သွားပိုးစားခြင်းဆိုတာ နေ့ချင်းညချင်းရုတ်တရက် ဖြစ်ပေါ်လာတဲ့ ရောဂါမျိုး မဟုတ်ပါ။ ဒါကြောင့်မို့ သွား တစ်ချောင်း စတင် ပိုးစားသည်နှင့် သွားကိုက်ခြင်းကို မခံစားရနိုင်ပါဘူး
အဲ့တော့ သွားပိုးစားခြင်းကြောင့် ဘယ်အချိန်မှာ သွားကိုက်ခြင်း စတင်ခံစားရမလဲဆိုရင်
- သွားပိုးစားတာက သွားရဲ့ အပေါ်ယံမျက်နှာပြင်မှ စတင်၍ ဖြစ်ပေါ်လာတာပါ အဲ့ အခြေအနေ အတွင်း အချိန်မီကုသမှုမခံယူပါက အတွင်းပိုင်း အလွှာများသို့ တစ်လွှာချင်း ဆင့်ကဲ၍ သွားပိုးစားခြင်းများ ဖြစ်ပွားလာနိုင်ပါတယ်
- သွား၏ အပေါ်ယံမျက်နှာပြင် ပထမ ကြွေလွှာတွင် သွားပိုးစားခြင်းကို အမဲရောင် အစက်အပျောက်အနေအထားဖြင့်သာ တွေ့မြင်နိုင်ပြီး အဲ့အဆင့်တွင် နာကျင်မှူ ကို မခံစားရနိုင်ပါ အစောဆုံးသိရှိနို်ငတဲ့ ပုံစံကတော့ တစ်ခါတစ်ရံ အစာညပ်ခြင်းကိုသာ ခံစားရခြင်းဖြင့် သတိပြုမိနိုင်ပါတယ်။
- သွားပိုးစား ခြင်းက သွား၏ ဒုတိယကြွေလွှာဖြစ်သော ဆင်စွယ်နှစ်လွှာသို့ရောက်ရှိလာ ပါက သွားပိုးပေါက်ကို မြင်နိုင်သည်။ထို အခြေအနေသို့ ရောက်ရှိပါက ရေသောက်လျှင် ကျဉ်ခြင်း အစာဝင်လျှင် နာကျင်နေခြင်း များကိုစတင်ခံစားရနိုင်ပါတယ်
- သွား၏ တတိယ အလွှာ (မွသွားလွှာ သို့မဟုတ် သွားအတွင်းမှ သွေးကြော) ထိ သွားပိုးစားခြင်း ဖြစ်ပေါ်ပါက သွားပိုးပေါက်မှာ တဖြည်းဖြည်းပို၍ နက်လာပြီး တစ်ခါတစ်ရံတွင် မခံမရပ်နိုင်အောင် နာကျင်ခြင်း ကိုခံစားရနိုင်ပါသည်။ တစ်ခါတစ်ရံတွင်လည်း နာကျင်မှုခံစားရခြင်း မရှိပဲ သွားမြစ်ထိပ် ပြည်တည်နာထိလဲ ဖြစ်ပွားနိုင်ပါတယ်။
- သွားပိုးစားခြင်းရှိမရှိကို သိရှိစေရန် အနည်းဆုံး ၆လတစ်ကြိမ် သွားနှင့်ခံတွင်းကျန်းမာရေး စစ်ဆေးပေးခြင်းဖြင့် ကြိုတင်ကာကွယ်နိုင်ပါတယ်။
Centers & Clinics
Specialties
24 hour services