နည်းစနစ် မှန်စွာ သွားတိုက်ပေးခြင်းဖြင့် သွားပိုးစားခြင်း အပါအဝင် အခြားသော သွားနှင့်ခံတွင်းရောဂါများကိုပါ ကင်းဝေးစေမှာ အသေအချာပါပဲ
နည်းစနစ်မှန်ကန်တဲ့ သွားတိုက်နည်းတွေကတော့ -
- ဖလိုရိုဒ် (𝐅𝐥𝐮𝐨𝐫𝐢𝐝𝐞) ပါသော သွားတိုက်ဆေးနှင့် နူးညံ့သော အမျှင်များပါသည့် သွားပွတ်တံကို ရွေးချယ်အသုံးပြုပါ။
- သွားပွတ်တံအား သွားဖုံးနှင့်သွား ထိစပ်သည့်နေရာမှ သွားပေါက်သည့် လားရာအတိုင်း (၄၅)ဒီဂရီခန့် စောင်းပါ။
- သွားပွတ်တံကို အနည်းငယ်ဖိ၍ စက်ဝိုင်းပုံ တိုက်ပေးပါ။
- သွားပွတ်တံကို အပေါ်အောက် တံမြက်စည်းလှဲသကဲ့သို့ ဖြည်းညင်းစွာ တိုက်ပါ။
- အပေါ်သွားများတွင် သွားနှင့် သွားဖုံးထိသည့်နေရာမှ
- အောက်သို့ ဆွဲချပါ။
- အောက်သွားများတွင် သွားနှင့် သွားဖုံးထိသည့်နေရာမှ အပေါ်သို့ ဆွဲတင်ပါ။
- သွားများ၏အပြင်ဘက် မျက်နှာပြင် (နှုတ်ခမ်းနှင့် ပါးစောင်ဘက်) ၊ အတွင်းဘက် မျက်နှာပြင် ( အာခေါင်နှင့် လျှာဘက်) များအပြင် အစာစားသည့် ဝါးသည့် မျက်နှာပြင်များအားလုံးကို စုံနေအောင် တိုက်ပါ။
- မျက်နှာပြင်တစ်ဘက်လျှင် အနည်းဆုံး (၅) ကြိမ် မှ (၇) ကြိမ် ထိ တိုက်ပါ။
- မျက်နှာပြင်အားလုံးတိုက်ရန် ကြာမြင့်သည့် အချိန်သည် (၂-၃)မိနစ်ခန့် ကြာနိုင်ပါသည်။
- သွားမျက်နှာပြင်အားလုံး တိုက်ပြီးပါက လျှာကိုပါ သွားပွတ်တံနှင့် တိုက်ပါ။
နေ့စဉ် နံနက်စားစားပြီး တစ်ကြိမ် နှင့် ညအိပ်ရာမဝင်မီ တစ်ကြိမ် တစ်နေ့လျှင် အနည်းဆုံး (၂)ကြိမ် သွားတိုက်ပါ။
သွားနှစ်ချောင်းကြားတွင် အစာများဝင်ပြီး ဖယ်ရှားရခက်နေပါက သွားပွတ်ကြိုး 𝐃𝐞𝐧𝐭𝐚𝐥 𝐅𝐥𝐨𝐬𝐬 ဖြင့် လည်းကောင်း၊ 𝐖𝐚𝐭𝐞𝐫 𝐅𝐥𝐨𝐬𝐬 ကို အသုံးပြု၍လည်းကောင်း အသုံးပြု၍ သန့်ရှင်းပေးနိုင်ပါတယ်။
သွားပွတ်တံကိုလည်း အနည်းဆုံး (၃) လတစ်ခါ (သို့) သွားပွတ်တံရှိ အမျှင်များ ဖွာသွားသည့် အခါတိုင်း အသစ်လဲ၍ အသုံးပြုပေးပါ။
𝐆𝐫𝐚𝐧𝐝 𝐇𝐚𝐧𝐭𝐡𝐚 𝐃𝐞𝐧𝐭𝐚𝐥 𝐂𝐞𝐧𝐭𝐞𝐫
𝟐𝐧𝐝 𝐅𝐥𝐨𝐨𝐫, 𝐆𝐇𝐈𝐇
𝐎𝐩𝐞𝐧𝐢𝐧𝐠 𝐡𝐨𝐮𝐫 : 𝟖𝐚𝐦 𝐭𝐨 𝟕𝐩𝐦
𝐃𝐞𝐧𝐭𝐚𝐥 𝐇𝐨𝐭𝐥𝐢𝐧𝐞 : 𝟎𝟗𝟕𝟕𝟕𝟏𝟒𝟑𝟗𝟑𝟐 ,
𝟎𝟏 𝟐𝟑𝟏 𝟕𝟔𝟎𝟎 , 𝟎𝟏 𝟕𝟓𝟐 𝟑𝟎𝟎𝟎 (𝐄𝐱𝐭𝐞𝐧𝐬𝐢𝐨𝐧: 𝟐𝟏𝟐𝟎)
"𝐆𝐫𝐞𝐞𝐧. 𝐆𝐫𝐚𝐧𝐝. 𝐂𝐚𝐫𝐞 𝐅𝐨𝐫 𝐓𝐡𝐞 𝐏𝐞𝐨𝐩𝐥𝐞"
𝐆𝐫𝐚𝐧𝐝 𝐇𝐚𝐧𝐭𝐡𝐚 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥
နာနတ်တောလမ်း နှင့် ကြည့်မြင့်တိုင် ကမ်းနားလမ်းထောင့်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
#grandhantha#grandhanthainternationalhospital#yangonMyanmar#hanthadentalcenter#DentalCare#dentalclinic#toothbrushingmethods
Centers & Clinics
Specialties
24 hour services