ရင်တွေ တလှပ်လှပ်နဲ့ တုန်ပြီး ရင်ခုန်ရလွန်းလို့ ရူးမှာပဲတွေ ဖြစ်ဖူးကြသလားရှင်….
မောနေတယ်၊ ရုတ်တရက် ခဏခဏ မူးမေ့ လဲကျဖူးတယ်၊ တစ်ခါတစ်လေလည်း နှလုံးခုန်နှုန်း အရမ်းနှေးသွားပြီး တစ်ချက် တစ်ချက် ရပ်သွားသလိုမျိုး ခံစားရတယ်။
ဒီလို တစ်ခုမဟုတ် တစ်ခု ဖြစ်ဖူးတယ်ဆိုရင်တော့ နှလုံးလျှပ်စီးပတ်လမ်းကြောင်းဆိုင်ရာ ရောဂါတစ်ခုခု ရှိနေနိုင်တာမို့ အချိန်မှီ စစ်ဆေးကုသဖို့ လိုပြီဆိုတာ အချက်ပြနေတာပဲ ဖြစ်ပါတယ်
ကနဦးအားဖြင့် နှလုံးအထူးကုဆရာဝန်ကြီးများဖြင့် ပြသ ရမှာဖြစ်ပြီး ဆရာဝန်၏ ညွှန်ကြားချက် ဖြင့် •၂၄ နာရီ မှ ၄၈ နာရီ အထိ • နှလုံး ECG မှတ်တမ်းတင် စောင့်ကြည့်ခြင်း (𝐇𝐨𝐥𝐭𝐞𝐫 𝐄𝐂𝐆 𝐌𝐨𝐧𝐢𝐭𝐨𝐫𝐢𝐧𝐠) ကို လိုအပ်သလို ပြုလုပ်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
𝐇𝐨𝐥𝐭𝐞𝐫 𝐌𝐨𝐧𝐢𝐭𝐨𝐫𝐢𝐧𝐠 လုပ်ဖို့ဆို ဆေးရုံတက်စရာမလိုပါဘူး။ မိမိရင်ဘတ်မှာ ECG ငုတ်လေးတွေတပ်ထားပြီး မိတ်ကပ်ဗူးလောက်ရှိတဲ့ စက်လေးတစ်ခုကို ကြိုးတွေချိတ်ပြီး ကိုယ့်အိမ်မှာပဲ သက်တောင့်သက်သာ နေရုံပါပဲ။
အဲ့လို စောင့်ကြည့်မှတ်တမ်းတင်စဉ်ကာလ ရေချိုးလို့မရပါဘူး။
ECG ငုတ်တွေကို ကိုယ့်သဘောနဲ့ကိုယ် ဖြုတ်လိုက်လို့မရပါဘူး။
သံလိုက်နဲ့ သံလိုက်စက်ဝန်းထုတ်တဲ့ လျှပ်စစ်ပစ္စည်းတွေ၊ ဖုန်းနဲ့ Radio လှိုင်း ထုတ်တဲ့ပစ္စည်းတွေ ကိုစက်တပ်ထားစဥ် အသုံးပြုခြင်းမှ ရှောင်ရန် လိုအပ်ပါတယ်။
နှလုံးခုန်မြန်စေတဲ့ ဆေးလိပ်သောက်ခြင်း အရက်ဘီယာသောက်ခြင်းတို့ ရှောင်ရန် လိုအပ်ပါတယ်။
ဒါတွေဟာ ECG မှတ်တမ်း တင်ခြင်းကို နှောက်ယှက်နိုင်တာဖြစ်လို့ အဖြေမှားနိုင်ပါတယ်။
၂၄ နာရီ သို့မဟုတ် ၄၈ နာရီ ကြာတဲ့အခါ ဆေးရုံမှာ စက်လာဖြုတ်ပြီး ပုံမှန်လှုပ်ရှားသွားလာလို့ရပါတယ်။
အဖြေကိုတော့ ၃ ရက်အတွင်း ရလေ့ရှိပါတယ်။
ရလာတဲ့ result အခြေအနေပေါ်ကြည့်ပြီး -
- သောက်ဆေး နှင့် ကုသနိုင်မလား
- ဒါမှမဟုတ် (𝐏𝐚𝐜𝐞𝐦𝐚𝐤𝐞𝐫/𝐈𝐂𝐃 𝐈𝐧𝐬𝐞𝐫𝐭𝐢𝐨𝐧) စတဲ့ နှလုံးစက် ထည့်ပြီး ကုသမလား
- နှလုံးလျှပ်စီးပတ်လမ်းကြောင်း အပိုများ အပူပေးဖြတ်တောက်ခြင်း (𝐄𝐏𝐒 & 𝐑𝐚𝐝𝐢𝐨𝐟𝐫𝐞𝐪𝐮𝐞𝐧𝐜𝐲 𝐀𝐛𝐥𝐚𝐭𝐢𝐨𝐧)တို့ဖြင့် ကုသမလား
စသဖြင့် နှလုံးအထူးကု ဆရာဝန်ကြီးများနှင့် တိုင်ပင်ပြီး လိုအပ်သလို ကုသမှုခံယူမှသာ ရောဂါလက္ခဏာများ ပျောက်ကင်း သက်သာမှာ ဖြစ်ပါတယ်။
Grand Hantha ၏ 𝐂𝐚𝐭𝐡 𝐋𝐚𝐛 ဌာနကြီးမှာဆိုရင် နှလုံးလျှပ်စီးပတ်လမ်းကြောင်းဆိုင်ရာ ရောဂါအမျိုးမျိုးကို တစ်နေရာတည်းမှာပဲ ရောဂါရှာဖွေချိန် မှစပြီး ကုသမှုအထိ အလုံးစုံ ကုသဆောင်ရွက်နိုင်တာဖြစ်လို့ ရောဂါဝေဒနာများ အမြန်ဆုံး သက်သာ ပျောက်ကင်းနိုင်ပြီပဲ ဖြစ်ပါတယ်
Centers & Clinics
Specialties
24 hour services