန်စရှိထဲက မှတ်တမ်းတွေအကုန်ယူသွားတယ်။
Package ထဲမှာ မိခင်အတွက် မနက် နေ့လည် ညစာ ပါပီးသားပါ။ ကိုယ်က အစားအစာ အရမ်းရွေးတဲ့သူ တော်ရုံမစားလိုဖူး ဒါပေမဲ့ ကံကောင်းစွာနဲ့ ဆေးရုံက စီစဉ်ပေးတာလေးနဲ့ အရမ်းအဆင်ပြေခဲ့တာ ပန်းသီး ကိတ်မုန့် ဟင်းချို
ခေါက်ဆွဲကြော် ငါး ကြက်သား ငှက်ပျော်ပူတင်း စုံနေရော အလှည့်ကြထည့်ပေးတာ meal box လေးထဲက items တွေကို မှတ်မိသလောက်ရေးလိုက်တာပါ
၆ ရက်နေ့ညရောက်တော့ မနက်ကျရင် ခွဲခန်းဝင်ရမယ်ဆိုတဲ့အသိနဲ့ တော်တော်လေးကို အိပ်ပျော်အောင်အိပ်လိုက်ရတယ်။ ည၁၀နာရီနောက်ပိုင်း ရေရောအစာရောဖြတ်ပီး fasting လည်းလုပ်ရတယ်။ ၅နာရီထပီး ကိုယ်လက် ရေပတ်တိုက်သန့်ရှင်းရေးလုပ်ပြီး ဘုရားရှိခိုးမေတ္တာပို့ဆုတောင်း ဆရာမလေးတွေရောက်လာ
၆နာရီရောက်တော့ nurse တွေရောက်လာပြီး ခွဲခန်းအဝတ်အစားကိုလဲပေးတယ်။ ပီးတော့ ခွဲခန်းဝင်မယ်ဆိုပြီးကိုယ့်ကိုခေါ်သွားတယ်။ ကိုယ့်မှာလေစပြီးကြောက်လာလိုက်တာဆိုခြေဖျားလက်ဖျားတွေလည်းအေးလို့
အထဲရောက်တော့ တစ်ကယ်ခွဲမယ့်ခွဲခန်း မဝင်ခင် သွေးပေါင်ချိန်တိုင်း၊ ကလေးလှုပ်တာ တွေဘာတွေနဲ့ တခြားလိုအပ်တာတွေလုပ်ပေးတယ်။ ပီးတော့မှ ဆရာဝန်တွေလည်းစုံသလောက်ရှိတော့ ခွဲခန်းထဲခေါ်သွားတယ်။ ခွဲမယ့်ကုတင်ပေါ်ကိုအရင်ပြောင်းရွှေ့တယ်။ ခွဲခန်းထဲမှာဆရာဝန်ကြီးတွေရောအကူတွေရောအများကြီး။ ကိုယ့် OG လည်းရောက်လာပီး သမီး ဘာမှမကြောက်နဲ့ ဆိုပီး အားပေးစကားပြောတယ်။ နောက်ပီး ခါးဆစ်ရိုးကို ထုံဆေးထိုးဖို့ ပုစွန်ထုပ်ကလေးလိုကွေးခိုင်းပြီး ဆေးထိုးလိုက်တယ်။ ခဏနေတော့ အန်ချင်လာပါရော ခဏသီးခံနော်လို့ ပြောတဲ့ အသံတော့ ကြားတယ် နေကြည့်ပါတယ် နောက်ဆုံး မရဖူး အန်ချင်တယ် ဆိုပြီး နည်းနည်း အန်မိသလိုပဲ ခံစားမှုက
ဘာမှတောင်သေချာမသိလိုက်ဘူး။ ခဏလေးပဲ ကလေးငိုသံလေး ထွက်လာတာ။ သမီးလေးကို ၇:၅၇ မိနစ်စနေနေ့ မှာ ခွဲမွေးလိုက်တယ်လေ။ ပြီးတော့ ကလေးကို သန့်ရှင်းရေးလုပ်ပီး လာပြတယ်။ ချစ်စရာကောင်းလိုက်တဲ့ ကလေးလေးလး။ သတိပြန်ဝင်လာတော့ လျှာလေးအာလေးအသံကြီးနဲ့ အရင်ဆုံးမေးတာ သမီးလေး အရာအားလုံးပြည့်စုံလားဆိုတာပဲ ဆရာမတွေလည်း ပြန်ဖြေရှာပါတယ် ၆ ပေါင်နဲ့၄အောင်စ ရှိပါတယ်တဲ့။ တစ်ကယ်ပျော်တာ
နောက်တော့ ကိုယ့်ကို အခန်းထဲပြန်ခေါ်လာတယ်။ Special Nurse ကိုတော့ နေ့ရော ညပါ ငှါးထားတော့ အဆင်ကိုပြေနေရော( special nurse က package ထဲမပါပါဘူးနော် ) optional ပါ။ မငှါးချင်လည်း Grand Hantha က အလှည့်ကျ nurse တွေကို လိုအပ်တိုင်း ခလုတ်နှိပ်ပီးခေါ်လို့ရပါတယ်။)
ခွဲပြီးတဲ့ရက် ဆီးပိုက်ကလည်းတန်းလန်းနဲ့ အရည်တစ်မျိုးပဲသောက်လို့ရတယ်။ လေလည်မှ အစာအပျော့လေးကစပီး စားလို့ရမှာမို့ အဲ့တစ်နေ့လုံးလည်း အရည်တွေပဲသောက်ရတယ်။ နောက်နေ့မနက်ရောက်တော့ ဆီးပိုက်ဖြုတ်တယ် အစားလည်း စ စားလို့ရတယ် ဗိုက်ဆာလိုက်တာ အရမ်း
Package ထဲမှာ ကလေးတွက်ရောလူကြီးတွက် အကုန်ပါပါတယ်။
ကလေးခေါင်းအုံး/စောင်/ဖက်လုံး/အနှီး/ကလေးအင်္ကျီ/ဦးထုပ်/လက်အိတ်/သေးခံ Pad/wet tissue/ hand sanitizer/ တစ်ခါသုံးလက်အိတ် တွေပါပါတယ်။အနှီးပေးထားတာမလောက်ရင်လည်းထပ်တောင်းလို့ရပါတယ်။ ကလေး သန့်ရှင်းရေးလုပ်ဖို့အတွက်ဂွမ်းလုံးလေးရယ် တဘက်နုနုလေးတော့လိုတယ်။ လူနာစောင့်အတွက် ခေါင်းအုံးနဲ့စောင် ပါပါတယ်။ Room Service အနေနဲ့ အခန်းကိုနေ့တိုင်းသန့်ရှင်းရေးလုပ်ပေးတယ်။ တာဝန်ကျ nusre တွေကဆေးပုံမှန်လာတိုက်တယ်။ သွေးပေါင်ချိန်တယ်။ တာဝန်ကျဆရာဝန်မလေးတွေကလည်း အလှည့်ကျ လာပီးကြည့်ရှုပေးတယ်။ နို့တိုက်ပုံတိုက်နည်းလည်းသေချာသင်ပြပေးပ့တယ် ကိုယ့်ရဲ့ special nurse ကနေ့ရောညရော လူကြီးရောကလေးရောလိုလေသေးမရှိသေချာလေးဂရုစိုက်ပေးပါတယ်။နောက်ရက်တွေကျ ကြွက်သားလေ့ကျင်းခန်းလုပ်ဖို့အတွက် ဆရာမက လာသင်ပြပေးသေးတယ်။
သမီးလေးမွေးတဲ့ရက်လား ညနေ ၅ နာရီလောက်မှာ ကိတ်မုန့်နဲ့ ကလေးပစ္စည်းတွေကိုဆေးရုံက လက်ဆောင်လာပေးသွားတယ်။ သူအမ ပျော်တာပေါ့ ကတ်မုန့်သူလှီးရတော့မယ်ဆိုံပြီး မိသားစုပုံနဲ့ ကလေးပုံလေးကိုတော့ ဆေးရုံဆင်းမဲ့ မနက်မှာလာရိုက်ပေးတယ်။
ဆေးရုံဆင်းမယ့်နေ့မှာ သမီးလေးနားအကြားအာရုံစစ်တယ်။ ဆေးရုံက မဆင်းခင် nurse leader အစ်မက
မေမေဆေးရုံမှတ်တမ်း နဲ့ baby လေးရဲ့ မှတ်တမ်း ကိုအကုန်ရှင်းပြပေးပြီး သေချာ file ခွဲပီး လုပ်ပေးလိုက်တော့အရမ်းအဆင်ပြေတယ်။ ကာကွယ်ဆေးထိုးမှတ်တမ်းစာအုပ်၊
babyလေးခြေရာ ပါတဲ့ Birth certificate ထောက်ခံစာစာရွက်၊ တစ်ခြား Data တွေအကုန် collect လုပ်ထားတာ ပြန်ကြည့်ချင်တဲ့အချိန် ပြန်ကြည့်ရုံပဲ။
OG Dr. Khine Lay Kywe နဲ့ team အားလုံးကို ကျေးဇူးအရမ်းတင်ပါတယ် လိုချင်တဲ့ အချိန်လေးကိုရအောင် မွေးပေးတာလေးကိုရော အစစအရာရာ ဂရုစိုက်ပေးတာလေးကိုရော ကျေးဇူးအများကြီးတင်ပါတယ်ရှင်
ကလေး ဆရာဝန်ကြီး Dr.Aye Aye Thein ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင် နို့တိုက်ပုံတိုက်နည်းကစ သေချာလေးသင်ပြပေးတဲ့အပြင်လိုတဲ့ အချိန် ဖုန်းဆက်မေးဖို့ ဖုန်းနံပါတိလေးပါ ထည့်ပေးလို့ ချက်ကြွေတာနဲ့ ပတ်သက်ပြီး ဆရာမကြီးကိုမေးလိုက်ရသေးတယ် အရမ်းကိုကျေးဇူးတင်ပါတယ်ရှင်
packgae + OG ခွဲခ + နောက်တိုးထပ်ဝယ်တဲ့ဆေးဖိုး + Special nurse ဖိုးစတာတွေကုန်ကျခဲ့တယ်။
၆ရက်နေ့ကဆေးရုံစတက်ပီး ၁၀ရက်နေ့မှာတော့ ဆေးရုံဆင်းခဲ့တယ်။
ချုံပြောရရင် ပေးရတဲ့ကုန်ကျစရိတ်နဲ့ ပြန်ရတဲ့ service က အရမ်းအရမ်းကို စိတ်ကျေနပ်မှုရရှိခဲ့ပါတယ် တကယ်ကိုမှန်ကန်တဲ့ရွေးချယ်မူလေးပါရှင်
ဓာတ်ပုံရိုက်တဲ့နေ့တော့ မေမေ ကလှချင်တာနဲ့အပြင်ကအဝတ်လေး ဝတ်လိုက်တာပါရှင်။
