March 8, 2023

ကလေးတွေကို ဘယ်အချိန်ကစပြီး သွားညှိကုသပေးတဲ့ ဆရာဝန်နဲ့စစ်ဆေးသင့်လဲ?????

  • American Association of Orthodontics ကအကြံပြုထားတာတော့ အသက် 7နှစ်လောက်ကစလို့ သွားညှိကုဆရာဝန်နဲ့ စစ်ဆေးတာ/ကုသတာ ခံယူဖို့ အကြံပြုထားပါတယ်။

ဘာအတွက် စောစော စစ်ဆေးသင့်သလဲဆိုတာ ရှင်းပြပေးပါမယ်ဗျ....

အသက် ၁၀~၁၄ နှစ်ကစလို့ လွယ်လွယ်ပြောရရင်တော့ ကြီးသွားလေးတွေစုံစုံလင်လင်ပေါက်ပြီဆိုတာနဲ့ braces လေးတွေနဲ့ သွားညှိကုသမှုခံယူနိုင်ပါပြီ

ဒါဆို ကြီးသွားတွေပေါက်မှ braces လေးတွေ တပ်ပြီး သွားညှိရမှာကို သွားညှိဆရာဝန်ဆီစောစောသွားပြီးစစ်ဆေးဖို့ ကုသမူခံယူဖို့ လိုအပ်လို့လား?

လိုအပ်ပါတယ်..... စောစော စစ်ဆေးမှု ခံယူခြင်းအားဖြင့် သွားညှိကုဆရာဝန်က မေးရိုးအနေအထားနဲ့ ကလေး သွားပေါက်တဲ့အနေအထားကိုကြည့်ပီး ဖြစ်လာမယ့်အခြေအနေတွေ ပြသနာတွေကို စောစောသိရှိနိုင်မယ် လိုအပ်တဲ့ ကြိုတင်ကုသမှုတွေကိုလဲ လုပ်ဆောင်ပေးနိုင်မှာဖြစ်ပါတယ်။

ဥပမာ - ငယ်သွားကနေ ကြီးသွားလဲတဲ့အချိန်မှာ ငယ်သွားတွေ သူ့အချိန်နဲ့သူကျိုးအောင် ကြီးသွားတွေနေရာမှန်မှာပေါက်နိုင်အောင် လုပ်ဆောင်ပေးတာတွေ ၊ သွားထပ်တာနည်းအောင် မေးရိုးချဲ့ကားပေးတာတွေ ၊ အပေါ်နှင့်အောက် မေးရိုးကြီးထွားမှုကို ထိန်းညှိပေးတာတွေစတဲ့ လိုအပ်မယ့်ကုသမူတွေကိုလုပ်ဆောင်ပေးပါလိမ့်မယ်

ဒီလို့ ကုသမူစောစောခံယူခြင်းအားဖြင့် ကြီးသွားပေါက်လာတဲ့အခါ သွားထပ်တာနည်းသွားစေတယ်၊ braces နဲ့သွားညှိကုသမှုခံယူတဲ့အခါမှာလည်း လူကြီးသွားကို ထပ်နှုတ်ရန်လိုအပ်ချက်လဲနည်းသွားစေနိုင်ပါတယ်။ အပေါ်အောက်မေးရိုးကြီးထွားမှုကို ပုံမှန်ဖြစ်အောင်ထိန်းမတ်ပေးတဲ့အတွက်လဲ မျက်နှာအသွင်ပြင်ကို ပိုမိုကြည့်ကောင်းစေပါတယ် ဗျ။

ဆက်သွယ် စုံစမ်းမေးမြန်းလိုပါက Hantha Dental Center (hot line Ph : 09-777143932 ) သို့ မနက် ၈ နာရီမှ ည (၇) နာရီထိ နေ့စဉ် ပိတ်ရက်မရှိ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ်

Dr. Lin Tun Oo
B.D.S (Mdy), Ph.D (Orthodontics) (TMDU, Tokyo, Japan)
Cert; In Essential Expertise For Clinical Dentistry (TMDU, Tokyo, Japan)
သွားညှိအထူးကုပါရဂူ