July 29, 2022

Normal DeliveryCesarean Section
မမွေးဖွားမှီ
သားအိမ်ညှစ်ပြီး မွေးလမ်းကြောင်း ပွင့်မှ မွေးရသဖြင့် မွေးမယ့်ရက် ရွေးချယ်၍ မရခြင်းမိမိ မွေးဖွားချင်သည့် ရက်ကို ကြိုတင် ရွေးချယ် သတ်မှတ်ပြီး မွေးဖွား၍ ရခြင်း
မွေးဖွားနေစဉ်
မေ့ဆေး၊ ထုံဆေးများ၏ နောက်ဆက်တွဲ ဆိုးကျိုးများ မရှိခြင်းမေ့ဆေး၊ ထုံဆေးများ၏ နောက်ဆက်တွဲ ဘေးထွက် ဆိုးကျိုးများ ရှိနိုင်ခြင်း 
Recovery Rate မြန်ခြင်း - မွေးဖွားပြီး ၂ ရက်အတွင်း နာကျင်မှု မရှိတော့ဘဲ သာမာန်အတိုင်း လှုပ်ရှားသွားလာနိုင်ခြင်း၊ မွေးဖွားပြီး ချက်ချင်း နို့တိုက်နိုင်ခြင်းRecovery Rate ကြာခြင်း - ဗိုက်ခွဲထားတဲ့ အရှိန်ကြောင့် နာကျင်ကိုက်ကဲခြင်း၊ ချုပ်ရိုးအသားကျရန် လိုအပ်ခြင်းတို့ကြောင့် မွေးဖွားပြီး တစ်ပတ်ကြာ လောက်ထိ လှုပ်လှုပ်ရှားရှားမလုပ်ဘဲ အနားယူရန် လိုအပ်ခြင်း၊ မွေးဖွားပြီး ချက်ချင်း နို့တိုက်ရန် ခက်ခဲခြင်း
သန္ဓေသား အရွယ်အစားကြီးထွားခြင်း ၊ သန္ဓေသား ခန္ဓာကိုယ် အနေအထား၊ အချင်း အနေအထား မူမမှန်ခြင်း၊ သန္ဓေသား နှလုံးခုန်နှုန်းကျဆင်းခြင်း၊ ချက်ကြိုးပတ်နေခြင်း၊ မိခင်မှာ အရပ်ပုပြီး တင်ပုဆုံရိုးသေးသောကြောင့် မွေးရ ခက်ခဲနေခြင်း၊ မိခင်တွင် သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါ အခံများ ရှိနေခြင်း တို့တွင် ရိုးရိုးမွေးသည့်အခါ မိခင်ရော ကလေးပါ အန္တရာယ် ရှိနိုင်ပါသည်။ မိခင် ဖြစ်သူတွင် ကူးစက်ရောဂါ တစ်ခုခု ရှိနေခြင်း တို့တွင်လည်း ရိုးရိုးမွေးသည့်အခါ သန္ဓေသားကို ကူးစက်လွယ်ပါသည်။ထိုကဲ့သို့သော အခြေအနေများတွင် ခွဲ၍ မွေးဖွားခြင်းသည် စိတ်ချရသော ရွေးချယ်မှု ဖြစ်ပါသည်။
အထက်ပါ အခြေအနေအမျိုးမျိုးကြောင့် ရိုးရိုးမွေးလျှင် အခက်အခဲများရှိခြင်း၊ မိခင်မှ မညှစ်နိုင်ဘဲ မွေးချိန် ကြာပြီး ကလေးမွန်း နေခြင်း တို့ကြောင့် မွေးလမ်းကြောင်း ချဲ့မွေးရခြင်း၊ လေစုပ်မွေးရခြင်း၊ ညှပ်ဆွဲမွေးရခြင်းများ ရှိနိုင်ပါသည်။ခွဲ၍ မွေးဖွားသောကြောင့် ထို အခြေအနေများ မရှိနိုင်ပါ။
မိခင်ရော ကလေးပါ အန္တရာယ် ရှိနိုင်တဲ့ အရေးပေါ် အခြေအနေ ရှိလာခဲ့လျှင် ချက်ချင်း ခွဲမွေးရန် ဆုံးဖြတ်ချက် ပြောင်းရခြင်းခွဲ၍ မွေးဖွားသောကြောင့် ထို အခြေအနေများ မရှိနိုင်ပါ။
မွေးဖွားပြီး
မေ့ဆေး၊ ထုံဆေးများ၏ နောက်ဆက်တွဲ ဆိုးကျိုးများ မရှိခြင်းမေ့ဆေး၊ ထုံဆေးများ၏ နောက်ဆက်တွဲ ဘေးထွက် ဆိုးကျိုးများ ရှိနိုင်ခြင်း
Recovery Rate မြန်ခြင်း - မွေးဖွားပြီး ၂ ရက်အတွင်း နာကျင်မှု မရှိတော့ဘဲ သာမာန်အတိုင်း လှုပ်ရှားသွားလာနိုင်ခြင်း၊ မွေးဖွားပြီး ချက်ချင်း နို့တိုက်နိုင်ခြင်း Recovery Rate ကြာခြင်း - ဗိုက်ခွဲထားတဲ့ အရှိန်ကြောင့် နာကျင်ကိုက်ကဲခြင်း၊ ချုပ်ရိုးအသားကျရန် လိုအပ်ခြင်းတို့ကြောင့် မွေးဖွားပြီး တစ်ပတ်ကြာ လောက်ထိ လှုပ်လှုပ်ရှားရှားမလုပ်ဘဲ အနားယူရန် လိုအပ်ခြင်း၊ မွေးဖွားပြီး ချက်ချင်း နို့တိုက်ရန် ခက်ခဲခြင်း 
"ရိုးရိုးမွေးပြီး နောက်ဆက်တွဲ အနေနှင့် - သွေးထွက်လွန်ခြင်း၊ မွေးလမ်းကြောင်းချဲ့ထားသော နေရာတွင် ပိုးဝင်၍ အနာမကျက်ခြင်း၊ ရေရှည်တွင် ဆီး၊ ဝမ်း ထိန်းရခက်ခြင်း များ ဖြစ်နိုင်ခြင်း ""ခွဲမွေးပြီး နောက်ဆက်တွဲ အနေနှင့် - သွေးထွက်လွန်ခြင်း၊ ဗိုက်ချုပ်ရိုးနေရာ ပိုးဝင်ခြင်း၊ အရည်ကြည်ထွက်ခြင်း၊ ချုပ်ရိုး မကျက်ခြင်း၊ ချုပ်ရိုးနေရာ ယားယံခြင်း ၊ နာကျင် ကိုက်ခဲနေခြင်း "
ပထမ ကိုယ်ဝန်တွင် ရိုးရိုးမွေးဖွားလျှင် နောက်ထပ်ယူမည့် ကိုယ်ဝန်များမှာလည်း ရိုးရိုးမွေး၍သော်လည်းကောင်း၊ ခွဲမွေး၍ သော် လည်းကောင်း စိုးရိမ်ပူပန်မှု မရှိ ရွေးချယ် မွေးဖွားနိုင်ခြင်း"ပထမ ကိုယ်ဝန်တွင် ခွဲ၍ မွေးဖွားခဲ့လျှင် နောက် ကိုယ်ဝန်များမှာလည်း ခွဲ၍မွေးဖွားခြင်းကိုသာ ပို၍ ဦးစားပေး စဉ်းစားသင့်ပါတယ်။ ရိုးရိုး မွေးဖွား၍ ရသော်လည်း ဖြစ်နိုင်ချေရှားပေမယ့် ဖြစ်တတ်တဲ့ အရာတစ်ခုက ယခင် ခွဲထားသော ချုပ်ရိုးကြောင်း ကွဲခြင်း၊ ညှစ်၍ မွေးဖွားသောကြောင့် သားအိမ် ကွဲထွက်ခြင်းများ စတဲ့ အန္တရာယ် ဖြစ်နိုင်ချေ ရှိတာတွေကို ထည့်သွင်း စဉ်းစားရပါမယ်။ "