ခိုင်ခန့်တယ်၊ ကြာရှည်ခံတယ်၊ မူလသွားအစစ်လိုပဲ ကောင်းမွန်စွာ စားနိုင်ဝါးနိုင်တယ်။
ဒါ့အပြင် သွားစိုက်ထားမှန်း မသိရလောက်အောင် သွားအစစ်နဲ့တူတာကိုပဲ လိုချင်တယ်ဆိုရင် 𝐃𝐞𝐧𝐭𝐚𝐥 𝐈𝐦𝐩𝐥𝐚𝐧𝐭 က အကောင်းဆုံးရွေးချယ်မှုပဲပေါ့
အကြောင်းအမျိုးမျိုးကြောင့် သွားတစ်ချောင်းနှုတ်လိုက်ရပြီဆိုရင် နှုတ်လိုက်တဲ့သွားရဲ့ သွားဖုံးရိုးဟာ အပေါက်လေးဖြစ်ပြီး ကျန်ခဲ့ပါတယ်။
သွားဆရာဝန်ရဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာမယ်ဆိုရင် သွားနှုတ်ထားတဲ့ သွားဖုံးရိုးအပေါက်လေးမှာ ရှိတဲ့သွေးခဲလေးကနေတဆင့် မိမိခန္ဓာကိုယ်ရဲ့ အနာကျက်စေတဲ့ ဓါတ်တွေကြောင့် သွားဖုံးသားက (၁၀)ရက်အတွင်း ပြန်ပြည့်လာပါတယ်။
(၄)လကြာတဲ့ အခါမှာတော့ သွားဖုံးသားရဲ့ အောက် နှုတ်လိုက်တဲ့သွားရဲ့နေရာမှာ သွားဖုံးရိုးတွေ ပြန်ပြည့်လာပါတော့တယ်။
အဲဒီအချိန်ဟာ သွားမြစ်တုအစားထိုးကုသမှု 𝐃𝐞𝐧𝐭𝐚𝐥 𝐈𝐦𝐩𝐥𝐚𝐧𝐭 𝐓𝐫𝐞𝐚𝐭𝐦𝐞𝐧𝐭 ခံယူဖို့ အကောင်းဆုံးအချိန်ပဲ ဖြစ်ပါတယ်။
တကယ်လို့ သွားပြန်မစိုက်ဖြစ်ပဲ ဒီအတိုင်းထားရင်တော့ သွားဖုံးရိုးဟာ တဖြည်းဖြည်းပါးလာပြီး နိမ့်ဆင်းလာပါတော့တယ်။
ပြီးတော့ဘေးကပ်ရပ်မှာရှိတဲ့ သွားတွေကလည်း နေရာလွတ်အတွင်းကို ယိမ်းယိုင်လာနိုင်ပြီး ဆန့်ကျင်ဘက်မေးရိုးမှာရှိတဲ့သွားတွေကလည်း နေရာလွတ်နေရာမှာ ရှည်ထွက်လာနိုင်ပါတယ်
အခုရှင်းပြထားတဲ့ အခြေအနေတွေကတစ်ဦးနဲ့ တစ်ဦး သွားအခြေအနေပေါ်မူတည်ပြီး အနည်းငယ် ကွာခြားနိုင်ပါတယ်။
ကိုယ့်ရဲ့ နဂိုမူလ သွားတစ်ချောင်းလိုမျိုး ကိုယ်ပိုင်သွားအမြစ်တုကို အချိန်တိုအတွင်း ပြန်ရနိုင်တာဖြစ်လို့ 𝐃𝐞𝐧𝐭𝐚𝐥 𝐈𝐦𝐩𝐥𝐚𝐧𝐭 𝐓𝐫𝐞𝐚𝐭𝐦𝐞𝐧𝐭 ကတော့ နောက်ဆုံးပေါ် အကောင်းဆုံး သွားစိုက်နည်းပဲ ဖြစ်ပါတယ်။
ကြိုတင်ရက်ချိန်းရယူရန် နှင့် ကုသမှုပုံစံများ၊ ကုန်ကျစရိတ်များအား တိုင်ပင်ဆွေးနွေးလိုရင်တော့ -
𝐆𝐫𝐚𝐧𝐝 𝐇𝐚𝐧𝐭𝐡𝐚 𝐃𝐞𝐧𝐭𝐚𝐥 𝐂𝐞𝐧𝐭𝐞𝐫
𝟐𝐧𝐝 𝐅𝐥𝐨𝐨𝐫, 𝐆𝐇𝐈𝐇
𝐎𝐩𝐞𝐧𝐢𝐧𝐠 𝐡𝐨𝐮𝐫 : 𝟖𝐚𝐦 𝐭𝐨 𝟕𝐩𝐦
𝐃𝐞𝐧𝐭𝐚𝐥 𝐇𝐨𝐭𝐥𝐢𝐧𝐞 : 𝟎𝟗𝟕𝟕𝟕𝟏𝟒𝟑𝟗𝟑𝟐 ,
𝟎𝟏 𝟐𝟑𝟏 𝟕𝟔𝟎𝟎 , 𝟎𝟏 𝟕𝟓𝟐 𝟑𝟎𝟎𝟎 (𝐄𝐱𝐭𝐞𝐧𝐬𝐢𝐨𝐧: 𝟐𝟏𝟐𝟎)
"𝐆𝐫𝐞𝐞𝐧. 𝐆𝐫𝐚𝐧𝐝. 𝐂𝐚𝐫𝐞 𝐅𝐨𝐫 𝐓𝐡𝐞 𝐏𝐞𝐨𝐩𝐥𝐞"
𝐆𝐫𝐚𝐧𝐝 𝐇𝐚𝐧𝐭𝐡𝐚 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥
နာနတ်တောလမ်း နှင့် ကြည့်မြင့်တိုင် ကမ်းနားလမ်းထောင့်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
Centers & Clinics
Specialties
24 hour services