May 10, 2024

𝐅𝐢𝐱𝐞𝐝 𝐏𝐫𝐨𝐬𝐭𝐡𝐞𝐬𝐢𝐬 𝐨𝐫 𝐃𝐞𝐧𝐭𝐚𝐥 𝐁𝐫𝐢𝐝𝐠𝐞 လို့ ခေါ်တဲ့ သွားအသေ အစားထိုးတယ်ဆိုတာ ဘယ်လိုမျိုးလဲ

သွားတစ်ချောင်း (သို့) နှစ်ချောင်း နှုတ်လိုက်ရတဲ့ နေရာမှာ အစားထိုးဖို့အတွက် ဘေးတစ်ဖက်တစ်ချက်မှာ ကျန်နေတဲ့ သွားအကောင်းကို အရွယ်အစားသေးငယ်အောင် အနည်းငယ် ပြုလုပ်ပြီး သွားတုကို အပေါ်မှ ထပ်စွပ်၍ အစားထိုးခြင်းကို သွားအသေ အစားထိုးတယ်လို့ ခေါ်တာပဲ ဖြစ်ပါတယ်။

ဘေးသွားတွေကို တံတားထိုးသလို တွဲထားရတာဖြစ်လို့ 𝐃𝐞𝐧𝐭𝐚𝐥 𝐁𝐫𝐢𝐝𝐠𝐞 လို့လဲ တစ်နည်းအားဖြင့် ခေါ်ပါတယ်။

သဘာဝသွားတွေအပေါ်မှာ တင်ထားပြီး အားပြုထားတာဖြစ်တဲ့အတွက် ဝါးအား ပိုကောင်းတာပဲ ဖြစ်ပါတယ်။

အားသာချက်အနေနဲ့ -

  • ဖြုတ်ရန်တပ်ရန် သီးသန့် ဆေးကြောရန်မလိုပဲ ပုံမှန်မနက်တစ်ခါ၊ ညတစ်ခါ သွားတိုက်ရင်းဖြင့် သန့်စင်နိုင်ပါတယ်။
  • သတ္ထုဖြစ်စေ၊ ကြွေ နှင့် သတ္ထုအရောဖြစ်စေ၊ ကြွေစင်သီးသန့်ဖြင့်ဖြစ်စေ သွားအရောင် စိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။

အားနည်းချက်ကတော့ -

  • ဘေးသဘာဝသွားကို အရွယ်အစားသေးအောင် စက်နဲ့ စားရတာ ဖြစ်တဲ့အတွက် သွားကျဉ်တာမျိုး ခံစားရတတ်ပါတယ်။
  • စိုက်သွားနဲ့ သဘာ၀ ဘေးသွားကြားမှာ အစာညပ်တတ်ပြီး သဘာဝဘေးသွားမှာ သွားပိုးစားခြင်း ဖြစ်လာနိုင်ပါတယ်( အစာစားပြီးတိုင်း အာလုတ်ကျင်းပေးရန် လိုအပ်ပါတယ်)
  • သဘာဝဘေးသွားများကိုပါ ထောက်တိုင်ပြုရတဲ့အတွက် ကုန်ကျစရိတ်များခြင်း (သွားတစ်ချောင်းပြန်အစားထိုးမယ်ဆို သွားသုံးချောင်းစာ ကုန်ကျနိုင်တာပဲ ဖြစ်ပါတယ်။

𝐇𝐚𝐧𝐭𝐡𝐚 𝐃𝐞𝐧𝐭𝐚𝐥 𝐂𝐞𝐧𝐭𝐞𝐫 မှာ ကျွမ်းကျင် သွားနှင့်ခံတွင်း အထူးကု ဆရာဝန်ကြီးများနှင့် နေ့စဉ် ပိတ်ရက်မရှိ လာရောက် ဆွေးနွေး ကုသနိုင်ပါတယ်