သွားပိုးစားခြင်းကြောင့်ဖြစ်စေ ထိခိုက်ဒဏ်ရာ ရ၍ဖြစ်စေ အကြောင်းအမျိုးမျိုးကြောင့် ဆုံးရှံးသွားသော သွားနေရာတွင် ပြန်လည်အစားထိုးနိုင်သည့် ကုသနည်းများမှာ
သွားအသေစိုက်၍ အစားထိုးကုသခြင်း (Crown & Bridge)
ဆုံးရှုံးသွားသော သွား၏ ဘေးပတ်လည်မှ မူလသဘာဝသွားများကို သေးအောင် ပြုလုပ်ပြီး ထောက်တိုင် အဖြစ် အသုံးပြုကာ သွားအစားထိုး၍ ကုသခြင်း
သွားအရှင်ဖြင့် အစားထိုးကုသခြင်း (သို့) အံကပ်ပြုလုပ်ခြင်း (Denture)
ဘေးပတ်လည်မှ သွားများကို သေးအောင် ပြုလုပ်စရာမလိုပဲ ဝန်အားမျှစေရန်အတွက်သာ ချိတ်တွဲ၍လည်းကောင်း၊ လေဖိအားများစေရန်အတွက် သွားဖုံးသားများနှင့် အာခေါင်ထိ ဧရိယာကျယ်အောင်ပြုလုပ်ခြင်းဖြင့် လည်းကောင်း မိမိကိုယ်တိုင် အလွယ်တကူ ဖြုတ်တပ် ပြုလုပ်နိုင်သည့်အပြင် သွားအရေအတွက် များများအစားထိုး၍ ကုသနိုင်ခြင်
သွားဖုံးရိုးအတွင်း သွားအမြစ်တု စိုက်၍ အစားထိုးကုသခြင်း (Dental Implant)
ဘေးပတ်လည်မှ သွားများကို သေးအောင်စားစရာမလို၊သွားဖုံးရိုး နိမ့်ဆင်းသွားခြင်း မရှိ၊အံကပ်များကဲ့သို့ ဖြုတ်တပ် ပြုလုပ်စရာ မလိုသည့်အပြင် သဘာဝသွားကဲ့သို့ ကိုယ်ပိုင်အမြစ်တုနှင့် ဖြစ်သည့်အတွက် ဝန်အား ပိုခံနိုင်သော သွားမြစ်တုဖြင့် အစားထိုးကုသခြင်း တို့ပဲ ဖြစ်ပါတယ်။
Grand Hantha Dental Center
2nd Floor, Grand Hantha International Hospital
Opening hour : 8am to 7pm
Hotline : 09777143932 , 01 523 000 (Extension: 2120)
Centers & Clinics
Specialties
24 hour services