တစ်လောကလုံး သင့်ကို နားလည်မပေးရင်တောင် စိတ်ကျန်းမာရေး ဆရာဝန်တွေကတော့ နွေးထွေးစွာ နားလည်ပေးမှာပါ
ညည ဘယ်လိုအိပ်အိပ် အိပ်လို့မရတာ
အိမ်မက်ဆိုးတွေ ဆက်တိုက် မက်နေတာ
အရက်/မူးယစ်ဆေး အလွန်အကျွံ စွဲလန်း လွန်းတာ
ဖြတ်ထားပြီးနောက် စိတ်မတည်ငြိမ်တာ၊
ကစဥ့်ကလျား ဖြစ်နေတာက အစ ………………
စိတ်ဓာတ်ကျတာ၊ စိတ်ကြွတာ၊ စိတ်အတက်အကျ မြန်တာ
အမြင်အာရုံ၊ အကြားအာရုံ ထင်ယောင်ထင်မှားဖြစ်တာ
မိမိကိုယ်ကို မထိန်းနိုင်လောက်အောင် ဒေါသအရမ်းကြီးပြီး အနီးနားကလူတွေကို ထိခိုက်ဒဏ်ရာရအောင် လုပ်မိတာ
ကိုယ်တောင် သတိမထားမိလိုက်တဲ့ အချိန်မှာပဲ အကြမ်းဖက်မှုတွေ တစ်ခုပြီးတစ်ခု ကျူးလွန်မိပြီး ဖြစ်နေတာ
စိတ်ဒဏ်ရာ တစ်ခုခုကြောင့် အမြဲတစေ ကြောက်ရွံ့ပြီး စိုးရိမ်ပူပန်လွန်းတာ
စီးပွားရေး၊လူမှုရေး၊ ငွေရေးကြေးရေး၊ မိသားစုရေး စတဲ့ အဖက်ဖက်က ဖိအားအရမ်းများပြီး ဘာကိုမှ အာရုံမစူးစိုက်နိုင်တော့ဘဲ မိမိ နေ့ဓဒူဝ လုပ်ငန်းဆောင်တာများ မလုပ်နိုင်တော့တာ
မြင်မြင်သမျှဟာ မှောင်မိုက်နေပြီး အတွေးပေါင်းစုံနဲ့ ကိုယ့် အသက်အန္တရာယ်ကို ထိခိုက်အောင် လုပ်မိတာ အဆုံး…………………..
ဒါတွေအားလုံးဟာ စိတ်ဝေဒနာတွေပါပဲ။
ခန္ဓာကိုယ်ကျန်းမာဖို့ အားရှိတဲ့အစားအစာတွေ၊ အားဆေးတွေ လိုအပ်သလိုမျိုး စိတ်ကျန်းမာရေးမှာလည်း စိတ်ခွန်အားတွေ ဖြည့်ဖို့ လိုအပ်ပါတယ်။ အခုဖြည့်လိုက်လို့ ခုပြည့်သွားတာမျိုး မဟုတ်ပါဘူး
စိတ်တည်ငြိမ်ဆေးများ နှင့် အတူ
ပုံမှန် အိပ်ပျော်၊ စားဝင်အောင် သင့်အမူအကျင့်တွေကို ထိန်းချုပ်ထားမယ်
- မကောင်းတဲ့ အတွေးပေါင်းစုံ မတွေးအောင် ထားမယ်
- ငါတွေ့နေတာတွေက အမှန်မဟုတ်ဘူး၊ ငါကြားနေတာတွေက တကယ်မရှိဘူး ဆိုတဲ့ အသိစိတ်လေး ကပ်နေတဲ့ထိ ကိုယ့်စိတ်ကို တည်ငြိမ်နေအောင် ထားမယ်
- မိမိကိုယ်ကို ယုံကြည်မှုရှိလာအောင်၊ အားကိုးနိုင်လာအောင် ပံ့ပိုးပေးမယ်
- စသဖြင့် နေ့စဥ် နေ့တိုင်း အနီးကပ် စိတ်ဓာတ် ခွန်အားတွေ ဖြည့်ပေးနေမှသာ တစ်နေ့ထက် တစ်နေ့ ဖြည်းဖြည်းခြင်း အခြေအနေဟာ တိုးတက်ပြောင်းလဲလာတာမျိုး ဖြစ်ပါတယ်
မိမိ စိတ်အခြေအနေ ပုံမှန်မဟုတ်ဘူးလို့ ခံစားလာရတဲ့အချိန် ဒါကို ဖော်ထုတ်ပြဖို့ ဝန်လေးပြီး တစ်ယောက်တည်း မနေပါနဲ့ ။ ကြိတ်မခံစားပါနဲ့
မိမိကို နားလည်အပေးနိုင်ဆုံး သူ (သို့) အချစ်ဆုံး သူငယ်ချင်း နှင့် တိုင်ပင်ဆွေးနွေးပါ၊ စကားပြောကြည့်ပါ၊ စိတ်ဓာတ်ခွန်အား ရယူပြီး အာရုံလွှဲပစ်ပါ။ စားသောက် နေထိုင်မှုပုံစံ ပြောင်းလဲနေထိုင်ကြည့်ပါ။ အတွေးအခေါ်တွေ ပြောင်းလဲပစ်ပါ
သို့ပေမယ့် စိတ်အခြေအနေ မပြေလျော့သွားပါက စိတ်ကျန်းမာရေး ဆရာဝန်ကြီး နှင့် ကုသမှု ခံယူဖို့ ပြင်ဆင်ပါ
စိတ်ကျန်းမာရေး နဲ့ ကိုယ်ကျန်းမာရေးဟာ ဒွန်တွဲနေတာ ဖြစ်လို့ မကုသဘဲ နေရင် ကိုယ်ကျန်းမာရေး ချို့ယွင်းမှုပါ လိုက်ပါလာပါလိမ့်မယ်။ စိတ်ဒဏ်ရာ သေးသေးလေးကနေ စိတ်ဒဏ်ရာ အကြီးကြီး ဖြစ်လာပါလိမ့်မယ်
တစ်လောကလုံး သင့်ကို နားလည်မပေးရင်တောင် စိတ်ကျန်းမာရေး ဆရာဝန်တွေကတော့ နွေးထွေးစွာ နားလည်ပေးမှာပါ
အခက်အခဲတွေကို ရင်ဖွင့်ပါ၊ တိုင်ပင်ဆွေးနွေးကြည့်ပါ၊ အကြံဥာဏ်တွေ ရယူပါ၊ စိတ်ကျန်းမာရေးဆရာဝန်ကြီးများ နှင့် အတူ စိတ်ခွန်အားများ အားဖြည့်ပြီး စနစ်တကျ ကုသမှု ခံယူလိုက်ပါ
Grand Hantha International Hospital ကြီး တွင် စိတ်ကျန်းမာရေး အထူးကု ဆရာဝန်ကြီးများ နှင့် လူကိုယ်တိုင် လာပြစရာမလိုဘဲ online မှ တစ်ဆင့် Teleconsultation ဖြင့် တိုက်ရိုက် ဆွေးနွေးပြသ လို့ ရသလို ဆေးရုံသို့ ကိုယ်တိုင် လာရောက်ပြီးလည်း ဆွေးနွေးပြသလို့ ရပါတယ်။
Centers & Clinics
Specialties
24 hour services