၂၀၁၉ ဖေဖော်ဝါရီလ (၄) ရက်နေ့ တွင် ကျရောက်သော ကမ္ဘာကင်ဆာရောဂါနေ့ အထိမ်းအမှတ်အဖြစ် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နဲ့အတူ ရွှေရောင်နှင်းဆီကင်ဆာဖောင်ဒေးရှင်းမှ ဦးဆောင်ကာ ကင်ဆာရောဂါနှင့်ဆိုင်သော ပညာပေးဟောပြောပွဲများ၊ အသိပညာမြှင့်တင်ရေး လှုပ်ရှားဆောင်ရွက်မှုများကို နေရာအနှံ့ ကျင်းပပြုလုပ်သည်ဖြစ်ရာ Grand Hantha International Hospital ကြီးမှလည်း တက်ကြွစွာ ပူးပေါင်းပါဝင်ဆင်နွှဲခဲ့ပါသည်။ Grand Hantha International Hospital ကြီးမှ ‘ကာကွယ်ခြင်းသည် ကုသခြင်းထက်ကောင်း၏’ ဆိုသည့်အတိုင်း ကင်ဆာရောဂါလက္ခဏာများကို စောလျှင်စွာ သိရှိနိုင်စေရန်အတွက် ရင်သားကင်ဆာ စမ်းသပ်စစ်ဆေးနည်းလမ်များ သင်ကြားပေးခြင်း ဆီးချိုသွေးချိုရောဂါရှိမရှိ စစ်ဆေးပေးခြင်း သွေးတိုးရောဂါရှိ မရှိစစ်ဆေးပေးခြင်း ခံတွင်းကင်ဆာ စစ်ဆေးပေးခြင်း ခန္ဓာကိုယ်ရှိ အဆီနှင့် အဝလွန်ခြင်း ရှိမရှိ BMI စစ်ဆေးတွက်ချက်ပေးခြင်း ဆရာဝန်မှ ကင်ဆာရောဂါဆိုင်ရာ ဆွေနွေးပေးခြင်းများ လက်ကမ်းစာဆောင်များဝေခြင်းများကို Grand Hantha International Hospital ဆေးရုံ ပြင်ပလူနာဌာနတွင် ယနေ့ မနက် ၁၀ နာရီမှ ၁၂ နာရီအထိ အခမဲ့ စမ်းသပ်စစ်ဆေးပေးခဲ့သည့်အပြင် အထူးအစီအစဉ်အဖြစ် ရွှေရောင်နှင်းဆီကင်ဆာဖောင်ဒေးရှင်းမှ ဦးဆောင်ကာ ကင်ဆာရောဂါလက္ခဏာများနှင့် ကုသကာကွယ်ခြင်းခေါင်းစဉ်ဖြင့် ပညာပေးဟောပြောပွဲကိုလည်း ကျင်းပခဲ့ပါသည်။ ကင်ဆာရောဂါကြိုတင်ကာကွယ်ခြင်းနှင့် စောလျှင်စွာသိရှိနိုင်ရေးအတွက် ပြည့်ပြည့်စုံစုံ ဟောပြောပေးပါသော ရွှေရောင်နှင်းဆီကင်ဆာဖောင်ဒေးရှင်း အတွင်းရေးမှုး ဒေါက်တာမိုးအောင်ကျော်နိုင်အား Grand Hantha International Hospitalမှကျေးဇူးအထူးတင်ရှိပါကြောင်းမှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။



Centers & Clinics
Specialties
24 hour services