နွေပူပူ နှင့် အပူရှပ်ခြင်း အန္တရာယ်
အခုလို ပူပြင်းလှသော နွေရာသီမှာ လူကြီး လူငယ် မရွေး အပူလျှပ်ခြင်းအန္တရာယ်ကို မပေါ့ဆသင့်ပါခင်ဗျာ အပူလျှပ်ခြင်းဆိုသည်မှာ လူကြီးမင်းတို့၏ ခန္ဓာကိုယ် အပူချိန်လွန်ကဲခြင်းမှ ဖြစ်ပေါ်လာသော ရောဂါဝေဒနာ တစ်မျိုးဖြစ်ပြီး အဓိကအားဖြင့် နေပူချိန်နှင့် ကြာမြင့်စွာထိတွေ့ခြင်း နှင့် မြင့်မားသော အပူချိန်တွင် ကိုယ်လက်လှုပ်ရှားမှု များစွာပြုလုပ်ခြင်းမှ ဖြစ်ပေါ်လာတတ်ပါသည်
အပူလျှပ်ခြင်းကြောင့်
- ခန္ဓာကိုယ် အပူချိန် (104’F ) ထိမြင့်မားလာခြင်း၊
- စိတ်အခြေနေ အပြောင်းလဲဖြစ်လာခြင်း (ဥပမာ- သတိလစ်ခြင်း၊ မေ့မျောခြင်း ၊ တုန်လှုပ်ခြောက်ခြားခြင်း၊ စိတ်ထိန်းချုပ်ရခက်ခြင်း)
- ခေါင်းထိုးကိုက်ခြင်း၊ ခေါင်းမူးခြင်း
- ပျို့အန်ခြင်း နှင့် ဗိုက်အောင့်ခြင်း
- ခန္ဓာကိုယ် အပူချိန်မြင့်မားပြီး အရေပြားများ နီမြန်းလာခြင်း
- အသက်ရှုမြန်လာခြင်း၊ နှလုံခုန်နှုန်းမြန်လာခြင်း
- ရုတ်တရက် ချွေးမထွက်တော့ဘဲ ခြေဖျားလက်ဖျားများ အေးစက်လာခြင်း အစရှိသည်တို့ဖြစ်လာနိုင်ပါတယ်
အပူရှပ်ခြင်း အန္တရာယ်အား ကာကွယ်နိုင်ရန် အတွက်
- လွတ်လပ်ပေါ့ပါးသော အရောင်နုနု အဝတ်အထည်များ ဝတ်ဆင်ပေးခြင်း
- အပြင်ထွက်တိုင်း နေလောင်ဒဏ်ကို ကာကွယ်ခြင်း ( ဥပမာ- SPF 15 နှင့် အထက်ရှိသော နေရောင်ကာခရင်(မ်) အသုံးပြုခြင်း၊ ထီးဆောင်းခြင်း )
- အရည်ဓာတ်များများ ဖြည့်တင်းပေးခြင်း ( ဥပမာ - ရေ နှင့် အသီးဖျော်ရည်များ )
- နေ့တနေ့၏ အပူပြင်းဆုံး အချိန်များတွင် ပြင်းထန် ကိုယ်လက်လှုပ်ရှားမှုများ မပြုလုပ်ပဲ နားနားနေနေ နေခြင်း၊ အတတ်နိုင်ဆုံး နေပူထဲ နေခြင်းမှ ရှောင်ကြဉ်ခြင်း
- အေးသည့်နေရာမှ ရုတ်တရက် နေပူထဲထွက်လိုက် ခြင်းအား ရှောင်ကြဉ်ခြင်း၊
- လိုအပ်သော ဆေးဝါးများ အဆင်သင့် ဆောင်ထားခြင်း နှင့် အပူချိန်မြင့်မားလာကာ အထက်ပါ ဝေဒနာများခံစားလာရပြီး အပူလျှပ်သည်ဟု ယူဆပါက အပူချိန် လျော့ကျစေရန် အမြန်ဆုံး လူနာအား
- နေရိပ်ရှိပြီး ပန်ကာ၊ အဲယားကွန်း ရှိသော အေးသော အခန်းတစ်ခုထဲသို့ ရွေ့လိုက်ပါ။
- ခန္ဓာကိုယ်ရှိ အဝတ်အထည်များကို ဖယ်လိုက်ပါ။
- ရေစိုဝတ်ဖြင့် တစ်ကိုယ်လုံးအနှံ့ တိုက်ပေးပါ၊ ရေအေးအေး ဖြင့် တစ်ကိုယ်လုံး လောင်းချပေးပါ အစရှိသည့် သင့်တော်သော ရှေးဦး ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးပြီး နီးစပ်ရာ ဆေးရုံဆေးခန်းသို့ အမှီသွားနိုင်ဖို့ အရေးကြီးပါတယ်
အချိန်မီ ကာကွယ် ကုသမှုများ မပြုလုပ်နိုင်ခဲ့ပါက ခန္ဓာကိုယ်တွင်းရှိ ကိုယ်တွင်း အင်္ဂါများ ပြင်းထန်စွာ ထိခိုက်ပြီး နောက်ဆုံး အသက်ဆုံးရှုံး ရသည်အထိ ဖြစ်သွား တတ်သော သက်သေသာဓကများလည်း ရှေးဦးတွင် များစွာ ဖြစ်ပျက်ခဲ့ပြီး ဖြစ်ပါတယ်
နောက်ဆုံး အရေးအကြီးဆုံး အချက်တစ်ခု အနေနဲ့ ပူပြင်းသော နေပူချိန်အောက်တွင် ရပ်နားထားသော ကားထဲသို့ ကလေးငယ်လေးများ၊ သက်ရှိသတ္တဝါ တိ လေးများကို အချိန်ကြာမြင့်စွာ ထားခဲ့ခြင်းမှ လုံးဝ ရှောင်ကြဉ်ပါ
- ယခုလို အပူလျှပ်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော ဝေဒနာများ နှင့် ကာကွယ်ရန် လိုအပ်ချက်များကို ဖော်ပြပေးလိုက်ခြင်းဖြင့် လူကြီးမိဘများအားလုံး အပူလျှပ်ခြင်း အန္တရာယ်ကို သတိပြုမိပြီး ပူပြင်းလှသော နွေရာသီကို အန္တရာယ်ကင်းစွာ ကျော်ဖြတ်နိုင်ကြပါစေ ခင်ဗျာ
Ref Link - https://www.mayoclinic.org/.../symptoms-causes/syc-20353581 #grandhantha #heat_stroke_precautions
Centers & Clinics
Specialties
24 hour services