May 10, 2024

သွားနှုတ်ထားပြီးရင် ဘယ်ချိန်မှာ သွားပြန်စိုက်ရမလဲ

သွားတစ်ချောင်း နှုတ်လိုက်ရပြီးရင် သွားဖုံးရိုး အနာကျက်လို့ သွားဖုံးသား ပြန်ပြည့်လာတာနဲ့ သွားပြန် အစားထိုးလို့ ရပါပြီသွားတစ်ချောင်း နှုတ်လိုက်ရပြီးရင် သွားဖုံးရိုး အနာကျက်လို့ သွားဖုံးသား ပြန်ပြည့်လာတာနဲ့ သွားပြန် အစားထိုးလို့ ရပါပြီ

သွားနှုတ်ပြီး တစ်လခွဲမှ နှစ်လခန့် လို့ အကြမ်းအားဖြင့်

ပြောလို့ရပါတယ်

သွားအစားထိုး ကုသရာမှာ သွားအရှင်အစားထိုးနည်းနဲ့

သွားအသေအစားထိုးနည်း ဆိုပြီး နှစ်နည်း ရှိပါတယ်။

သွားအရှင်အစားထိုးနည်း ( 𝐑𝐞𝐦𝐨𝐯𝐚𝐛𝐥𝐞 𝐏𝐫𝐨𝐬𝐭𝐡𝐞𝐬𝐢𝐬 𝐨𝐫 𝐃𝐞𝐧𝐭𝐮𝐫𝐞)

သွားအရှင် အစားထိုးနည်းဆိုတာ အံကပ်လို့ ခေါ်တဲ့ သွားတုကို မိမိကိုယ်တိုင် ခံတွင်းထဲထည့်တပ်ရပြီး ဝါးနိုင်၊ သုံးနိုင်၊ ပြန်ဖြုတ်ပြီး ဆေးကြောသန့်စင်နိုင်တဲ့အတွက် သွားအရှင်အစားထိုးတာလို့ ခေါ်ဆိုခြင်း ဖြစ်ပါတယ်။

သွားအသေအစားထိုးနည်း (𝐅𝐢𝐱𝐞𝐝 𝐏𝐫𝐨𝐬𝐭𝐡𝐞𝐬𝐢𝐬 𝐨𝐫 𝐃𝐞𝐧𝐭𝐚𝐥 𝐁𝐫𝐢𝐝𝐠𝐞)

သွားတစ်ချောင်း (သို့) နှစ်ချောင်း နှုတ်လိုက်ရတဲ့ နေရာမှာ အစားထိုးဖို့အတွက် ဘေးတစ်ဖက်တစ်ချက်မှာ ကျန်နေတဲ့ သွားအကောင်းကို သေးသွားအောင် အနည်းငယ် ပြုလုပ်ပြီး သွားတုကို အပေါ်မှ ထပ်စွပ်၍ အစားထိုးခြင်းကို သွားအသေအစား ထိုးနည်းလို့ခေါ်တာပဲ ဖြစ်ပါတယ်။ ဘေးသွားတွေကို တံတားထိုးသလို တွဲထားတာဖြစ်လို့ 𝐃𝐞𝐧𝐭𝐚𝐥 𝐁𝐫𝐢𝐝𝐠𝐞 လို့လဲ ခေါ်ဆိုနိုင်ပါတယ်။

𝐇𝐚𝐧𝐭𝐡𝐚 𝐃𝐞𝐧𝐭𝐚𝐥 𝐂𝐞𝐧𝐭𝐞𝐫 မှာ ကျွမ်းကျင် သွားနှင့်ခံတွင်း အထူးကု ဆရာဝန်ကြီးများနှင့် နေ့စဉ် ပိတ်ရက်မရှိ လာရောက် ဆွေးနွေး ကုသနိုင်ပါတယ်

𝐆𝐫𝐚𝐧𝐝 𝐇𝐚𝐧𝐭𝐡𝐚 𝐃𝐞𝐧𝐭𝐚𝐥 𝐂𝐞𝐧𝐭𝐞𝐫

𝟐𝐧𝐝 𝐅𝐥𝐨𝐨𝐫, 𝐆𝐇𝐈𝐇

𝐎𝐩𝐞𝐧𝐢𝐧𝐠 𝐡𝐨𝐮𝐫 : 𝟖𝐚𝐦 𝐭𝐨 𝟕𝐩𝐦

𝐃𝐞𝐧𝐭𝐚𝐥 𝐇𝐨𝐭𝐥𝐢𝐧𝐞 : 𝟎𝟗𝟕𝟕𝟕𝟏𝟒𝟑𝟗𝟑𝟐 , 𝟎𝟏 𝟓𝟐𝟑 𝟎𝟎𝟎 (𝐄𝐱𝐭𝐞𝐧𝐬𝐢𝐨𝐧: 𝟐𝟏𝟐𝟎)