March 5, 2025

လုံလောက်သော ပမာဏသောက်သုံးပေးလျှင် ကျန်းမာရေးအတွက် အလွန် အကျိုးဖြစ်ထွန်းစေပါတယ်။

𝐏𝐑𝐎𝐁𝐈𝐎𝐓𝐈𝐂𝐒 လေးတွေရဲ့ အစာအိမ် နှင့် အူလမ်းကြောင်း အကျိုးပြုပုံတွေကတော့ -

အစာ‌ကြေစေတယ်၊ အာဟာရ မျှတစေတယ်၊

အစာအိမ်နဲ့ အူကိုကာကွယ်ပေးတဲ့ အချွဲ (mucus) တွေ ပိုထွက်စေပြီး အူရဲ့ ခုခံအားစနစ်ကို ကောင်းစေတယ်၊

P.H Level ကို ထိန်းညှိပေးပြီး အန္တရာယ်ရှိသော ပိုးမွှားတွေ မနေနိုင်အောင် လုပ်ပေးတယ်၊ အူနံရံမှာ ပိုးမွှားတွေမကပ်အောင် လုပ်ဆောင်ပေးတယ်။

ပိုးတွေ မပွားလာအောင် တားဆီးပေးတဲ့ Bacteriocins ထုတ်ပေးပါတယ်၊ ပိုးမွှားကထုတ်တဲ့ အဆိပ်တွေကိုလည်း တားဆီးပေးပါတယ်။

ဒါ့အပြင် -

  • ရောဂါကို ခုခံကာကွယ်ပေးသော Immunoglobulin A ကိုတိုးမြှင့် စေခြင်း
  • ရောဂါကို တိုက်ခိုက်ပေးသော Cytokines များကိုထိန်းညှိခြင်း
  • အစားသောက်ထဲ တွင်ပါဝင်သော food antigens များကို ခံနိုင်ရည်တိုးစေခြင်း စတဲ့ ကိုယ်ခံအားဆိုင်ရာ ကောင်းကျိုးများလည်း များစွာ ရရှိစေပါတယ်။

𝐏𝐑𝐎𝐁𝐈𝐎𝐓𝐈𝐂𝐒 ကို သောက်သုံးရမည့် ပုံစံများ

ယခုအချိန်အထိ လေ့လာတွေ့ရှိချက်များအရ ဆေးသောက်ရန် ပမာဏကို အတိအကျ သတ်မှတ်ထားခြင်း မရှိသေးပါ။ သို့သော် ပမာဏ များစွာ သောက်သုံးခြင်းသည်

မသင့်တော်ပါ။

ယေဘူယျအားဖြင့် နေ့စဥ်သောက်သုံးရန်မှာ 106 (တစ်မီလီယမ်) မှ 109 CFU (တစ်ဘီလီယံ)အထိ ဖြစ်သည်။ အချို့သူများတွင် ပိုမိုလိုအပ်နိုင်သည်။

𝐏𝐑𝐎𝐁𝐈𝐎𝐓𝐈𝐂𝐒 ကို သောက်သုံးသင့်သည့်ကြာချိန်

ရုတ်တရက် ဝမ်းလျောဝမ်းပျက် ရောဂါများအတွက် (၃ ရက် မှ ၅ ရက်) ခန့်သာ သောက်သင့်သည်။

အူလမ်းကြောင်းရောဂါများအတွက် (၁)လ ခန့်သောက်သင့်သည်။

အဝလွန်ခြင်းနှင့် ဇီဝဖြစ်စဥ် ဆိုင်ရာရောဂါများ (metabolic problems) အတွက် (၁)လထက် ပို၍ လိုအပ်နိုင်သည်။

𝐏𝐑𝐎𝐁𝐈𝐎𝐓𝐈𝐂𝐒 ၏ ဘေးထွက်ဆိုးကျိုးများ

ယေဘူယျအားဖြင့် အန္တရာယ် မရှိနိုင်သော်လည်း အဖြစ်များသော ဘေးထွက်ဆိုးကျိုးများမှာ-

- ဗိုက်မအီမသာဖြစ်ခြင်း

- ပျို့အန်ခြင်း

- လေပွခြင်း

- စသောက်သည့်ရက်မှ သုံးရက်အတွင်း အရသာသိမှု အာရုံပြောင်းခြင်းတို့ ဖြစ်နိုင်ပါတယ်။

အဖြစ်နည်းပြီး ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများမှာ ကိုယ်ခံအားနည်းသော သူများတွက် ဖြစ်နိုင်သည်။

၄င်းတို့မှာ -

- ပိုးဆိပ်သင့်ခြင်း (sepsis)

- နှလုံးအဆို့ရှင် ပိုးဝင်ခြင်း (Injective endocarditis)

- Central venous catheter ထည့်ထားသော လူနာများတွင်တွင် မှိုဆိပ်ပျံ့နှံ့ခြင်း (Fungal sepsis) ဖြစ်နိုင်ပါတယ်။

အသုံးပြုနိုင်သော ရောဂါများ

  • သာမာန် ဝမ်းပျက်ဝမ်းလျော ရောဂါ
  • ပိုးသတ်ဆေးများ သောက်ပြီး ဖြစ်သော ဝမ်းပျက်ရောဂါ
  • ကင်ဆာဆေး နှင့် ဓါတ်ရောင်ခြည်ကုသမှုကြောင့်ဖြစ်သော ဝမ်းပျက်ရောဂါ
  • အစာအိမ်ပိုး (Helicobacter pylon) ကုသမှု (ပိုးသတ်ဆေးများနှင့်အတူ တွဲ၍ပေးနိုင်သည်)
  • အူလမ်းကြောင်းလှုပ်ရှားမှု မမှန်သောရောဂါ (irritable bowel syndrome)
  • အူရောင်အူနာ ရောဂါများ (Inflammatory bowel diseases)
  • နို့နှင့် မတည့်သော ရောဂါ (lactose intolerance)
  • အသည်းအဆီဖုံးရောဂါ (Non-alcoholic fatty liver disease)
  • အူနံရံ ကျွံပြီး‌ ရောင်ရမ်းသောရောဂါ (Diverticular diseases)
  • ဝမ်းချုပ်ခြင်း (Constipation)
  • အသည်းအားနည်းခြင်းကြောင့် သတိလစ်သော လူနာများ (Hepatic encephalopathy) တွင် lactulose နှင့် အချို့သော Probiotics များကို သောက်သုံးနိုင်သည်။

𝐏𝐑𝐎𝐁𝐈𝐎𝐓𝐈𝐂𝐒 သည် အစာအိမ်အူလမ်းကြောင်းမဟုတ်သော ရောဂါများ ကုရာတွင်လည်း အသုံးဝင်ပါသည်။

နှလုံး နှင့် သွေးကြောရောဂါ vesselများ

ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ရောဂါများ

ခံတွင်း နှင့် ဆိုင်သောရောဂါများဖြစ်တဲ့ သွားဖုံး‌ယောင်ရောဂါ နှင့် ခံတွင်းအနံ့ဆိုးခြင်းများ

ဆီးလမ်း‌ကြောင်းဆိုင်ရာ ရောဂါများ

ကင်ဆာ‌ရောဂါကာကွယ်ခြင်းနှင့် ကုသခြင်းများ

သွေးအားနည်း‌ ရောဂါများ

အ၀လွန်ရောဂါများ

Covid-19 ကပ်ရောဂါ

အမျိုးသမီးရောဂါများ

အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

ဓါတ်မတည့်ခြင်းများတွင်လည်း 𝐏𝐑𝐎𝐁𝐈𝐎𝐓𝐈𝐂𝐒 ဟာ အသုံးဝင်ပါတယ်။

ရောဂါတစ်ခုနှင့်တစ်ခု အခြေအနေပေါ်မူတည်ပြီး ရွေးချယ်ရမည့် Probiotics အမျိုးအစား နှင့် လိုအပ်ချက် ပမာဏမှာ လူတစ်ဦးနှင့်တစ်ဦး ကွာခြားနိုင်ပါသည်

𝐏𝐑𝐎𝐁𝐈𝐎𝐓𝐈𝐂𝐒 ကို စနစ်တကျ နည်းလမ်းမှန်ကန်စွာ သောက်သုံးနိုင်မည့်ပုံစံများအား ဆက်လက်ဖော်ပြပေးသွားမှာဖြစ်လို့ စောင့်မျှော်ဖတ်ရှုပေးပါဦးနော်……….

" 𝐆𝐫𝐞𝐞𝐧. 𝐆𝐫𝐚𝐧𝐝. 𝐂𝐚𝐫𝐞 𝐅𝐨𝐫 𝐓𝐡𝐞 𝐏𝐞𝐨𝐩𝐥𝐞"

𝐆𝐫𝐚𝐧𝐝 𝐇𝐚𝐧𝐭𝐡𝐚 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥

နာနတ်တောလမ်း နှင့် ကြည့်မြင့်တိုင် ကမ်းနားလမ်းထောင့်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။

𝟎𝟏 𝟐𝟑𝟏 𝟕𝟔𝟎𝟎 , 𝟎𝟏 𝟕𝟓𝟐 𝟑𝟎𝟎𝟎