အရိုးပါး၊ အရိုးပွ ဖြစ်လာစေတဲ့ အကြောင်းအရာတွေကတော့ -
- အသက် ၆၀ နှင့်အထက် သက်ကြီးရွယ်အိုများ
- မိမိအရပ်နှင့် ရှိသင့်သောကိုယ်အလေးချိန် အညွှန်းကိန်း ပုံမှန်ထက်နည်းခြင်း (BMI < 19 kg/m2) သည် ခန္ဓာကိုယ်တွင်း အမျိုးသမီးဟော်မုန်း နည်းပါးခြင်းကို ဖြစ်စေပါသည်
- မိသားစုတွင် ခါးရိုးကိုင်းသူရှိခြင်း၊ အရိုးကျိုးဖူးသူရှိခြင်း၊ အရိုးပွရာဇဝင်ရှိခြင်း
- အမျိုးသားဟော်မုန်း (testosterone) နည်းခြင်း
- အရွယ်မတိုင်ခင် သွေးဆုံးခြင်း
- အရက်ဘီယာ အလွန်အကျွံသောက်သုံးခြင်း
- ဆေးလိပ်သောက်သူများ
- အရိုးအတွက် အထောက်အပံ့ဖြစ်စေသော အာဟာရဓာတ်များ လုံလောက်အောင် မစားခြင်း
- ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း
- ရောဂါအခြေအနေများ (ဥပမာ - ဆီးချိုသွေးချိုရောဂါ၊ လေးဖက်နာ၊ သိုင်းရိုက်ဟော်မုန်းမညီမျှခြင်း၊ ကင်ဆာရောဂါ ကုသမှုခံနေရသောလူနာများ)
- စပ်ဆေးများ၊ စတီးရိုက်ဆေးများ၊ မိမိရောဂါအခံကြောင့် သောက်သုံးနေရသော အချို့သောဆေးဝါးများ
အရိုးပါးအရိုးပွဖြစ်ပွားခြင်းကို ကာကွယ်ရန် အရိုးကျန်းမာရေးအတွက် အရေးပါသော အာဟာရဓာတ်များ
Calcium - ကယ်လစီယမ်
- အရိုးဖွဲ့စည်းတည်ဆောက်ရန်နှင့်သန်စွမ်းသောအရိုးများဖြစ်ရန်အတွက် မရှိမဖြစ်လိုအပ်သော အာဟာရဓာတ်ဖြစ်ပါသည်။ နို့နှင့်နို့ထွက်ပစ္စည်းများ (နွားနို့၊ဆိတ်နို့၊ဒိန်ချဉ်၊ချိစ်)များသည်ကယ်လစီယမ်ကြွယ်ဝသောအစားသောက်များဖြစ်ပါသည်။ နို့နှင့်ဓာတ်မတည့််သောသူများအတွက် အရိုးပါဝါးစားနိုင်သောငါးများ၊ဆာဒင်းငါး၊ပဲဆံခြောက်၊ပဲပြား၊ဂျပန်တိုဟူးများမှလည်းကယ်လစီယမ်ကိုရရှိနိုင်သလို
အစေ့အဆံများ
- ပန်းဂေါ်ဖီစိမ်း၊ ကိုက်လန်၊ ရုံးပတီသီး၊ ဘိုစားပဲ၊ လိမ္မောသီး၊ သဖန်းသီး၊ နဂါးမောက်သီး စတာတွေကလည်း အနည်းငယ်ရနိုင်ပါတယ်။ သတိပြုရန်မှာ ဟင်းသီးဟင်းရွက်၊ ပဲ၊ အစေံအဆံများတွင် ကယ်လ်စီယမ ်စုပ်ယူမှုကို ဟန့်တားသော oxylates & phytates ဓာတ်များပါဝင်နေသောကြောင့် ထိုအစားအစာများကို အားပြုစားနေရသော (ဥပမာ သက်သက်လွတ်စားနေသူများ) အနေဖြင့် မိမိသက်ဆိုင်ရာ ဆရာဝန်နှင့်တိုင်ပင်ပြီး တစ်ရက်တာ လိုအပ်သော ကယ်လ်စီယမ်ပမာဏ လုံလောက်အောင် ကယ်လ်စီယမ်ပါဝင်သောအားဆေးကို သောက်သုံးနိုင်ပါတယ်။
Vitamin D - ဗီတာမင်ဒီ
- Vitamin D က ခန္ဓာကိုယ်မှ calcium စုပ်ယူမှုအတွက် လိုအပ်တဲ့အပြင် အရိုးများပတ်လည်မှာရှိတဲ့ ကြွက်သားများသန်မာရန်အတွက် အရေးကြီးသော ဗီတာမင် တစ်မျိုးဖြစ်ပါတယ်။ ကြွက်သားများ မသန်မာလျှင် ကိုယ်နေဟန်ထားယိမ်းယိုင်ခြင်း၊ ချော်လဲခြင်း စတာတွေကြောင့် နောက်ဆက်တွဲအရိုးကျိုးတာတွေပါ ဖြစ်လာနိုင်ပါတယ်။
Vitamin D ကိုအဓိကနေရောင်ခြည်မှရရှိပြီး အဆီများသောငါးများမှလည်း ရနိုင်ပါတယ်။ နေရောင်ခြည်သိပ်မရသော အနောက်နိုင်ငံများတွင် vitamin D ကို စားသောက်ကုန်များတွင်လည်း ဖြည့်စွက်ထားပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် နေရောင်ခြည်နှင့်ထိတွေ့မှုမရှိသောသူများ၊ ငါးမစားသူများအနေနဲ့ကတော့ တစ်ရက်တာ လိုအပ်သော Vitamin D 600-800 IU ပါသော ဗီတာမင်ဒီအားဆေးကို ဆရာဝန်နှင့် တိုင်ပင်သောက်သုံးနိုင်ပါတယ်။
Protein - အသားဓာတ်
- အသားဓာတ်ဟာ ပုံမှန်အရိုးနှင့်ကြွက်သားများ ကျန်းမာသန်စွမ်းရေးအတွက် လိုအပ်တဲ့အပြင် အရိုးကျိုးပြီး လူနာများခွဲစိတ်ပြီးချိန် အရိုးနှင့်ကြွက်သားများ ပြန်လည်တည်ဆောက်ရေး အတွက်လည်း အထူးတလည် လိုအပ်သောအာဟာရဓာတ်ဖြစ်ပါတယ်။ တိရစာန်မှရသော အသားအမျိုးမျိုး (ကြက်သား၊ဝက်သား၊ဆိတ်သား၊အမဲသား) ၊ ဥအမျိုးမျိုး၊ ပဲမျိုးစုံ၊ ပဲပြား၊တိုဟူး၊ပဲနို့၊ နို့နှင့်နို့ထွက်ပစ္စည်းများ စတာတွေကို ထည့်သွင်းစားပေးခြင်းဖြင့် အသားဓာတ်ကို ရရှိနိုင်ပါတယ်။
ဒေါက်တာ မေဖူးဇွန် ( အာဟာရ ဆရာဝန် )
M.B.,B.S(YGN), M.Sc in Human Nutrition with Clinical Nutrition Specialization (Glasgow, UK)
ဂရန်း(ဒ်)ဟံသာဆေးရုံကြီးတွင် အာဟာရဆိုင်ရာ ကျန်းမာရေး ကိစ္စအဝဝတို့ကို နေ့စဉ် တိုင်ပင် ဆွေးနွေး ကုသ အကြံပေးလျက်ရှိပါတယ်။
Official Facebook Page - https://m.facebook.com/grandhantha/
Grand Hantha Website - www.grandhantha.com
Green. Grand. Care for The People
Grand Hantha International Hospital
နာနတ်တောလမ်း နှင့် ကြည့်မြင့်တိုင် ကမ်းနားလမ်းထောင့်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
01 231 7617, 01 523 000, 01 523 111