April 23, 2022

အဝလွန်ခြင်းဟာရောဂါ တစ်ခုလား?

အဝလွန်ခြင်းဟာရောဂါတစ်ခုဖြစ်ပါတယ် ဘာကြောင့်လဲဆိုတော့ ဝခြင်းကိုအခြေခံပြီးတော့ မိမိမှာရှိပြီးသား အရင်းခံနာတာရှည်ရောဂါများ ပိုဆိုးရွားလာနိုင်သလို မိမိတွင်မူလထဲက မရှိသောအခြားရောဂါများလည်း ဆင့်ပွားဖြစ်ပေါ်လာနိုင်ပါတယ်။

အဝလွန်ခြင်းကြောင့်နောက်ဆက်တွဲဖြစ်ပေါ်လာနိုင်သော ရောဂါများကိုအောက်တွင်ဖော်ပြထားပါတယ်

  • ကနဦးဆီးချို (Pre Diabetes)
  • အမျိုးအစား ၂ ဆီးချိုသွေးချိုရောဂါ (Type 2 Diabetes)
  • သွေးတိုးရောဂါ
  • သွေးတွင်းကိုလက်စထရောအဆီများခြင်း
  • သည်းခြေကျောက် (Gallstones)
  • ဂေါက်ရောဂါ (Gout)
  • အရိုးအဆစ်ရောင်ခြင်း (Osteoarthritis)
  • အသည်းအဆီဖုံးခြင်း
  • နှလုံးသွေးကြောရောဂါများ
  • လေဖြတ်လေငန်းရောဂါ
  • ကင်ဆာရောဂါ
    • အမျိုးသမီးသားဥအိမ်တွင်ရေအိတ်တည်ခြင်း (Polycystic Ovary Syndrome) ကြောင့် ဓမ္မတာမမှန်ခြင်း၊ ကိုယ်ဝန်ရခက်ခဲခြင်း
    • အိပ်နေစဉ်အသက်ရှူရပ်သောရောဂါ (Obstructive Sleep Apnea) အစရှိတဲ့ နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ် ။

အဝလွန်ခြင်းနှင့် ကိုယ်အလေးချိန်လျှော့ချခြင်း၊ အဝလွန်ခြင်းကြောင့် နောက်ဆက်တွဲရောဂါပြသနာများဖြစ်ပွားပြီး မိမိ၏လူနေမှုဘဝအရည်သွေးထိခိုက်လာနိုင်သောကြောင့် ကိုယ်အလေးချိန်ကိုစောစီးစွာစနစ်တကျချသင့်ပါတယ်။

Grand Hantha ဆေးရုံကြီး၏ အာဟာရဆိုင်ရာဆေးခန်း ( utrition clinic ) တွင် ကျန်းမာရေးနှင့်ညီညွတ်မျှတသောကိုယ်အလေးချိန်ရရှိနိုင်ရန် လူနာတစ်ဦးချင်းစီနှင့်ကိုက်ညီသောအစားအသောက်အစီအစဉ် ( personalized diet plan ) နှင့်အတူ လူနေမှုဘဝပုံစံပြောင်းလဲခြင်းဖြင့် အာဟာရအထူးကုဆရာဝန်မှ ကြည့်ရှုကုသပေးလျက်ရှိပါတယ်။

ထို့ပြင်အနှစ်၂၀ကျော်ဆေးသုတေသနအချက်အလက်များအပေါ်အခြေခံထားသည့်ကိုယ်အလေးချိန်ချပေးသောအစီအစဉ်နှင့်အတူ ကိုယ်ခန္ဓာရှိအဆီပမာဏ၊ ကြွက်သားပမာဏတို့ကိုတိုင်းတာပေးခြင်း၊ မိမိတစ်နေ့တာစားသုံးရမည့်ကယ်လိုရီပမာဏအတိအကျတွက်ချက်ပေးခြင်း၊ အစာအာဟာရလမ်းညွှန်ချက်များအားအသေးစိတ်ဆွေးနွေးပေးခြင်းဖြင့် နည်းစနစ်တကျကျန်းမာသောကိုယ်အလေးချိန်ဖြစ်အောင်ဆွေးနွေးကုသပေးနေပါတယ်။

Dr May Phoo Zun
Clinical Nutritionist (အာဟာရ ဆရာဝန်)
AFN Registered Associate Nutritionist
M.B.B.S (YGN),M.Sc Human Nutrition with Clinical Nutrition Specialisation (University of Glasgow, UK)