April 27, 2023

ာသီကူးပြောင်းတော့မယ့် ကာလမှာ သင် နှင့် သင့် မိသားစုအား တုပ်ကွေးအန္တရာယ် မကျရောက်ရလေအောင် အခုကစပြီး ကာကွယ်ထားလိုက်ပါ။

၂၀၂၃ နောက်ဆုံးပေါ် တုပ်ကွေးကာကွယ်ဆေးများ ဖြစ်တဲ့ Vaxigrip Tera နှင့် Influvac Tera တို့ကို ဘိုကင် တင်စရာ မလိုပဲ 7am >> 7pm အတွင်း လာရောက် ထိုးနှံနိုင်ပါပြီ။

WHO အသိအမှတ်ပြု Vaxigrip Tera /Influvac Tera ရာသီပေါ်တုပ်ကွေး ကာကွယ်ဆေးများဟာ Influenza Virus ပိုး မျိုးကွဲ (၄) မျိုး စလုံးကို ကာကွယ်ပေးထားနိုင်ပါတယ် ။

တုပ်ကွေး ကာကွယ်ဆေးကို ဘယ်သူတွေ မဖြစ်မနေ ထိုးသင့်လဲ၊ ဘာကြောင့် ထိုးသင့်လဲ ကြည့်လိုက်ကြရအောင်။

  1. ကလေးငယ်လေးများ
    ကလေး အသက် (၆)လ မှ စပြီး တုပ်ကွေးကာကွယ်ဆေး စထိုးလို့ ရပြီ။ ကလေးတွေမှာ တုပ်ကွေးမိရင် နောက်ဆက်တွဲ အနေနဲ့ နားတွင်း ပိုးဝင်တာ၊ အဆုတ်ယောင်၊ ပန်းနာရင်ကြပ်ရောဂါများ ဖြစ်စေတတ်လို့ ထိုးကိုထိုးသင့်တာပါ။
  2. အသက် (၆၀) နှင့် အထက် လူကြီးများ
    လူကြီတွေမှာလည်း တုပ်ကွေးကြောင့် ပြင်းထန် အဆုတ်ယောင်ရောဂါ နှင့် နှလုံးရောဂါ များ နောက်ဆက်တွဲ အနေနဲ့ ဝင်လာတတ်တာ ဖြစ်လို့ ထိုးကိုထိုးသင့်တာပါ။
  3. နာတာရှည်ရောဂါ အခံရှိသူများ
    လေဖြတ်၊ ပန်းနာရင်ကြပ်၊ နှလုံး၊ကျောက်ကပ်၊ ဆီးချို၊ သွေးတိုး စတဲ့ နာတာရှည် ရောဂါအခံရှိသူများဟာ တုပ်ကွေးဖြစ်ရင် သူများထက် ပိုပြင်းထန်တာတို့၊ တုပ်ကွေးကြောင့် ရှိပြီးသား ရောဂါအခံက ထိန်းရခက်တာ၊နောက်ဆက်တွဲ ရောဂါများ ဝင်လာတာတို့ ဖြစ်တတ်တာကြောင့် ထိုးကိုထိုးသင့်တာပါ။
  4. ကိုယ်ဝန်ဆောင် မိခင်များ
    ကိုယ်ဝန်ရှိစဥ် တုပ်ကွေးမိလျှင် မိခင်မှာလည်း ဝေဒနာ ပြင်းထန်နိုင်သည့်အပြင် ကလေးဟာ ပေါင်မပြည့် လမစေ့ပဲ စောမွေးတာ၊ ကိုယ်ဝန်ပျက်ကျတာတွေ ဖြစ်နိုင်တာကြောင့် ထိုးကိုထိုးသင့်တာပါ။
  5. ကျန်းမာရေး ဝန်ထမ်းများ
    ရောဂါ ကူးစက်နိုင်ချေများသော နေရာတွင် အလုပ်လုပ်ရသော သူများအနေနှင့် မိမိ ဂရုစိုက်ရမည့် လူနာများကိုရော၊ မိသားစုဝင်များကိုပါ မိမိမှ တစ်ဆင့် မကူးစက်ရလေအောင် ထိုးကိုထိုးသင့်ပါတယ်။
  6. အတူနေ မိသားစုဝင်များသော သူများ
    Flu ရောဂါဆိုတာ အသက်ရှုလမ်းကြောင်း မှတစ်ဆင့် ကူးစက်တဲ့ရောဂါ ဖြစ်လို့ တစ်ယောက် နေမကောင်း ဖြစ်လိုက်တာနဲ့ တစ်အိမ်သားလုံး ဆင့်ကဲဆင့်ကဲ ကူးစက်တတ်တာဖြစ်လို့ ထိုးကိုထိုးသင့်ပါတယ်။
  7. မိမိကိုယ်ကို ဂရုစိုက်သူများ
    ကိုယ်တိုင် တုပ်ကွေး မဖြစ်အောင် ၊ တစ်ပါးသူဆီမှ တုပ်ကွေးရောဂါ မကူးစက်အောင်၊ တုပ်ကွေးဖြစ်ခဲ့ရင်တောင် ဝေဒနာပြင်းထန်စွာ မခံစားရအောင် ၊ တုပ်ကွေးကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲရောဂါများ မဝင်လာအောင် မိမိကိုယ်ကို ကာကွယ် ဂရုစိုက်သူများ အနေဖြင့် ထိုးကိုထိုးသင့်ပါတယ်။

အိမ်တိုင်ရာရောက် ထိုးနှံပေးတဲ့ ဝန်ဆောင်မှု ရယူလိုသူများ၊ အသင်းအဖွဲ့၊ ကုမ္ပဏီ အဖွဲ့အစည်းများ အတွက် လိိုက်လံထိုးနှံပေးတဲ့ ဝန်ဆောင်မှု ရယူလိုသူများ အနေနှင့် Hotline No: 09 423 423 434 သို့ ဆက်သွယ် စုံစမ်းပြီး ဘိုကင် ရယူနိုင်ပါတယ်။

Grand Hantha Website - www.grandhantha.com

Green. Grand. Care for The People
Grand Hantha International Hospital
နာနတ်တောလမ်း နှင့် ကြည့်မြင့်တိုင် ကမ်းနားလမ်းထောင့်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
01 231 7617, 01 523 000, 01 523 111