May 12, 2025

ညအိပ်ချိန်မှာ -

  • အရမ်းဟောက်တာ
  • ရုတ်တရက် အသက်ရှူ ရပ်ရပ်သွားတာ
  • အိပ်ရေးမဝတာ၊ အသက်ရှူမဝတာ
  • မအိပ်ထားတဲ့အတိုင်း concentration နည်းနေတာ
  • မနက်အိပ်ရာထတဲ့အချိန်မှာတောင် နုံးပြီး ပင်ပန်းနွမ်းနယ်နေသလို ခံစားနေရတာ

ဒါတွေဟာ 𝐎𝐒𝐀 (𝐎𝐛𝐬𝐭𝐫𝐮𝐜𝐭𝐢𝐯𝐞 𝐒𝐥𝐞𝐞𝐩 𝐀𝐩𝐧𝐞𝐚) ရောဂါရဲ့လက္ခဏာများ ဖြစ်နိုင်ပါတယ်။

𝐎𝐒𝐀 ရောဂါ ဆိုတာ အိပ်ချိန်အတွင်း အသက်ရှူလမ်းကြောင်းပိတ်လို့ အသက်ရှူရခက်တာကို ဆိုလိုပြီး၊ နာရီပိုင်းအတိုင်း အသက်ရှူ ခဏခဏရပ်ရပ်သွားတာကြောင့် ခန္ဓာကိုယ်အတွင်း အောက်စီဂျင်ကျသွားတာ နဲ့ အတူ နှလုံး နဲ့ ဦးနှောက် တို့ကို တဖြည်းဖြည်းချင်း ထိခိုက်လာစေနိုင်ပါတယ်။

ဒါဆို ဒီတိုင်းလျစ်လျူရှုထားလို့ မဖြစ်တော့ဘူးပေါ့။ 𝐒𝐥𝐞𝐞𝐩 𝐒𝐭𝐮𝐝𝐲 𝐓𝐞𝐬𝐭 စစ်ဖို့ အချိန်တန်ပြီလေ‼️

𝐒𝐥𝐞𝐞𝐩 𝐒𝐭𝐮𝐝𝐲 𝐓𝐞𝐬𝐭 (𝐏𝐨𝐥𝐲𝐬𝐨𝐦𝐧𝐨𝐠𝐫𝐚𝐩𝐡𝐲) ဆိုတာ

အိပ်နေစဉ် သင့်ရဲ့အသက်ရှူမှု၊ အသက်ရှူပိတ်သွားနှုန်း၊ ဟောက်နှုန်း၊ နှလုံးခုန်နှုန်း၊ ဦးနှောက်လှုပ်ရှားမှု၊ သွေးတွင်း အောက်စီဂျင်၊ ခန္ဓာကိုယ်လှုပ်ရှားမှု အခြေအနေများကို စနစ်တကျ စောင့်ကြည့်စစ်ဆေးနိုင်တဲ့ test တစ်ခုပဲ ဖြစ်ပါတယ်။

ဒီ Test ကို စစ်ဆေးခြင်းဖြင့် အိပ်နေစဉ်အတွင်း အန္တရာယ်ရှိမှုတွေ၊ တိကျတဲ့ Diagnosis လည်း သိရနိုင်သလို အချို့သောသူတွေအတွက်တော့ CPAP machine သုံးဖို့ လိုမလိုလဲ သိလာနိုင်ပါတယ်။

𝐒𝐥𝐞𝐞𝐩 𝐒𝐭𝐮𝐝𝐲 𝐓𝐞𝐬𝐭 စစ်ရန် ကြိုတင်ဘိုကင်ရယူလိုပါက

𝟎𝟏 𝟐𝟑𝟏 𝟕𝟔𝟎𝟎 , 𝟎𝟏 𝟕𝟓𝟐 𝟑𝟎𝟎𝟎 သို့ ဆက်သွယ် စုံစမ်းနိုင်ပါတယ်။

" 𝐆𝐫𝐞𝐞𝐧. 𝐆𝐫𝐚𝐧𝐝. 𝐂𝐚𝐫𝐞 𝐅𝐨𝐫 𝐓𝐡𝐞 𝐏𝐞𝐨𝐩𝐥𝐞"

𝐆𝐫𝐚𝐧𝐝 𝐇𝐚𝐧𝐭𝐡𝐚 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥

နာနတ်တောလမ်း နှင့် ကြည့်မြင့်တိုင် ကမ်းနားလမ်းထောင့်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။

𝟎𝟏 𝟐𝟑𝟏 𝟕𝟔𝟎𝟎 , 𝟎𝟏 𝟕𝟓𝟐 𝟑𝟎𝟎𝟎

#grandhantha#hospital#

yangonMyanmar#SleepStudyTestGrandHantha