November 29, 2022

ဂရန်း(ဒ်)ဟံသာ အင်တာနေရှင်နယ် ဆေးရုံကြီးတွင် ဓာတ်ရောင်ခြည်ပေး ကုထုံးတစ်မျိုးဖြစ်တဲ့ Brachytherapy ဖြင့် ကုသမှုတွေ စတင် ပြုလုပ်ပေးနေပြီ ဖြစ်ကြောင်း သတင်းကောင်းလေး ပါးချင်ပါတယ်။

သားအိမ်ခေါင်း ကင်ဆာ၊ သားအိမ် ကင်ဆာနှင့် ယောနိလမ်းကြောင်းကင်ဆာ စသော ကင်ဆာရောဂါ တို့၌ ပုံမှန် ပြင်ပဓာတ်ရောင်ခြည် ကုသမှု (External Beam) ဖြင့် ကုသမှု အပြီး တွင် Brachytherapy ကုသမှုဖြင့် ထပ်ပေါင်း ကုသလိုက်ပါက ပြည့်စုံ ကောင်းမွန်သော ကုသမှုကို ရရှိသွားမည် ဖြစ်ပါတယ်။

Brachytherapy ဓာတ်ရောင်ခြည် အပ်စိုက် ကုသမှုရဲ့

အားသာချက်တွေက ဘာတွေလဲ ဆိုတော့ -

  • ပုံမှန် ပြင်ပဓာတ်ရောင်ခြည်ပေး ကုသမှုမျိုး(External Beam) ကဲ့သို့မဟုတ်ပဲ
  • ကင်ဆာအကြိတ် ဖြစ်ပေါ်နေသော နေရာကို ပုံစံခွက် ပစ္စည်းများထည့်၍ တိုက်ရိုက် ဓာတ်ရောင်ခြည်ပေး ကုသခြင်း ဖြစ်သောကြောင့် ကင်ဆာအကြိတ် ရှိသောနေရာ သို့ တိကျစွာ ဓာတ်ရောင်ခြည် ပေးနိုင်တယ်၊
  • ပိုမို ထိရောက်စေတယ်၊
  • နောက်ဆက်တွဲ ဘေးထွက်ဆိုးကျိုးများ ပိုနည်းစေတယ်၊
  • ပုံမှန်ထက် ကုသရချိန် တိုတောင်းစေတယ်၊
  • ကင်ဆာကြိတ် ဘေးပတ်ဝန်းကျင်က ကျန်းမာတဲ့ ဆဲလ်များကိုလည်း ဓာတ်ရောင်ခြည် ထိခိုက်မှု မရှိအောင်၊ ထိခိုက်မှု အနည်းဆုံးဖြစ်အောင် စွမ်းဆောင်နိုင်တယ်။
  • သူ့ရဲ့ ပိုထိရောက်တဲ့ အားသာချက်တွေက ကင်ဆာဆဲလ်ပွါးတာတွေကို သတ်ပြီး ကင်ဆာကြိတ်တွေကို ကျုံ့သွားစေခြင်းအားဖြင့် ကင်ဆာရောဂါ ကုသမှုခရီးတွင် များစွာ အထောက်အကူဖြစ်စေပြီး Treatment Outcome တိုးတက် ကောင်းမွန်အောင် ကူညီပေးနိုင်ပါလိမ့်မယ်။

အသေးစိတ် စုံစမ်းမေးမြန်းလိုပါက
ဓာတ်ရောင်ခြည် ဌာန 012317617, 01523000, 01523111 (Extension No: 8815) သို့ တိုက်ရိုက် ဆက်သွယ် စုံစမ်းနိုင်ပါသည်။
Grand Hantha Radiation Oncology Suite
Opening Hour- Mon to Fri ( 6am to 6pm )