အသည်းအဆီဖုံးခြင်းဆိုတာကတော့ အသည်းအတွင်း သဘာဝအတိုင်းထက် များလွန်းတဲ့အဆီတွေ စုနေခြင်း ပဲ ဖြစ်ပါတယ်။
စိုးရိမ်စရာကောင်းတဲ့ ရောဂါတစ်ခုတော့မဟုတ်ပေမယ့် မကုသပဲ ပစ်ထားရင်တော့ အချိန်ကြာလာတဲ့အခါ အသည်းခြောက်ခြင်း၊ ရေဖျဉ်းရောဂါဖြစ်ခြင်း နှင့် တချို့သူများတွင် အသည်းကင်ဆာအဆင့်ထိ ကူးပြောင်းတတ်ပါတယ်။
အသည်းအဆီဖုံးခြင်းမှာ -
- အရက်သုံးစွဲမှုကြောင့် ဖြစ်လာသော 𝐀𝐥𝐜𝐨𝐡𝐨𝐥𝐢𝐜 𝐅𝐚𝐭𝐭𝐲 𝐋𝐢𝐯𝐞𝐫 𝐃𝐢𝐬𝐞𝐚𝐬𝐞 (𝐀𝐅𝐋𝐃) နှင့်
- အရက်မသောက်ပဲ ကိုယ်အလေးချိန်မထိန်းနိုင်ခြင်း၊ သွေးတွင်းအဆီဓာတ်များလွန်းခြင်း၊ ဆီးချိုရောဂါ နှင့် အခြားသော ကိုယ်လက်လှုပ်ရှားမှု အားနည်းတာတွေနဲ့ ပတ်သက်တာတွေကြောင့် ဖြစ်သော 𝐍𝐨𝐧-𝐀𝐥𝐜𝐨𝐡𝐨𝐥𝐢𝐜 𝐅𝐚𝐭𝐭𝐲 𝐋𝐢𝐯𝐞𝐫 𝐃𝐢𝐬𝐞𝐚𝐬𝐞 (𝐍𝐀𝐅𝐋𝐃) ဆိုပြီး နှစ်မျိုးရှိပါတယ်။
- 𝐅𝐚𝐭𝐭𝐲 𝐋𝐢𝐯𝐞𝐫 ဖြစ်နေတယ်ဆိုတာ အများအားဖြင့် ရောဂါလက္ခဏာ ထင်ထင်ရှားရှား မရှိပါဘူး။ နုံးပြီး ပင်ပန်းနွမ်းနယ်လွယ်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ ဝမ်းဗိုက် ညာဘက်အောက် ထောက်ပြီးနာခြင်း တို့လောက်ပဲ အဖြစ်များပါတယ်။
- အသည်းအဆီဖုံးခြင်း ရှိမရှိက သွေးတွင်းအသည်းဓာတ်စစ်ဆေးမှုများအပြင် ဝမ်းဗိုက် အာထရာဆောင်း ရိုက်ကူးစစ်ဆေးခြင်း ( 𝐔𝐥𝐭𝐫𝐚𝐬𝐨𝐮𝐧𝐝 𝐀𝐛𝐝𝐨𝐦𝐞𝐧 ) နှင့်
- အသည်းအဆီဖုံးခြင်းနှင့် အသည်းခြောက်ခြင်းပမာဏအား တိကျစွာ စစ်ဆေးသိရှိနိုင်တဲ့ ( 𝐋𝐢𝐯𝐞𝐫 𝐅𝐢𝐛𝐫𝐨𝐬𝐜𝐚𝐧 ) ရိုက်ကူးစစ်ဆေးကြည့်တာ အကောင်းဆုံးပါပဲ။
သွေးတွင်း အဆီဓာတ်များသူများ၊ ဆီးချိုရောဂါရှိသူများ၊ အရက်သောက်သူများ၊ ကိုယ်လက်လှုပ်ရှားနည်းသူများ၊ ကဆီဓာတ်၊ အချိုဓာတ်အစားများသူများ၊ အဝလွန်သူများသည် အသည်းအဆီဖုံးခြင်း ရှိတတ်သောကြောင့် အဓိကထား စစ်ဆေးကြည့်သင့်ပါတယ်။
စောစီးစွာ စစ်ဆေးထားခြင်းဖြင့် နောက်ဆက်တွဲရောဂါတွေဖြစ်တဲ့ အသည်းခြောက်ခြင်း( 𝐋𝐢𝐯𝐞𝐫 𝐅𝐢𝐛𝐫𝐨𝐬𝐢𝐬 & 𝐂𝐢𝐫𝐫𝐡𝐨𝐬𝐢𝐬 ), အသည်းရောင်ခြင်း ( 𝐇𝐞𝐩𝐚𝐭𝐢𝐭𝐢𝐬 ), နှင့် အသည်းကင်ဆာ ( 𝐋𝐢𝐯𝐞𝐫 𝐂𝐚𝐧𝐜𝐞𝐫 ) တို့ကို မဖြစ်လာအောင် ကြိုတင် ကာကွယ်ကုသထားနိုင်ပါတယ်။
ဂရန်း(ဒ်)ဟံသာဆေးရုံကြီးမှာ 𝐋𝐢𝐯𝐞𝐫 𝐅𝐢𝐛𝐫𝐨𝐬𝐜𝐚𝐧 (အသည်းအဆီဖုံးခြင်း နှင့် အသည်းခြောက်ခြင်း ပမာဏ စစ်ဆေးခြင်း) နှင့် ဝမ်းဗိုက် အာထရာဆောင်း ရိုက်ကူးစစ်ဆေးခြင်း ( 𝐔𝐥𝐭𝐫𝐚𝐬𝐨𝐮𝐧𝐝 𝐀𝐛𝐝𝐨𝐦𝐞𝐧 ) တို့ကို နေ့စဉ်ပိတ်ရက်မရှိ လာရောက်စစ်ဆေးနိုင်ပါပြီ။
𝐅𝐢𝐛𝐫𝐨𝐬𝐜𝐚𝐧 𝐁𝐨𝐨𝐤𝐢𝐧𝐠 𝐇𝐨𝐭𝐥𝐢𝐧𝐞 : 𝟎𝟗 𝟒𝟐𝟑 𝟒𝟐𝟑 𝟒𝟎𝟔
" 𝐆𝐫𝐞𝐞𝐧. 𝐆𝐫𝐚𝐧𝐝. 𝐂𝐚𝐫𝐞 𝐅𝐨𝐫 𝐓𝐡𝐞 𝐏𝐞𝐨𝐩𝐥𝐞"
𝐆𝐫𝐚𝐧𝐝 𝐇𝐚𝐧𝐭𝐡𝐚 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥
နာနတ်တောလမ်း နှင့် ကြည့်မြင့်တိုင် ကမ်းနားလမ်းထောင့်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
𝟎𝟏 𝟐𝟑𝟏 𝟕𝟔𝟎𝟎 , 𝟎𝟏 𝟕𝟓𝟐 𝟑𝟎𝟎𝟎
Centers & Clinics
Specialties
24 hour services