November 10, 2024

မြန်မာနိုင်ငံတွင် ပထမဦးဆုံးသော 𝐕𝐅𝐒𝐒 𝐏𝐫𝐨𝐜𝐞𝐝𝐮𝐫𝐞 ကို Grand Hantha International ဆေးရုံကြီးမှာ လာရောက် စစ်ဆေးနိုင်ပြီ

𝑽𝒊𝒅𝒆𝒐 𝑭𝒍𝒖𝒐𝒓𝒐𝒔𝒄𝒐𝒑𝒊𝒄 𝑺𝒘𝒂𝒍𝒍𝒐𝒘 𝑺𝒕𝒖𝒅𝒚 ဆိုတာ

အစာမျိုချချိန်တွင် ပါးစပ်မှတစ်ဆင့် လည်ချောင်း၊လေပြွန်၊ အစာရေမျိုပြွန် တစ်လျှောက် ပုံမှန်မဟုတ်တဲ့ ပြဿနာတွေ ဘာတွေ ရှိနေလဲဆိုတာကို အစာ စားနေစဥ်အတွင်း ဗီဒီယို ဓာတ်မှန်ရိုက်ကူးကာ ရောဂါရှာဖွေခြင်း ဖြစ်ပါတယ်။

  • အစာစားရတာ အခက်အခဲရှိပြီး အစာမြိုရခက်နေသူများ
  • အစာစား၊ရေသောက်တိုင်း ခဏခဏ သီးတတ်သော သူများ
  • လည် ချောင်း ၌ တစ် ဆို့ ဆို့ ဖြစ် နေသော သူများ
  • ချောင်းခဏခဏ ဆိုးပြီး အဆုတ်ရောင် ရောဂါ ရတတ်သူများ
  • လေဖြတ်လူနာ အစာစားရတာ အခက်အခဲရှိသော သူများ
  • နှာခေါင်းပိုက် နှင့် အစာ အာဟာရ မှီဝဲနေရသော သူများ
  • နှာခေါင်းပိုက် ဖြုတ်သင့် မဖြုတ်သင့် ဆုံးဖြတ်ရခက်နေသော လူနာများ အစရှိသည့် ရောဂါဝေဒနာ ခံစားနေရတဲ့ သူများ

စစ်ကြည့်သင့်သော စစ်ဆေးနည်း တစ်မျိုး ဖြစ်ပါတယ်

လူနာကို ထိုင်လျက် အနေအထားဖြင့် X ray စက်ရှေ့တွင် ထားပြီး Speech Therapist ဆရာမ မှ လူနာအား Barium ပါသော Meal (ရေ၊ပူတင်း၊ ငှက်ပျောသီး၊ ကွတ်ကီး) စတဲ့ မတူညီသော အစားအစာများ စားခိုင်းပါမည်။

ထိုသို့ စားနေစဥ်အတွင်း ပုံရိပ်ဖော်စက် Xray ဖြင့် အစာဝင်လာရာ လမ်းကြောင်းတစ်လျှောက် ပေါ်လာသောပုံရိပ်များကို တိကျပြတ်သားစွာ ပုံရိပ်ဖော် ဗီဒီယို ဓာတ်မှန် ရိုက်ကူးကာ ဖြစ်ပေါ်နေသော ရောဂါဝေဒနာများအတွက် အဖြေရှာဖွေ ပါမည်

အစာ မျိုချလိုက်တဲ့ချိန် တစ်ခဏသာ Xray စက်ကို အသုံးပြုတာဖြစ်လို့ ပြင်းထန် ဓာတ်ရောင်ခြည်သင့်မှု မရှိပါ၊ လုံးဝ နာကျင်မှု မရှိပါ

ထိုကဲ့သို့ရိုက်ကူးခြင်းအားဖြင့် -

ပါးစပ်၊လည်ချောင်း၊လေပြွန်၊အစာရေမျိုပြွန် တစ်လျှောက် မည်သည့်နေရာတွင် ပြဿနာရှိနေလဲ၊ မည်သည့် အစိတ်အပိုင်းက ကောင်းကောင်း အလုပ်မလုပ်သလဲ ဆိုတာ ရှင်းလင်းစွာ မြင်နိုင်ခြင်း။

အစာစားလိုက်ရင် အစာရေမျိုပြွန်ထဲမဝင်ဘဲ လေပြွန်ထဲဝင်သွားလို့များ ခဏခဏ သီးနေသလား. စတဲ့ အစာသီး ခြင်း၊ ရေသီးခြင်း၊ ချောင်း ဆိုး ခြင်း၏ အကြောင်း ရင်း ကို ရှာဖွေ ဖော်ထုတ် နိုင် ခြင်း ။

အစာစားရာတွင် ကောင်းကောင်းမွန်မွန် ပြန်လည် စားသောက်နိုင်ရန် ထိရောက်တဲ့ ကုထုံးများ ရှာဖွေသတ်မှတ်နိုင်ခြင်း။

စတဲ့ အကျိုးကျေးဇူးများစွာ ရရှိနိုင်ပါတယ်

စစ်ဆေးပြီးသွားလျှင် ဆရာမ မှ လူနာအား ပုံမှန်မဟုတ်တဲ့ တွေ့ရှိချက်များကို ဆွေးနွေးပေးခြင်း၊

အစားစားရာတွင် အခက်အခဲ မရှိစေရန် ဘယ်လို ကိုယ်နေဟန်ထားဖြင့် စားသုံးသင့်ကြောင်း ၊

ဘယ်လို အစားအသောက်မျိုး ရွေးချယ် စားသောက်ရန် သင့်တော်ကြောင်း ၊ လူနာ၏ အစာစားနိုင်သော အနေအထားများအား ဆွေးနွေးရှင်းပြပေးပြီး လိုအပ်သည့်များကို အသေးစိတ် မှာကြားပေးပါတယ်

စစ်ဆေးနေစဥ် တစ်လျှောက် ရိုက်ကူးထားသော Xray Video record ကိုလည်း လူနာအား တခါတည်းပေးလိုက်မှာ ဖြစ်ပါတယ်