April 10, 2019

ပန်းသေပန်းညှိုးရောဂါဆိုသည်မှာ

အမျိုးသားတစ်ဦးသည် စိတ်ကျေနပ်မှု ပြည့်ဝ သောလိင်ဆက်ဆံမှုရရှိရန် လုံလောက်သော လိင်တံ မာကြောမှု ကို၃လခန့်မရရှိပါက ပန်းသေပန်းညှိုးရောဂါ ခံစားနေရသည်ဟု သတ်မှတ်နိုင်ပါသည်။

ဆီးချိုသွေးချိုရောဂါ နှင့် ပန်းသေပန်းညှိုးရောဂါ

ဆီးချိုသွေးချိုရောဂါ၏နောက်ဆက်တွဲဆိုးကျိုးများဖြစ်သောသွေးကြောဆိုင်ရာနှင့်အာရုံကြောဆိုင်ရာ ရောဂါများရှိလာခြင်း နှင့် တက်စ်တိုစထီယုန်း (အမျိုးသားဟော်မုန်း) နည်းပါးလာခြင်းတို့ကြောင့် ဆီးချိုသွေးချိုရောဂါရှိသောအမျိုးသားများတွင် ပန်းသေပန်းညှိုးရောဂါသည် ဆီးချိုုသွေးချိုရောဂါ မရှိသော အမျိုးသားများထက် ၃ဆခန့်ပိုမို ပန်းသေပန်းညှိုးရောဂါ ဖြစ်နိုင်ပါသည်။

ပန်းသေပန်းညှိုးရောဂါ ဖြစ်နေပါက သင်၏ ဆရာဝန်အားအသိပေးရန် လိုအပ်ပါသလား?

ပန်းသေပန်းညှိုးရောဂါ ဖြစ်နေပါက ဆရာဝန် အား အသိပေးရန်အရေးကြီးပါသည်။ ပန်းသေပန်းညှိုး ရောဂါသည် နှလုံးသွေးကြော၊ ဦးနှောက်သွေးကြော ဆိုင်ရာ ရောဂါများနှင့် ဆက်စပ်မှုရှိပြီး ရောဂါဖြစ်စေသော အကြောင်းတရားများလည်း တူညီမှုရှိပါသည်။ သို့ပါ၍ ရောဂါဖြစ်စေသော အကြောင်းတရားများကို စနစ်တကျရှာဖွေ၍ စောလျင်စွာ ကုသပေးရန် လိုအပ်ပါသည်။

မည်သို့ ကုသသင့်ပါသနည်း။

ပန်းသေပန်းညှိုးရောဂါရှိသူတစ်ဦးချင်းစီ၏ ရောဂါဖြစ်ရသောအကြောင်းအရင်း၊တွဲဖက်ရှိနေသောရောဂါများ၊လက်ရှိသောက်နေသောဆေးများနှင့်စိတ်ခံစားချက်များအားထည့်သွင်းစဉ်းစား၍အသင့်တော်ဆုံး ဖြစ်မည့်ကုထုံးနည်းလမ်းအား ဆရာဝန်နှင့်လူနာသဘောတူရွေးချယ်၍ ကုသရပါသည်။