ဆောင်းရာသီရဲ့ အအေးဓါတ်ကို အသိသာဆုံး ခံစားရတဲ့ ဒီဇင်ဘာလကို ရောက်လာခဲ့ပြီနော်….
ဆောင်းတွင်းမှာ အအေးဓါတ်ကြောင့် မျက်စိခြောက်တာ၊ မျက်စိစပ်တာ ယားတာတွေ ပိုမို ဖြစ်တတ်ပါတယ်။ ဒီလို မဖြစ်ရအောင် ကြိုတင်ကာကွယ်ဖို့ လိုက်နာလုပ်ဆောင်သင့်တဲ့ အချက် ၃ ချက်ကို ဖော်ပြပေးလိုက်ပါတယ်…
မျက်စိ အစိုဓါတ် ထိန်းသိမ်းခြင်း
-------------------------------------------
ရာသီဥတု အေးအေးနဲ့ BBQ ကင်စားရင်းပဲဖြစ်ဖြစ်၊ Hot Pot အိုး ပူပူဘေးနာမှာပဲဖြစ်ဖြစ် နီးနီးကပ်ကပ် ကြာကြာနေတာဟာ မျက်စိခြောက်ခြင်း (Dry Eye) ကို ပိုမို ဖြစ်စေပါတယ်။ မီးပုံပွဲလိုပွဲမျိုးတွေမှာ အပူမဟပ်နိုင်မယ့်နေရာ/ မီးဖိုနဲ့ ဝေးတဲ့နေရာတွေကို ရွေးချယ်သင့်ပါတယ်။ ဒါမှမဟုတ် လိုအပ်ရင် မျက်လုံး အစိုဓါတ် ထိန်းသိမ်းရန်အတွက် မျက်ရည်တု မျက်စဥ်းကို ခပ်ပေးပါ။
နေကာမျက်မှန်တပ်ပါ
------------------------------
ရာသီဥတုအေးနေပေမယ့် နေရောင်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည် (UV Rays) တွေက သင့်မျက်လုံးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်တဲ့ UV block ပါဝင်တဲ့ နေကာမျက်မှန်ကို အပြင်ထွက်တိုင်း တပ်ဆင်ပေးသင့်ပါတယ်…
မကြာခဏ မျက်တောင်ခပ်ပါ
----------------------------------------
ဖုန်းနဲ့ကွန်ပျူတာအား အချိန်ကြာမြင့်စွာ ကြည့်ပြီးရင် မျက်စိညောင်းညာတာ၊ မျက်စိခြောက်သွေ့တာတွေ ပိုမိုဖြစ်တတ်ပါတယ်။ မျက်တောင်မကြာခဏခတ်ပေးခြင်းဖြင့် မျက်ရည်မှတစ်ဆင့် မျက်လုံးအတွက်လိုအပ်သော အစိုဓါတ်ကို ပြန်လည် ရရှိစေပြီး ပိုးမွှားနှင့် ဖုန်မှုန့်များမှ ကာကွယ်ပေးပါတယ်။
အသေးစိတ် စုံစမ်းမေးမြန်းလိုပါက
ဓာတ်ရောင်ခြည် ဌာန 012317617, 01523000, 01523111 (Extension No: 8815) သို့ တိုက်ရိုက် ဆက်သွယ် စုံစမ်းနိုင်ပါသည်။
Grand Hantha Radiation Oncology Suite
Opening Hour- Mon to Fri ( 6am to 6pm )