ပုံမှန်အားဖြင့် နှလုံးလျှပ်စစ်ငုတ်နှစ်ခုက ထွက်လာတဲ့လျှပ်စီးဓါတ်တွေကို လျှပ်စီးပတ်လမ်းကြောင်းတွေကနေတဆင့် နှလုံးကြွက်သားတွေကိုပို့ပြီး နှလုံးခုန်စေတာဖြစ်ပါတယ်။
လူတစ်ယောက်ရဲ့ နှလုံးခုန်နှုန်းဟာ ပုံမှန် ၆၀ ကနေ ၁၀၀ အတွင်းရှိပါတယ်။
နှလုံးခုန်နှုန်း ၁၀၀ ထက်ကျော်နေရင်တော့ နှလုံးခုန်နှုန်းမြန်နေတယ်လို့ဆိုနိုင်ပါတယ်။
နှလုံးခုန်နှုန်း အရမ်းမြန်လာတဲ့အခါ ရင်တလှပ်လှပ်တုန်၊ ရင်ဘတ်ကြီးတင်းကျပ်ပြီး အသက်တောင်ရှုမဝလို့ နာရီဝက် တစ်နာရီလောက် ထိုင်နေရတော့ အလုပ်တွေပျက်ရတာပေါ့။ ဘယ်အချိန်ထဖြစ်မယ်မှန်းမသိဘဲ ခေါင်းအရမ်းမူးပြီး သတိလစ် တာတွေအထိဖြစ်တတ်တော့ ခဏခဏဖြစ်နေတဲ့အခါ စိတ်ပင်ပန်းရတာပေါ့
ဒီလို ရင်တလှပ်လှပ်တုန်နေတာဟာ-
Atrial fibrillation (AF)
WPW syndrome
AVRT/AVNRT
Ventricular Tachycardia လို့ခေါ်တဲ့ နှလုံးလျှပ်စည်းပတ်လမ်းကြောင်းအပိုပေါ်ခြင်း နှင့် နှလုံးလျှပ်စစ်ငုတ်အပိုပေါ်ခြင်းရောဂါတစ်ခုခုကြောင့် ဖြစ်နိုင်ပါတယ်။
လျှပ်စစ်ငုတ်အပို ပတ်လမ်းကြောင်းအပိုတွေပေါ်လာတော့ နှလုံးသေချာအလုပ်မလုပ်နိုင်ဘဲ သွေးခဲခြင်း၊ နှလုံးကြွက်သားထိခိုက်ခြင်း ကနေတဆင့် နှလုံးပျက်စီးခြင်းအထိ နောက်ဆက်တွဲဖြစ်နိုင်လို့ မပေါ့ဆသင့်ပါဘူး
ပုံမှန်အားဖြင့် အပိုပေါ်လာတဲ့ လျှပ်စစ်ငုတ်တွေ လျှပ်စီးပတ်လမ်းကြောင်းတွေကို 𝗘𝗹𝗲𝗰𝘁𝗿𝗼𝗽𝗵𝘆𝘀𝗶𝗼𝗹𝗼𝗴𝘆 𝗦𝘁𝘂𝗱𝘆 (𝗘𝗣𝗦) လုပ်ပြီးရှာဖို့လိုပါတယ်။
ရှာတွေ့လာတဲ့အခါ လျှပ်စစ်ငုတ်နဲ့လျှပ်စီးပတ်လမ်းကြောင်းအပိုတွေကို အပူပေးပြီးဖျက်စီးပစ်တဲ့ 𝐑𝐚𝐝𝐢𝐨𝐟𝐫𝐞𝐪𝐮𝐞𝐧𝐜𝐲 𝐀𝐛𝐥𝐚𝐭𝐢𝐨𝐧 (𝐑𝐅𝐀) ကုသမှု ခံယူမှသာ ပျောက်ကင်းချမ်းသာမှု ရနိုင်မှာဖြစ်ပါတယ်။
EP Study လုပ်ပြီး RFA ကုသမှုခံယူဖိုအတွက် တစ်ရက်သာ ဆေးရုံတက်ရမှာဖြစ်ပါတယ်။ မခွဲမစိတ်ရဘဲ ပေါင်ရင်းနားကနေ အပ်လေးနဲ့ဖောက်ပြီးလုပ်တာမို့ အမာရွတ်တွေကျန်မှာလဲ မစိုးရဘူးပေါ့။ ဘေးထွက်ဆိုးကျိုးကလဲ မရှိသလောက်နည်းပါးတာမို့ ခဏခဏ ရင်တလှပ်လှပ်တုန်နေပါက နီးစပ်ရာ နှလုံးအထူးကုဆရာဝန်ကြီးဖြင့် တိုင်ပင်ဆွေးနွေးပြီး ကုသမှုခံယူသင့်ပါတယ်။
ဒီလို 𝐄𝐏 𝐒𝐭𝐮𝐝𝐲 + 𝐑𝐅𝐀 ကုသမှု ကို တန်းစီပြီး လနဲ့ချီစောင့်စရာမလို နိုင်ငံရပ်ခြားထိသွားစရာမလိုဘဲ ရန်ကုန်မြို့ Grand Hantha International ဆေးရုံကြီးမှာ ကုသမှုခံယူနိုင်နေပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်
သင့်ရဲ့ နှလုံးလျှပ်စီးပတ်လမ်းကြောင်းဆိုင်ရာ ရောဂါတွေအတွက် ဂရမ်းဟံသာဆေးရုံကြီးက အမြဲ အသင့်ရှိနေ ပေးပါရစေ
Centers & Clinics
Specialties
24 hour services