March 5, 2025

အမျိုးတွေထဲမှာ နှလုံးသွေးကြောကျဉ်းလို့ သွေးကြောထောက် (𝐒𝐭𝐞𝐧𝐭) ထည့်လိုက်ရတယ်ဆိုတဲ့ သတင်းတွေ ကြားပြီး “ဦးတင်” တစ်ယောက် သူ့မှာများ ‌နှလုံးသွေးကြောကျဉ်းရောဂါများ ရှိနေမလား စိုးရိမ် ပူပန်နေတာပေါ့။

တစ်ခါတစ်လေ ရင်ဘတ်အောင့်သလို ဖြစ်တာကလွဲပြီး တခြား ရောဂါလက္ခဏာ ဘာမှမပြပေမယ့် အသက်ကလဲ ၆၇ နှစ်ဆိုတော့ မငယ်တော့ဘူးလေ။ နောက်ပြီး သွေးတိုးအခံလေးကလဲရှိတော့ စိုးရိမ်မိတာ အမှန်ပဲပေါ့

အဲ့တာနဲ့ နှလုံးအထူးကုဆီ သွားတိုင်ပင်တော့ ဆရာဝန်က သူ့ကို 𝐂𝐨𝐫𝐨𝐧𝐚𝐫𝐲 𝐀𝐫𝐭𝐞𝐫𝐲 𝐂𝐚𝐥𝐜𝐢𝐮𝐦 𝐒𝐜𝐨𝐫𝐞 ဆိုတာ စစ်ခိုင်းတယ်။

ဒီ test က “ဦးတင်” လို အသက် ၄၅ ကနေ ၇၀ကြား ရောဂါလက္ခဏာ ကြီးကြီးမားမား မပြတဲ့သူတွေ နဲ့ ခဏခဏ ရင်ဘတ်အောင့်သလို ခံစားရသူ‌တွေမှာ နှလုံးသွေးကြောကျဉ်းနိုင်မှု ရှိမရှိ သေချာခန့်မှန်းပေးနိုင်တဲ့ ထိရောက်တဲ့ စစ်ဆေးမှုတစ်ခုပေါ့။ ကုန်ကျစရိတ်နည်းပြီး လူမပင်ပန်းဘဲ သက်သက်သာသာနဲ့ ထိရောက်တဲ့အဖြေတစ်ခုကို ရနိုင်တယ်လေ။

စစ်‌ဆေးဖို့ဆိုရင် CT ရိုက်တဲ့ စက်အဝိုင်းကြီးထဲကို နှစ်မိနစ်လောက်ဝင်ပြီး ပြန်ထွက်လာရုံပဲ။

အဲ့ချိန်တွင်း CT စက်က နှလုံးသွေးကြော နံရံတလျှောက်မှာရှိတဲ့ Calcium ထုံးဓာတ်တွေကို ဓာတ်မှန်ရိုက် တွက်ချက်ပေးလိုက်တာပါပဲ။

အဖြေ 𝐂𝐚𝐥𝐜𝐢𝐮𝐦 𝐒𝐜𝐨𝐫𝐞 က များလေလေ နှလုံးသွေးကြောကျဉ်းပြီး ပိတ်ဖို့‌ရာခိုင်နှုန်းများလေလေပါပဲ။

𝐒𝐜𝐨𝐫𝐞 𝟏𝟎𝟎 ကျော်ပြီဆိုတာနဲ့ နှလုံးသွေးကြောအနည်းငယ်ကျဥ်းနေနိုင်ပြီဖြစ်လို့ ကာကွယ်ကုသမှု တစ်ခုခု စတင်ခံယူရမှာဖြစ်ပါတယ်။

“ဦးတင်”ရဲ့ 𝐒𝐜𝐨𝐫𝐞 က 𝟐𝟎𝟎𝟎 ကျော်တောင် ထွက်လာတော့ နှလုံးအထူးကုဆရာဝန်ကြီးက ပိုသေချာအောင် သူ့ကို ECG ‌တပ်ပြီး ပြေးစက်ပေါ်မှာ ထပ်ပြေးခိုင်းတော့တာပါပဲ။

အဲ့မှာလဲ နှလုံးသွေးကြောကျဉ်းနေပြီဆိုတာ ထပ်တွေ့တော့ ဆရာဝန်က နှလုံးသွေးကြောကို လက်ကနေ ပိုက်တွေထည့်ပြီး ဓာတ်မှန်ရိုက်သင့်တယ်ဆိုပြီး အကြံပေးတယ်။

ဒါနဲ့ နှလုံးသွေးကြော ဓာတ်မှန်လဲရိုက်ပြီးရော နှလုံးသွေးလွှတ်ကြော သုံးချောင်းမှာ တစ်ချောင်းက ၅၀% ပိတ်ပြီး နောက်တစ်ချောင်းက ၉၀% အထက် ကျဉ်းနေတာ တွေ့သွားပါတော့တယ်။

အဲ့တာနဲ့ပဲ “ဦးတင်” လည်း လိုအပ်တဲ့ကုသမှုတွေ ဆက်လက် ခံယူရတော့တာပေါ့။

ဒီလိုနဲ့ နှလုံးသွေးကြောကျဥ်းလို့ သွေးကြောထောက် တစ်ချောင်းထည့်ပြီး နှလုံးသွေးကြောချဲ့ (𝐏𝐞𝐫𝐜𝐮𝐭𝐚𝐧𝐞𝐨𝐮𝐬 𝐂𝐨𝐫𝐨𝐧𝐚𝐫𝐲 𝐈𝐧𝐭𝐞𝐫𝐯𝐞𝐧𝐭𝐢𝐨𝐧) လုပ်ထားတဲ့ ဦးတင်တစ်ယောက် သတင်းလာမေးတဲ့ သူ့မိတ်ဆွေတွေကို သူဘယ်လို ကုသမှုခံယူခဲ့လဲဆိုတာ ပြောပြနေလေရဲ့• • • •

သွေးကြောကျဥ်းတယ်ဆိုတာ သိပြီးတဲ့နောက် ဦးတင် တစ်ယောက် 𝐂𝐚𝐭𝐡 𝐋𝐚𝐛 ထဲမှာ နှလုံးသွေးကြောဓါတ်မှန်ရိုက်ပြီး ကျဥ်းနေရင် တစ်ခါတည်းချဲ့ဖို့ သွေးကြောထောက်(𝐒𝐭𝐞𝐧𝐭) ထည့်ဖို့ နည်းလမ်းကို ရွေးချယ်ခဲ့တယ်လေ • • • •

ဘာလို့ဆို ဒီနည်းက နှလုံးသွေးကြောကျဥ်းနေမှု ရှိမရှိ ၁၀၀ ရာခိုင်နှုန်းသိနိုင်ပြီး သွေးကြောချဲ့ဖို့ လိုအပ်ရင်လဲ 𝐒𝐭𝐞𝐧𝐭 လို့ခေါ်တဲ့ သွေးကြောထောက်ကို တစ်ခါတည်း ထည့်လိုက်လို့ရတယ်လေ

နောက်ပြီး နှလုံးသွေးကြော သုံးချောင်းလုံး တစ်ပြိုင်တည်း ကျဉ်းနေတဲ့အခါကလွဲရင် ခုလိုမျိုးက ရင်ဘတ်ကြီးလည်း ခွဲစရာမလို ဆေးရုံရက်ရှည် တက်စရာမလိုဘဲ နာလန်ထမြန်တော့ အရမ်းအဆင်ပြေတာပေါ့ • • • •

Procedure လုပ်မယ့်နေ့ရောက်တော့ ဓါတ်မှန်လက်တံနှစ်ခုတပ်ထားတဲ့ အလည်ကကုတင်ပေါ်မှာ ဦးတင်တစ်ယောက် လှဲနေရတာပေါ့။

တစ်ခါမှ မလုပ်ဖူးတော့ ဦးတင် စိတ်လှုပ်ရှားနေချိန် ဆရာမလေးတစ်ယောက်က စိတ်ငြိမ်သွားအောင်နဲ့ မနာအောင် ဆေးလာထိုးပေးသွားတော့ ဦးတင်တစ်ယောက်

မှေးခနဲ အိပ်ပျော်သွားလေရဲ့ • • • •

ဦးတင် ခဏအိပ်နေတဲ့အချိန် နှလုံးဆရာဝန်က လက်ကောက်ဝတ် သွေးလွှတ်ကြောနေရာကို ဆေးထိုးအပ်အရွယ်အပ်နဲ့ အပေါက်ဖောက်ပြီး အဲ့နေရာကနေ ပလတ်စတစ်ပိုက်လုံးလေးတွေ နဲ့ ဆံချည်မျှင်လောက်ရှိတဲ့ သံနန်းကြိုးမျှင်လေးတွေသုံးပြီး နှလုံးသွေးလွှတ်ကြောနေရာအထိသွားကာ ပိုက်လုံးလေးထဲကို ဓါတ်မှန်ပုံဖော်ဆေးထိုးပြီး ဓါတ်မှန် စရိုက်ပါတော့တယ် • • • •

ဓါတ်မှန်လက်တံကို နေရာအမျိုးမျိုးရွှေ့ပြီး ရှုထောင့်မျိုးစုံကနေ နှလုံးသွေးကြောကို ဓါတ်မှန်ရိုက်လိုက်တာ ၅ မိနစ်အကြာမှာ ဘယ်နေရာမှာ ဘယ်လောက်ကျဥ်းနေလဲဆိုတာ အတိအကျသိရပြီလေ

အဲ့အချိန် ဦးတင်လည်း ပြန်နိုးလာရော ဆရာဝန်က သွေးလွှတ်ကြောသုံးချောင်းမှာ တစ်ချောင်းက ၅၀% ကျော်နဲ့ နောက်တစ်ချောင်းက ၉၀% ကျော် ကျဥ်းနေတယ်။

၉၀% ကျော် ကျဥ်းနေတဲ့နေရာကို ချဲ့ထားသင့်တယ်။ ဆေးနဲ့ခဏ ထိန်းကြည့်လို့လဲရတယ်။ ဘာလုပ်ချင်လဲဆိုပြီး ဦးတင်ကို ဆုံးဖြတ်ခိုင်းတယ်လေ။

ဦးတင်ကတော့ သွေးကြောထောက်ထည့်ပြီး သွေးကြောချဲ့ဖို့ရွေးခြယ်ခဲ့လို့ ဆရာဝန်က တစ်ဆက်တည်း သွေးကြောထောက် (𝐒𝐭𝐞𝐧𝐭) ထည့်ဖို့လုပ်ခဲ့တာပေါ့။

သွေးကြောထောက်ထည့်အပြီး အားလုံးပေါင်း နောက်ထပ် တစ်နာရီလောက်အကြာ ဦးတင်ကို Cath Lab ထဲကနေ နှလုံးကြပ်မတ်ကုသဆောင် (CCU) ထဲကို ရွှေ့ပြောင်းလိုက်ပါပြီ။

သွေးကြောချဲ့အပြီး သွေးကျဲဆေးနှစ်မျိုး တစ်လ သောက်ရတယ်။ CCU ထဲ တစ်ရက်နေပြီး အခြေအနေကောင်းတော့ နောက်ရက်ရိုးရိုးအခန်းပြောင်း တစ်ရက်နေပြီး ဆေးရုံဆင်းလာခဲ့တယ်ဆိုပြီး သုံးရက်လောက်နဲ့ သူ့ရောဂါ ကုလိုက်နိုင်လို့ ဦးတင်တစ်ယောက် ကျေနပ်နေလေရဲ့ • • • •

ခုဆို တစ်လအကြာ ဆရာဝန်ရက်ချိန်း ပြန်ပြပြီးတော့ သွေးကျဲဆေးတစ်မျိုးတည်းပဲ သောက်ရတော့တယ်ဆိုပြီး ဦးတင်ကတော့ သူမိတ်ဆွေတွေကို ကျန်းမာရေးပုံမှန် စစ်ဆေးဖို့၊ နှလုံးသွေးကြောကျဥ်းခဲ့ရင်လဲ ခေတ်မှီကုသနည်းတွေကို နိုင်ငံခြားမှာ ငွေကုန်ကြေးကျ အများကြီးခံပြီး သွားလုပ်စရာမလိုတော့ကြောင်း ဝမ်းသာအားရ ဖောက်သည်ချနေပါတော့တယ်။

စာဖတ်သူမိတ်ဆွေတို့အနေနဲ့လဲ ဦးတင်လို နှလုံးသွေးကြောကျဥ်းခဲ့ရင် 𝐒𝐭𝐞𝐧𝐭 ထည့်ပြီးသွေးကြောချဲ့ဖို့ ပြည်ပကို ငွေကုန်လူပင်ပန်း သွားကုစရာမလိုဘဲ ပြည်တွင်းမှာရှိတဲ့ 𝐆𝐫𝐚𝐧𝐝 𝐇𝐚𝐧𝐭𝐡𝐚 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 ဆေးရုံကြီးမှာပဲ ကုန်ကျစရိတ်သက်သက်သာသာနဲ့ စိတ်ချမ်းမြေ့စွာ ကုသမှုခံယူနိုင်ပြီ ဖြစ်ပါကြောင်း • • • •

" 𝐆𝐫𝐞𝐞𝐧. 𝐆𝐫𝐚𝐧𝐝. 𝐂𝐚𝐫𝐞 𝐅𝐨𝐫 𝐓𝐡𝐞 𝐏𝐞𝐨𝐩𝐥𝐞"

𝐆𝐫𝐚𝐧𝐝 𝐇𝐚𝐧𝐭𝐡𝐚 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥

နာနတ်တောလမ်း နှင့် ကြည့်မြင့်တိုင် ကမ်းနားလမ်းထောင့်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။

𝟎𝟏 𝟐𝟑𝟏 𝟕𝟔𝟎𝟎 , 𝟎𝟏 𝟕𝟓𝟐 𝟑𝟎𝟎𝟎