- Beta-carotene(ဗီတာမင်အေအမျိုးအစား)Beta-carotene(ဗီတာမင်အေအမျိုးအစား) သည် မျက်ကြည်လွှာ(cornea)စိုစွတ်မှုကို ထိန်းပေးပြီး မျက်ခမ်းခြောက်ခြင်း(Dry Eye) မဖြစ်အောင် ကာကွယ်ပေးထားသော anti-oxidant (ဓာတ်တိုးဆန့်ကျင်ပစ္စည်း)ဖြစ်ပါတယ်။ Beta-carotene ကို အစားအစာများမှတဆင့် ခန္ဓာကိုယ်မှစုပ်ယူပြီး Provitamin A အဖြစ်ပြောင်းလဲနိုင်သောကြောင့် vitamin A ချို့တဲ့ခြင်းဟာ ရှားသော်လည်း အထက်တွင်ဖော်ပြသောအစားအစာများကို ပါဝင်အောင် မစားနိုင်သူများ ၊အသည်းရောဂါ၊ အူလမ်းကြောင်းစုပ်ယူမှုပြသနာရှိသူများတွင် Vitamin Aချို့တဲ့ခြင်းကြောင့် ညဘက်အမြင်အာရုံချို့တဲ့ခြင်း(night blindness)၊ မျက်ရည်ခြောက်ခြင်း(Dry Eye Syndrome)၊ အမြင်အာရုံဆုံးရှုံးခြင်းအထိပါ ဖြစ်နိုင်ပါသည်။Beta-carotene ကိုအရှေ့တွင်ဖော်ပြထားသော carotenoids ကြွယ်ဝသောအစားအစာများမှရရှိသည့်အပြင် အသည်း၊ အသား၊ ငါး၊ နို့နှင့်နို့ထွက်ပစ္စည်းများမှလည်းVitamin A ကိုရရှိနိုင်ပါသည်။ သတိပြုရန်အချက်မှာ အချို့သောလူများသည် မျက်စိကျန်းမာရေးအတွက် မုန်လာဥနီဖျော်ရည် နေ့စဉ်ကြိတ်သောက်ခြင်းများ ပြုလုပ်လေ့ရှိသောကြောင့် အသားအရောင်ဝါလာခြင်းများ ဖြစ်ပေါ်သောကြောင့် အစားအစာတစ်မျိုးတည်းကို အလွန်အကျွံစားသုံးခြင်းမပြုလုပ်ရန် အကြံပေးချင်ပါတယ်။ဆေးလိပ်၊ဆေးရွက်ကြီးသောက်သုံးနေသူများ၊ ဖြတ်ထားသည်မှာ၁နှစ်ထက်မပိုသောသူများသည် Vitamin A နှင့် beta-carotene ပမာဏများသော မျက်စိအာဆေးများကို စွဲသောက်ပါက အဆုတ်ကင်ဆာဖြစ်ပွားနိုင်သောကြောင့် ဆရာဝန်နှင့်တိုင်ပင်ပြီးမှသာ သောက်သုံးသင့်ပါသည်။
- Vitamin CVitamin C သည် မျက်ကြည်လွှာ၏ကော်လာဂျင်တည်ဆောက်မှု နှင့် မျက်စိ၏အာရုံခံလွှာ သွေးကြောအသေးများဖွဲ့စည်းမှုအတွက် မရှိမဖြစ်အရေးပါသော ဗီတာမင်တစ်မျိုးဖြစ်သည်။ ဗီတာမင် C ၃၀၀မီလီဂရမ် နေ့စဉ်မှီဝဲပါက အတွင်းတိမ်မဖြစ်အောင် ကာကွယ်ပေးသည့်အပြင် ရောဂါ ဆက်ဆိုးဝါး မှုမဖြစ်အောင် သုံးပုံတစ်ပုံထိလျှော့ချပေးနိုင်ကြောင်း ခိုင်မာသော ဆေးသုတေသန အချက်အလက်များက ဖော်ပြထားပြီးဖြစ်ပါသည်။Vitamin C ကိုချဉ်သောသစ်သီးဝလံများ၊ ဘယ်ရီသီး၊လိမ္မောသီး၊နာနတ်သီး၊ရှောက်ချိုသီး၊ခရမ်းချဉ်သီး၊ သဘောင်္သီး၊သရက်သီး၊မာလကာသီးအစရှိသည်)၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်များ၊ အာလူး၊ကန်စွန်းဥ၊ ကြာစွယ် စသည့်သဘာဝအစားအစာများကို နေ့စဉ်ပါဝင်အောင်စားသုံးပေးခြင်းဖြင့် အမြင်အာရုံ ပိုမိုအားကောင်းစေပါသည်။
- Vitamin Eနောက်ထပ် မျက်လုံးအတွင်းပိုင်းရှိဆဲလ်တစ်ရှူးများကိုဖျက်ဆီးသော မကောင်းသောဓာတ်တိုးပစ္စည်းများ (Free Radicals) ကို တားဆီးပေးနိုင်တာကတော့antioxidantတစ်မျိုးဖြစ်သော Vitamin Eပဲဖြစ်ပါတယ်။ Vitamin E ကြွယ်ဝသော ဂျုံစပါးအဆီ(wheat germ oil)၊မြေပဲ၊နေကြာစေ့၊ဗာဒံစေ့၊အစေ့အဆံများနှင့်ဟင်းသီးဟင်းရွက်မှ ထုတ်လုပ်ထားသောအဆီများ၊အစိမ်းရင့်ရောင်ရှိသော ဟင်းသီးဟင်းရွက်များအပြင် ကီဝီ၊သဘောင်္သီး၊ခရမ်းချဉ်သီး တို့ကိုမျှတစွာစားသုံးပေးခြင်းဖြင့် အမြင်အာရုံပျက်စီးခြင်းကို အတော်အတန်ကာကွယ်နိုင်ပါတယ်။
- Zinc(ဇင့်)Zinc(ဇင့်) သည် မျက်စိကျန်းမာရေးအတွက် မဖြစ်မနေလိုအပ်သော အကူအညီပေးသည့် သတ္ထုဓာတ်တစ်မျိုးဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အသည်းတွင် သိုလှောင်ထာသော Vitamin Aကို retina သို့ပို့ဆောင်ပေးပြီး မျက်လုံးကို အကာကွယ်ပေးသော ရောင်ခြယ် (Melanin)ထုတ်လုပ်ရာတွင်လည်း ပါဝင်နေပါတယ်။ ဇင်ဓာတ့်ဟာ retina အောက်ရှိသွေးကြောတစ်ရှူးလွှာပြင်များတွင် အများအပြားရှိပါ တယ်။ ထိုအရေးကြီးသော ဇင့်ဓာတ်ချို့တဲ့လျှင် ညအမှောင်တွင် သဲကဲစွာမမြင်ရခြင်း၊ အမြင်မှုန်ဝါးခြင်းများ ဖြစ်ပေါ်နိုင်သောကြောင့် ဇင့်ဓာတ်ပါဝင်သည့်အစားအစာများ အသား၊ငါး၊ပင်လယ်စာ၊ ပဲဆံခြောက်၊အစေ့အဆံများ၊ဒိန်ချဉ်၊နို့ အစရှိသည်တို့ကို ပါဝင်အောင်စားသုံးရန် လိုအပ်လှပါတယ်။
နောက်ဆုံးအချက်အနေဖြင့်
ဆီးချိုနှင့်သွေးတိုးရောဂါကြောင့် မျက်စိမြင်လွှာထိခိုက်ခြင်းသည် ယခု ၂၁ရာစုခေတ်တွင် ယခင်ကထက်ပိုပြီး ဖြစ်ပွားလျက်ရှိပါတယ်။ တိုးတက်ပြောင်းလဲလာသော လူနေမှုဘဝပုံစံများကြောင့် သက်လတ်ပိုင်းအရွယ်တွင်ပင် ဆီးချိုသွေးတိုးရောဂါများ စတင်ခံစားနေကြရပါတယ်။
သွေးတိုးပြီးဆိုလျှင် အသက်အရွယ်မရွေး မျက်စိကိုအန္တရယ်ပေးတတ်ပါတယ်။ မျက်စိအတွင်းပိုင်းသွေးကြောပိတ်၊ သွေးကြောပေါက်ပြီး ရုတ်တရက်မျက်စိကွယ်သည်အထိဖြစ်နိုင်ပြီး သွေးကြောပိတ်သွားခဲ့ ပါကအမြင်အာရုံပြန်လည်ရရှိဖို့ ကုသရန်ခက်ပါတယ်။
အရင်က ဆီးချိုသက်တမ်းရင့်မှမျက်စိမြင်လွှာထိခိုက်ခြင်းဖြစ်ပေါ်လေ့ ရှိသော်လည်း ဆီးချိုမထိန်းနိုင်လျှင် အချိန်တိုအတွင်းမှာပင် မျက်စိရောဂါဖြစ်ပွား နိုင်ပြီး အမြင်အာရုံ စောဆီးစွာဆုံးရှုံးနိုင်ပါတယ်။
အထက်ပါရောဂါများကြောင့် နောက်ဆက်တွဲ မျက်စိမြင်လွှာထိခိုက် ခြင်းများမဖြစ်ပေါ်စေရန် အရှေ့တွင်ဖော်ပြထားသော အဟာရဓာတ်များပါဝင်အောင်စားသုံးရမည့်အပြင် ပင်ကိုရောဂါအခံအထိန်းကောင်းအောင် ဂရုပြုနေထိုင်သင့်ပါတယ်။
ဆီးချိုရောဂါအတွက် သွေးတွင်းသကြားဓာတ်များနေခြင်းကိုထိန်းသိမ်း ရန် အချိုဓာတ်များသောအစားအသောက်များကိုရှောင်ခြင်း ၊ကစီဓာတ်ကြွယ်ဝသောအစားအစာများ(ဆန်၊ဂျုံ၊ပြောင်း ၊ကောက်နှံနှင့်ပြုလုပ်ထားသော အစားအစာများ) ကိုသင့်တင့်မျှတသောပမာဏသာစားခြင်း၊ သွေးတိုးရောဂါအတွက် ဆား၊အရသာမှုန့်၊ကြက်သားမှုန့်၊ဟင်းခတ်မှုန့်၊စီမံပြုလုပ်ထားသောအသင့်စားစားသောက်ကုန်များ၊ငါးပိ၊ငါးခြောက်၊ငံပြာရည်၊ပုစွန်ခြောက် အစရှိသောဆိုဒီယမ်(အငန်ဓာတ်)ကိုလျှော့ချစားသုံးခြင်းဖြင့် သင့်ရဲ့တန်ဖိုးရှိလှသောမျက်စိအမြင်အာရုံကိုကာကွယ်ထိန်းသိမ်းကြ ပါစို့လို့အကြံပြု ရေးသားဖော်ပြလိုက်ပါတယ်။
ဒေါက်တာ မေဖူးဇွန် ( အာဟာရ ဆရာဝန် )
M.B.,B.S(YGN), M.Sc in Human Nutrition with Clinical Nutrition Specialization (Glasgow, UK)
ဂရန်း(ဒ်)ဟံသာဆေးရုံကြီးတွင် အာဟာရဆိုင်ရာ ကျန်းမာရေး ကိစ္စအဝဝတို့ကို နေ့စဉ် တိုင်ပင် ဆွေးနွေး ကုသ အကြံပေးလျက်ရှိပါတယ်။
Official Facebook Page - https://m.facebook.com/grandhantha/
Grand Hantha Website - www.grandhantha.com
Green. Grand. Care for The People
Grand Hantha International Hospital
နာနတ်တောလမ်း နှင့် ကြည့်မြင့်တိုင် ကမ်းနားလမ်းထောင့်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
01 231 7617, 01 523 000, 01 523 111
Centers & Clinics
Specialties
24 hour services