ဆီးချိုသမား အများစုဟာ လျှာပေါ် တင်လိုက်တာနဲ့ ချိုသော (သို့) အချို လွန်ကဲထားသော အစားအသောက်များကို ရှောင်ခြင်းအားဖြင့် မိမိ ဆီးချို အထိန်းကောင်းရန် လုံလောက်သည်ဟု ယူဆလေ့ရှိကြပါတယ်။
ဆီးချို အထိန်းကောင်းရန်အတွက် မိမိ နေ့စဉ်စားသောက်နေသော အစားအသောက်များတွင် လျှာပေါ်တင်လိုက်တာနဲ့ အချို အရသာမရှိသော်လည်း သွေးတွင်းအချိုဓာတ် တက်စေနိုင်သော အစားအစာများလည်း ရှိပါသေးတယ် ။
ထိုအစားအစာများကို စားလိုက်လျှင် ဆီးချို မတက်လောက်ပါဘူး လို့ မှားယွင်းယူဆပြီး ပမာဏအများအပြား စားသုံးမိသောအခါ သွေးတွင်း သကြားဓာတ်ကို အလွန်အမင်း မြင့်တက်စေပါတယ်။
မချိုသော်လည်း သတိထား စားသုံးရမည့် ဆီးချို တက်နိုင်သော အစားအစာမှာ ကစီဓာတ်များသာ ဖြစ်ပါတယ်။
ကစီဓာတ် ကြွယ်ဝသော အစားအစာများသည် စေးကပ်သော ကစီဓာတ် များခြင်းကြောင့် သဘာဝ အစားအစာ တစ်ခုဟာ ချိုသောအရသာ မရှိသော်လည်း စေးနေလျှင် ဆီးချိုပိုတက်နိုင်သည်ဟု ဆီးချိုလူနာများ အလွယ် သတိပြု မှတ်သား ထားနိုင်ပါတယ် ။
ကစီဓာတ် ပါဝင်သော အစားအစာများ ဖြစ်တဲ့ -
- ထမင်း/ဆန်
- ကောက်ညှင်း ၊ မြန်မာမုန့်အစုံ
- သာကူ
- ခေါက်ဆွဲ
- ဆန်ကြာဆံ၊ ပဲကြာဆံ
- မြူစွမ်
- မုန့်ဖတ်အမျိုးမျိုး
- ပေါင်မုန့်
- ပေါက်စီ
- နံပြား
- တိုရှည်
- ချာပါတီ
- ပူရီ
- အီကြာကွေး
- ပလာတာ
- သစ်ဥသစ်ဖုများ - အာလူး၊ကန်စွန်းဥ၊ပိန်းဥ၊အာတာလွတ်ဥ၊ပီလောပီနံဥ၊ပဲမြစ်
- ပြောင်းဂျူံ၊ပြောင်းကော်မှုန့်၊ သကြားပြောင်း
အထက် ဖော်ပြပါ အစားအစာများကို တစ်ပြိုင်နက်ထဲ တွဲဖက် စားသုံးမိသည့်အခါ (ဥပမာ - ထမင်းနှင့်အာလူးဟင်း၊ အာလူးထမင်းနယ်၊ ထမင်းနှင့်ပြောင်းဖူးကြော်၊ ပိန်းဥ ထမင်းပေါင်း၊ ကော်ရည် ခေါက်ဆွဲ၊ မုန့်ဟင်းခါး နှင့် ထမင်း၊ အီကြာကွေးနှင့် ရောစားခြင်း၊ သာကူ နှင့် ကန်စွန်းဥ ) စသဖြင့် တွဲဖက်စားသုံးလိုက်တဲ့ အခါမှာ စားပြီး ၂နာရီလောက် အကြာ သွေးတွင်း သကြားဓာတ် ဖောက်စစ်လျှင် ပုံမှန်ထက် ဆီးချို ပိုတက်နေနိုင်တာ ဖြစ်လို့ သတိပြု စားသုံးပေးကြပါနော်
ဒေါက်တာ မေဖူးဇွန် ( အာဟာရ ဆရာဝန် )
M.B.,B.S(YGN), M.Sc in Human Nutrition with Clinical Nutrition Specialization (Glasgow, UK)
ဂရန်း(ဒ်)ဟံသာဆေးရုံကြီးတွင် အာဟာရဆိုင်ရာ ကျန်းမာရေး ကိစ္စအဝဝတို့ကို နေ့စဉ် တိုင်ပင် ဆွေးနွေး ကုသ အကြံပေးလျက်ရှိပါတယ်။
Official Facebook Page - https://m.facebook.com/grandhantha/
Grand Hantha Website - www.grandhantha.com
Green. Grand. Care for The People
Grand Hantha International Hospital
နာနတ်တောလမ်း နှင့် ကြည့်မြင့်တိုင် ကမ်းနားလမ်းထောင့်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
01 231 7617, 01 523 000, 01 523 111