- ကျန်းမာရေး ဂရုစိုက်ဖို့ဆိုရင် ခန္ဓာကိုယ် ကျန်းမာရေးကိုသာ သတိပြုတတ်ကြပြီး သွားကျန်းမာရေးကို ဂရုစိုက်ရန် မေ့လျော့နေတတ်ကြပါသည်။ နေ့စဥ် မနက်တစ်ကြိမ် ညတစ်ကြိမ် ပုံမှန် သွားတိုက်ရမယ်၊ အိပ်ယာဝင်ခါးနီး သွားတိုက်ပြီးလျှင် အစာမစားရဘူး၊ အစာစားပြီးတိုင်း စားကြွင်းစားကျန်များ မကျန်အောင် တစ်နေ့ ၃ ကြိမ် ပလုတ်ကျင်းရမယ် စတဲ့ အလေ့အကျင့်ကောင်းလေးတွေကို ကလေး ဘဝတည်းက ပျိုးထောင်လေ့ကျင့်လာမှသာ အသက်ကြီးလာတာတဲ့ အမျှ သွားနှင့်ခံတွင်း ကျန်းမာရေးဟာ ကောင်းမွန်နေဆဲဖြစ်မှာပါ။ သွားနှင့် ခံတွင်းကျန်းမာရေးကို ဂရုမစိုက်လျှင် ငယ်စဥ်ဘဝမှာ မသိသာပေမယ့် အသက်ကြီးလာရင် ဒုက္ခပေးလာတတ်ပါတယ်။
- ခံတွင်းအနံ့ဆိုးတွေ ထွက်နေရင် နေ့စဥ် လူမှုဆက်ဆံရေးမှာ အဆင်မပြေနိုင်ပါဘူး၊ စနစ်တကျ သွားမတိုက်ခြင်းကြောင့် သွားချေးများ ကျန်နေခြင်းကနေ သွားချေးကျောက်များ ဖြစ်သွားပြီး သွားဝါတာ၊ ခံတွင်းအနံ့ဆိုးများထွက်လာတာ၊ သွားဖုံးထဲ ပိုးဝင်တာ၊ သွားဖုံး သွေးထွက်တာတွေ ဖြစ်လာနိုင်ပါတယ်။
- သွားပိုးပေါက်လေးတွေ ရှိနေရင် အချိန်မီ ကုသမှုခံယူပါ၊ သွားပိုးပေါက်မှာ အချိန်ကြာ၍ နက်သွားလျှင် မခံမရပ်နိုင်အောင် နာကျင်ခြင်း၊ တစ်ခါတစ်ရံတွင် နာကျင်မှုမရှိပဲ သွားမြစ်ထိပ် ပြည်တည်နာဖြစ်ခြင်းတို့ကြောင့် သွားအကြောထုတ်ကုသရတဲ့ အခြေအနေထိ ဖြစ်သွားနိုင်ပါတယ်။
- အံဆုံးပုံမှန် အနေအထားဖြင့် ပေါက်ခြင်း မရှိသည့်သူများတွင် အံဆုံးပေါက်သည့် အရှိန်ဖြင့် အပေါ်ယံသွားဖုံး ရောင်ရမ်းခြင်း/သွားဖုံး ပြည်တည်ခြင်း၊ အံဆုံးအနေအထားမမှန်ခြင်းကြောင့် ပါးစောင် ခဏခဏ ကိုက်မိပြီး ပါးစောင် အနာဖြစ်ခြင်း၊ ရောဂါပိုးဝင်ခြင်းများ ဖြစ်လာနိုင်ပါတယ်။
ထိုကဲ့သို့ ခံတွင်း ဝေဒနာများ ဒုက္ခပေးလာလျှင် မိမိနေ့ဓဒူဝ အလုပ်အကိုင် များထိခိုက်နိုင်ပါတယ်၊ အစားအသောက် ပျက်ပါမယ်၊ အိပ်ရေးလည်းပျက်ပါမယ်၊ စိတ်လည်း မချမ်းမြေ့နိုင်ပါဘူး၊ ။ ထို့အတွက်ကြောင့် မိမိ သွားကျန်းမာရေးကို သွားဆရာဝန်ကြီးနှင့် ၆လ တစ်ကြိမ်
ပုံမှန်စစ်ဆေးသင့်ပါတယ်။ သင့်မှာ ခံတွင်းဝေဒနာ တစ်ခုခု ခံစားနေရတယ်ဆိုပါက ဂရန်း(ဒ်)ဟံသာ အင်တာနေရှင်နယ် ဆေးရုံကြီးရဲ့ သွားနှင့်ခံတွင်း ကုသမှု စင်တာကိုသာ လာခဲ့ပါလို့ ဖိတ်ခေါ်ပါတယ်။
Grand Hantha Dental Center မှာ
- Scaling and polishing (သွားနှင့် ခံတွင်း သန့်ရှင်းရေး)
- Periodontal Treatment ( သွားဖုံးရောဂါ ကုသခြင်း )
- Direct Filling, Indirect Filling (သွားဖာခြင်း)
- Root Canal Treatment ( သွားအကြောထုတ် ကုသခြင်း)
- Fixed prosthesis ( သွားအသေစိုက်ခြင်း )
- Removable Prosthesis ( သွားအရှင်စိုက်ခြင်း )
- Implant Treatment ( သွားမြစ်တု စိုက်ခြင်း )
- Maxillofacial Surgery ( သွား၊မေးရိုး နှင့် မျက်နှာခွဲစိတ်ကုသခြင်း )
- Whitening Treatment ( သွားများ ဖြူဖွေး လှပစေခြင်း )
စတဲ့ သွားနှင့်ခံတွင်းဆိုင်ရာ ကုသမှုအမျိုးမျိုးကို သွားနှင့် သွားအမြစ်များ၏ တည်ရှိမှုများအပြင် အရိုးဖွဲ့စည်းပုံနှင့် အာရုံကြောတည်နေရာများအထိ အသေးစိတ် တိကျစွာ ပုံရိပ်ဖော်ပေးနိုင်သော ဂျာမဏီနိုင်ငံ Sirona ကုမ္ပဏီထုတ် 3D- CBCT (Cone-Beam Computed Tomography) သုံးဖက်မြင် ခေတ်မီ သွားဓာတ်မှန် စက်သစ်ကြီးဖြင့် အသေးစိတ်တိကျ စွာ စစ်ဆေးပေးခြင်း၊ ရောဂါရှာဖွေခြင်းများ ဆောင်ရွက် ပေးလျက်ရှိပါသည်၊ သွားနှင့် ခံတွင်းကုသမှု ထိုင်ခုံရှိ ပိုက်လိုင်းများအားလုံးအတွင်း Sanitary system ပိုးမွားသန့်စင်သည့်စနစ် များကို သေချာထည့်သွင်းပြုလုပ်ထားသည့်အတွက် ရောဂါပိုးမွှားကူးစက်မှုအား ရာခိုင်နှုန်းပြည့် ကာကွယ်ပေးနိုင်ပါသဖြင့် စိတ်ချ ယုံကြည်စွာ ကုသမှုများ လာရောက် ပြုလုပ်နိုင်ပါသည်။
Centers & Clinics
Specialties
24 hour services