အသက်အရွယ်အရ သော်လည်းကောင်း
အကြောင်းအမျိုးမျိုးကြောင့် သွားများအားလုံး ဆုံးရှုံးလိုက်ရလျှင် သော်လည်းကောင်း
အစာ ဝါးနိုင် စားနိုင်ရန်အတွက် ပြန်လည်ကုသနိုင်သည့် နည်းလမ်း တစ်ခုမှာ သွားအရှင် အစားထိုးခြင်း (သို့မဟုတ်) သွားအံကပ်ပြုလုပ်ခြင်းပဲ ဖြစ်ပါတယ်
- ဆုံးရှုံးသွားသော သွားနေရာ၏ ဘေးပတ်လည်ရှိ နဂိုမူလသွားများကို သေးအောင်စားပစ်ရန် မလိုပါ။
- ထပ်မံ၍ သွားနှုတ်ရန် လိုအပ်သည့်အခါမျိုးတွင်လည်း ရှိပြီးသား အံကပ်တွင် ထပ်ပေါင်းပြီးအစားထိုးနိုင်ပါသည်။
- ကုန်ကျစရိတ် ပိုနည်းပါသည်
အားနည်းချက် များ အနေဖြင့်
- အစာစားပြီးတိုင်း ဖြုတ်ဆေးရန် လိုအပ်ခြင်း
- သန့်ရှင်းမှု ပုံမှန်မပြုနိုင်ပါက ဘေးကပ်ရက်သွားများ ပိုးစားနိုင်ခြင်း
- သွားတုအပြင်၊ သွားဖုံးသားအတု နှင့် ဝန်အားခံနိုင်စေရန် ဧရိယာကျယ်ကျယ် အုပ်ထားသော အံကပ်အား ပါးစပ်ထဲ ထည့်ထားရသည့်အတွက်၊ ကျင့်သားမရခင် အလွန် နေရထိုင်ရခက်ခြင်း
- ငါးနှစ်တစ်ကြိမ်ခန့် အသစ်လဲပေးရန် လိုအပ်ခြင်း တို့ပဲ ဖြစ်ပါတယ် ။