၂၀၁၉ ခုနစ် မေလ (၃) ရက်မှ (၅) ရက် အတွင်း မန္တလေးမြို့ မြို့တော်ခန်းမမှာကျင်းပတဲ့ နိုင်ငံတကာဆေးရုံကြီးများနှင့် ကျန်းမာရေးဆိုင်ရာစောင့်ရှောက်မှုပြပွဲကြီးမှာ ဂရန်း(ဒ်)ဟံသာ အင်တာနေရှင်နယ်ဆေးရုံကြီးကလည်း Sponsor အနေနဲ့ပါဝင်ဆင်နွှဲခဲ့ပါတယ်။ ကျပ် ၅သိန်း ၆ သိန်းတန်တဲ့ ကျန်းမာရေးစစ်ဆေးမှု packages တွေ ၊ အခမဲ့ ရင်သားဓာတ်မှန် အရိုးသိပ်သည်းဆတိုင်းတာစစ်ဆေးမှုတွေ ၊ ဆီးချို သွေးချိုနှင့် ဟော်မုန်းရောဂါ အထူးကုသမားတော်ကြီး ပါမောက္ခ သန်းသန်းအေးကိုယ်တိုင်ရေးသားတဲ့ ကျန်းမာရေးဆိုင်ရာ စာအုပ်လေးတွေ၊ Grand Hantha Logo နဲ့ leather power bank လှလှလေးတွေ၊ သွားလေရာ သယ်သွားလို့ရတဲ့ အိတ်လေးတွေ၊ ရေဘူး၊ ထီး၊ phone ring ၊ဘောပင် စတဲ့ ဆုမဲ အမျိုးပေါင်း များစွာကို ဗလာမပါ မဲဖောက်ပေးခဲပါတယ်။







Centers & Clinics
Specialties
24 hour services