အသက်အရွယ် ရလာတာနှင့်အမျှ ကိုယ်ခန္ဓာမှာရှိတဲ့ အရိုးတွေဟာ သိပ်သည်းကျစ်လစ်မှုအား လျော့နည်းလာပြီး အရိုးများ ပွလာကာ အလွယ်တကူ ကျိုးလွယ်လာတတ်ကြပါတယ်။
ထိုကဲ့သို့ အရိုးပွရောဂါဟာ ရောဂါလက္ခဏာ မပြတတ်တာကြောင့် အရိုးပွရောဂါရှိနေမှန်း တော်ရုံ သတိမထားမိတတ်ကြပါဘူး။ အရိုးကျိုးသွားတဲ့ အခါမှသာ အရိုးပွရောဂါရှိနေမှန်း သိကြတာ ဖြစ်ပါတယ်။
ကြိုတင် စစ်ဆေးမှုအား၊ ကြိုတင် ကာကွယ်မှုအား၊ အရိုးကျန်းမာရေးကို ဂရုစိုက်မှုအား နည်းကြပါတယ်။
ဒါ့ကြောင့်
- အရိုးပွရောဂါ ရှိမရှိ၊ ဖြစ်လာနိုင်ချေ ရှိမရှိ သေချာတွက်ချက် စစ်ဆေးပေးမယ်။
- စစ်ကြည့်လိုက်လို့ အရိုးပွရောဂါ ရှိနေရင်သော်လည်ကောင်း၊ အရိုးပွခြင်းကြောင့် အရိုးကျိုးခြင်းဖြစ်ခဲ့လျှင်သော်လည်းကောင်း ကျွမ်းကျင် အထူးကုဆရာဝန်ကြီးများ ကိုယ်တိုင် မှန်ကန် ထိရောက်တဲ့ နည်းလမ်းများဖြင့် စနစ်တကျ ကုသပေးသွားမယ်။
- အရိုးပွရောဂါ နှင့် ပတ်သက်ပြီး ဆောင်ရန်၊ရှောင်ရန်များ၊ အရိုးကျန်းမာရေး အတွက် စားသောက်နေထိုင်မှု ပုံစံများ၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများက အစ အကြံပေး ဆွေးနွေးပေးမယ်။
- ကုသမှု အဆက်ပြတ်တောက် မသွားအောင်၊ ဆရာဝန်ကြီးများ နှင့် ရက်ချိန်း ပုံမှန် ပြသနိုင်အောင်လည်း အမြဲတစေ အသိပေးကာ ကြည့်ရှုစောင့်ရှောက်သွားမယ်။
ဤနည်းအားဖြင့် အရိုးများ ပြန်လည် ကြံ့ခိုင်သန်မာလာမယ်။
အရိုးပွ၊ အရိုးပါးခြင်းရဲ့ နောက်ဆက်တွဲ အရိုးကျိုးခြင်း မဖြစ်လာအောင် ကာကွယ်တားဆီးနိုင်လိမ့်မယ်၊
အရိုးကျိုးခြင်းရဲ့ နောက်ဆက်တွဲ တခြားသောရောဂါများ ဆင့်ပွားမဝင်လာအောင်ပါ ကာကွယ်နိုင်ပါလိမ့်မယ်။
အထက်ပါ ရည်ရွယ်ချက်များဖြင့် ဂရန်း(ဒ်)ဟံသာ အင်တာနေရှင်နယ်ဆေးရုံကြီးမှာ Osteoporosis Center(အရိုးပွ၊ အရိုးကျိုး ကာကွယ်ကုသရေး စင်တာ) ကို Oct 30,2022 ရက်နေ့ မှာ စတင်ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။
အရိုးပွရောဂါ ကြိုတင်ကာကွယ် စစ်ဆေးလိုသူများ၊ အရိုးပွ၊ အရိုးပါး ရောဂါရှိသူများ၊ အရိုးပွခြင်းကြောင့် အရိုးကျိုးခြင်း ဖြစ်ဖူးသူများ ဂရန်း(ဒ်)ဟံသာဆေးရုံကြီးရှိ Osteoporosis Center မှာ လာရောက် တိုင်ပင်ဆွေးနွေး လို့ရပါပြီ။
အသေးစိတ် သိရှိလိုပါက Osteoporosis Center Hotline:
012317617, 01523000, 01523111
(လိုင်းခွဲနံပါတ် - 8194) သို့ တိုက်ရိုက်ဆက်သွယ် စုံစမ်းနိုင်ပါသည်။
Centers & Clinics
Specialties
24 hour services