ဆေးတောင့်မှန်ပြောင်း ခေါ် capsule endoscopy ကိုအူသိမ်လမ်းကြောင်းတလျှာက်ရောဂါရှာဖွေးရေးအတွက် အသုံးပြုပါသည်။ ဆေးတောင့်မှန်ပြောင်းသမိုင်းခရီးစဉ်စတင်ခဲ့သည်မှာလွန်ခဲ့သည်အနှစ်၂၀ကတည်းကဖြစ်ပါသည်။ Gavirel Iddan သည်အစ္စရေးနိုင်ငံကာကွယ်ရေးဝန်ကြီးဌာန၊သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်ရေးဌာနလက်အောက်ရှိ လျှပ်စစ်ဒီဇိုင်းဌာနတွင်အထက်တန်းအင်ဂျီနီယာအဖြစ်လုပ်ကိုင်နေသူတဦးဖြစ်သည်။ ဆေးဘက်ဆိုင်ရာပုံရိပ်ဖမ်းယူခြင်း နည်းပညာများကိုစိတ်ဝင်စားသူတဦးဖြစ်သည့်Iddan သည် ၁၉၈၁ခုနှစ်တွင်အလုပ်မှလစာဖြင့်ခွင့်ရက်ရှည်ယူပြီးဘွန်စတွန် ရှိElscint ကုမ္ပဏီတွင် X-ray နှင့်တယ်လီဗေးရှင်းဓာတ်မှန်ဆို်င်ရာသုတေသနတခုကိုစတင်ခဲ့သည်။ကမ္ဘာ့ပထမဆုံးမျိုချပြီး ဗီဒီယိုရီုက်ကူးနိုင်သောဆေးတောင့်ကိုGavriel Iddan ကတီထွင်ခဲ့ပြီးထိုတီထွင်မှုအတွက်ပထမဆုံးစပ်သပ်သုံးစွဲခဲ့သော လူသားမှာPaul Swainဖြစ်သည်။ဆေးတောင်မှန်ပြောင်းကိုFDAမှ၂၀၀၀ပြည့်နှစ်သြဂုတ်လတွင်ပထမဆုံးအသိမှတ်ပြုခဲ့ သည်။ဆေးတောင်မှန်ပြောင်းသည်၃ဒသမရဂရမ်အလေးချိန်ရှိပြီးအရှည်၁၁မီလီမီတာအထူ၂၆မီလီမီတာရှိသည်။ ဆေးတောင့်သည်၁၄၀ဒီဂရီမြင်ကွင်းပါရှိပြီးရှစ်ဆအထိတိုးချဲ့နိုင်သောမှန်ဘီလူးတပ်ဆင်ထားသည်။အနက်၁မီလီမီတာ မှ၃၀မီလီမီတာအထိမြင်နိုင်သောမြင်ကွင်းကျယ်နှင့်အသေးဆုံးဝဒသမ၁မီလီမီတာပမာဏအထိတိုင်းတာနိုင်သည်။ ဆေးတောင့်မှန်ပြောင်း၏ဘတ်ထရီသက်တမ်းမှာ၆နာရီမှာ၈နာရီအတွင်းကြာမြင့်နိုင်သည်။
ဗီဒီယိုရိုက်ကူးနိုင်သောဆေးတောင်မှန်ပြောင်းစနစ်
ဆေးတောင့်မှန်ပြောင်းဖြင့်ရိုက်ကူးထားသောအူသိမ်လမ်းကြောင်းတစ်လျှောက်ရှိပုံရိပ်များကိုကြိုးမဲ့စနစ်ဖြင့် လူနာကိုယ်ပေါ်တွင်ဝတ်ဆင်ထားသောပုံရိပ်စက်ပေါ်တွင်ကြည့်ရှုနိုင်မည်ဖြစ်သည်။ ယင်းစနစ်တွင်းအပိုင်းသုံးပိုင်းပါ၀င်သည်။
ဆေးတောင့်မှန်ပြောင်းဖြင့်စမ်းသပ်စစ်ဆေးမှုခံယူသင့်သူများ
- အူသိမ်လမ်းကြောင်း(Small Bowel)အတွင်းသွေးယိုစိမ့်မှုရှိသူများ
- အူသိမ်လမ်းကြောင်းရောင်ရမ်းခြင်း(Inflammatory Bowel Disease,Crohn’s Disease)သံသယရှိသူများ
- အူသိမ်လမ်းကြောင်းအတွင်းအသားပိုအလုံးများစစ်ဆေးခြင်း
- အူသိမ်ကင်ဆာသံသယရှိသူများ
- နာတာရှည်ဝမ်းပျက်ရောဂါ(coeliac disease)
မွေးကင်းစကလေးများနှင့်ကလေးသူငယ်များတွင်ဆေးတောင့်မှန်ပြောင်းအန္တရာယ်ကင်းစွာအသုံးပြုရေး
အမေရိကန်ပြည်ထောင်စုအစားအသောက်နှင့်ဆေးဝါးစီမံကွပ်ကဲရေးဌာနကအရွယ်ရောက်သူများတွင် အူသိမ်နှောင်ပိုင်းရောဂါများရှာဖွေရန်အတွက်ဆေးတောင့်မှန်ပြောင်းအသုံးပြုခြင်းကို၂၀၀၁ခုနှစ်ကစတင်အသိမှတ်ပြုခွင့် ပေးခဲ့ပြီးအသက်၁၀နှစ်မှ၁၈နှစ်အတွင်းရှိလူနာများကိုစမ်းသပ်နိုင်ရန်၂၀၀၄ခုနှစ်တွင်ဇန်နဝါရီလကစတင်ခွင့်ပြုပေးခဲ့သည်။ ထို့နောက်၂၀၀၉ခုနှစ်စက်တင်ဘာလတွင်အသက်၂နှစ်နှင့်အထက်ကလေးသူငယ်များတွင်လည်းဆေးတောင့်မှန်ပြောင်း အသုံးပြုခွင့်ကိုအသိမှတ်ပြုခဲ့ပါသည်။
ဆေးတောင်မှန်ပြောင်းအသုံးမပြုသင့်သောလူနာများမှာ
- အူသိမ်လမ်းကြောင်းတလျှောက်ပိတ်ဆို့ရှိသူများ၊အူပေါက်ခြင်းနှင့်အူကျဉ်းခြင်း
- နှလုံးအတွင်းစက်၊နှလုံးခုန်နှုနး်စက်တပ်ထားသူများနှင့်အခြားပစ္စည်းများတပ်ဆင်ထားသူများ
- အစာမျိုုရန်ခက်ခဲ့သောသူများ
- အူသိမ်တွင်ပုံမှန်မဟုတ်သောအတက်အပိုပါရှိသူများ(Diverticulum)
- ကိုယ်ဝန်ဆောင်များ၊မွေးကင်းစကလေးများ၊နှလုံးရောဂါနှင့်အတက်ရောဂါရှိသူလူနာများ အကယ်၍လူနာကဆေးတောင်မှန်ပြောင်းကိုအသုံးပြု၍လူနာကဆေးတောင့်မှန်ပြောင်းကိုအသုံးပြုပြီးအူသိမ်ပိုင်းအထိ ရောက်အောင်ထည့်သွင်းနိုင်ပါသည်။
စမ်းသပ်မှုမပြုမီပြင်ဆင်ထားရမည့်အချက်များ
- အများအားဖြင့်ပြင်ပလူနာဌာန (သို့မဟုတ်)အတွင်းလူနာဌာနအဖြစ်ဆေးရုံတတ်ရောက်ပြီးစမ်းသပ်မှုခံယူရပါမည်။
- စမ်းသပ်မှုမတိုင်မီ၁၀နာရီမှ၁၂နာရီအတွင်းအစာရှောင်ခြင်း(သို့မဟုတ်)အရည်ကြည်တမျိုးတည်းကိုသာသောက်သုံးခြင်း သည်အကောင်းဆုံးဖြစ်သည်။
- အချို့ဆေးရုံးများတွင်စစ်ဆေးမှုမတိုင်မီ၂၄နာရီအတွင်းအရည်ကြည်တမျိုးတည်းကိုသာတိုက်ကျွေး လေ့ရှိပါသည်။
- စမ်းသပ်မှုမတိုင်မီညတွင်အစာအိမ်နှုင့်အူလမ်းကြောင်းတလျှောက်လုံးကိုသန့်ရှင်းနေစေရန်ပြုလုပ်ထားခြင်းဖြင့် အူသိမ်ပိုင်းအထိပုံရိပ်များဖမ်းယူရာတွင်ပိုမိုကောင်းမွန်စေနိုင်မည်ဖြစ်ပါသည်။ အစာစားခြင်း၊ရေသောက်ခြင်းကိုစမ်းသပ်မှုမတိုင်မီ၁၂နာရီခန့်မှစပြီးရပ်တန့်ထားရန်လိုအပ်ပါသည်။သို ့မှသာ အူလမ်းကြောင်းအတွင်းအစားများဝင်ရောက်နေခြင်းမရှိတော့မှပုံရိပ်များကိုသေချာမြင်နိုင်မည်ဖြစ်သည်။ အချို့ဆေးများကိုသောက်သုံးခြင်းမှခေတ္တရပ်နားထားရန်လိုအပ်ပါသည်။ဆေးတောင့်မှန်ပြောင်းရွေ့လျားမှုကို ထိခိုက်စေနိုင်သောဆေးများ(ဥပမာ-အူလမ်းကြောင်းလှုပ်ရှားစေမှုနှေးစေသောဆေးများ)သောက်သုံးနေပါကစမ်းသပ်မှု မတိုင်မီဆရာဝန်အားသေချာပြော ပြရန်လိုအပ်သည်။ဆေးတောင့်ကိုမျိုချပြီးနောက်သာမန်လှုပ်ရှားသွားလာနေထိုင် သကဲ့သို့ပင်နေနိုင်ပါသည်။သို့ရာတွင်ပြင်းထန်သောလေ့ကျင့်ခန်းများနှင့်အလေးမခြင်းကိုရှောင်ကြဉ်ရမည်။
စမ်းသပ်စစ်ဆေးမှု
ဆေးတောင့်အရွယ်ရှိသောကင်မရာကိုမျိုချပြီမှတ်တမ်းများကိုသိမ်းဆည်ရယူနိုင်ရန်အချက်အလက်များဖမ်းယူနိုင်သော အာရုံခံစနစ်ပါရှိသောခါးပတ်ကို၈နာရီအကြာဝတ်ဆင်ရမည်။ဆေးတောင့်မှန်ပြောင်ကိုမျိုချပြီး၂နာရီအတွင်းရေသောက် ခြင်းလုံးဝမပြုလုပ်ရပါ။စမ်းသပ်မှုစတင်ပြီး၄နာရီအတွင်းအစားလုံးဝမစားရ။စမ်းသပ်စစ်ဆေးမှူပြုနေစဉ်ပီကေဝါးခြင်း၊ ကွမ်းယာစသည့်တိုကိုမသုံးစွဲရ။ဆေးတောင့်မှန်ပြောင်းကိုမျိချနိုင်ရန်အတွက်ရေတစ်ခွက်သောက်ခွင့်ပေးမည်ဖြစ်ပြီး Simethicone ကဲ့သို့လေဆေးကိုတိုက်ကျွေးမည်ဖြစ်သည်။လေပူဖောင်းများသည်ဆေးတောင့်မှန်ပြောင်းမှပုံရိပ်ဖမ်းခြင်းကို အနှောက်အယှက်ပေးနိုင်သည်။ဆေးတောင့်လေးသည်အစာအိမ်နှင့်အူလမ်းကြောင်းတလျှောက်ရှိပုံရိပ်များကိုမှတ်တမ်း တင်ရယူသွားပြီးလူနာ၏ကိုယ်တွင်တပ်ဆင်ထားသောအာရုံခံစနစ်ခါးပတ်သို့ပေးပို့သည်။ထို့မှတဆင့်ကွန်ပြုတာတွင် သိမ်းဆည်ထားနိုင်ပြီးဆရာဝန်သည်စမ်းသပ်စစ်ဆေးနေချိန်ကာလတွင်သော်လည်းကောင်း၊စစ်ဆေးမှုပြီးသွားမှ သော်လည်းကောင်းပုံရိပ်များကိုပြန်လည်ကြည့်ရှုနိုင်ပါသည်။ဆေးတောင့်မှန်ပြောင်းသည်တကြိမ်သာအသုံးပြုနိုင်မည်ဖြစ် သည်။
၂၄နာရီမှ၄၈နာရီအတွင်းထိုဆေးတောင့်လေးသည်ခန္ဓာကိုယ်အတွင်းမှဝမ်းသွားစဉ်အချိန်တွင်ပြန်ထွက်သွားမည် ဖြစ်သည်။ဆေးတောင့်ကိုသီးသန့်စွန့်ပစ်ဖျက်စီးရန်မလိုဘဲဝမ်းနှင့်အတူပါသွားမည်ဖြစ်သည်။
ဘေးထွက်ဆိုးကျိုးများ
ယေဘုယျအားဖြင့်ကြိုးမဲ့ဆေးတောင့်မှန်ပြောင်းသည်အန္တာရယ်မရှိနိင်သောစမ်းသပ်မှုတခုဖြစ်သည်။စမ်းသပ်မှုနှင့်ဆက်နွှယ် ပြီးဘေးထွက်ဆိုးကျိုးဖြစ်ပွားနိုင်သောရာခိုင်နှုန်းမှာ၂ရာခိုင်းနှုန်းခန့်ရှိပါသည်။
- ဆေးတောင့်အူလမ်းကြောင်းတွင်ကျန်ရှိခြင်း အဓိကဘေးထွက်ဆိုးကျိုးတခုဖြစ်သည်။စမ်းသပ်စစ်ဆေးမှုခံယူပြီးအနည်းငယ်နှစ်ပတ်ကြာသည်အထိဆေးတောင့်မှန် ပြောင်းသည်အစာအိမ်နှင့်အူလမ်းကြောင်းထဲတွင်ကျန်ရှိနေခြင်းဖြစ်သည်။
- အူလမ်းကြောင်းပေါက်ပြဲခြင်း
- လေပြွန်အတွင်းဝင်ရောက်သွားခြင်း
- စမ်းသပ်စစ်ဆေးမှုမအောင်မြင်ခြင်း
- ၈၀ရာခိုင်နှုန်းသောလူနာများတွင်ဆေးတောင့်မှန်ပြောင်းဖြင့်အူသိမ်ပိုင်းအထိစမး်သပ်စစ်ဆေးမှုသည်ပြီးမြောက်အောင်မြင် နိူင်ပါသည်။စစ်ဆေးမှုမပြီးဆုံးခြင်းဖြစ်နိုင်သောအကြောင်းအရာတခုမှာအူမကြီးအတွင်းသို့မှန်ပြောင်းမရောက်မီဆေးတောင့် တွင်တပ်ဆင်ထားသောဘတ်ထရီအားကုန်သွားသောကြောင့်ဖြစ်တတ်ပါသည်။ထို့အပြင်အစာအိမ်လှုပ်ရှားမှုနှေးခြင်း၊ ယခင်ကဝမ်းဗိုက်ခွဲစိတ်ကုသမှုခံယူဖူးခြင်း၊အသက်ကြီးသူများနှင့်ဆီးချိုရောဂါသည်များတွင်လည်းစစ်ဆေးမှုအောင်မြင်ရန် ခက်ခဲ့ပါသည်။
ကောင်းကျိုးနှင့်ဆိုးကျိုးများ(Advantages & Disadvantages)
ကောင်းကျိုးများ
- နာကျင်မှုမရှိခြင်း
- အစာအိမ်ကြည့်မှန်ပြောင်းကဲ့သို့ပါးစပ်ထည့်သို့ပို်က်ထည့်သွင်းရန်မလိုအပ်ခြင်း
- အစာအိမ်သွေးယိုခြင်းဖြစ်စေတတ်သောအရာများကိုရှာဖွေပေးနိုင်ခြင်း
- စမ်းသပ်မှုအတွက်မေ့ဆေး၊ထုံဆေး၊အိပ်ဆေးများမလိုအပ်ခြင်း
ဆိုးကျိုးများ
- ဆေးတောင့်ကိုမျိုချရန်ခက်ခဲခြင်း
- စမ်းသပ်စစ်ဆေးနေစဉ်အသားစနမူနာယူခြင်းနှင့်ကုသမှုမပြုလုပ်နိုင်ခြင်း(စမ်းသပ်စစ်ဆေးခြင်းအတွက်သာအသုံး ပြုနိုင်သည်)
- ပုံရိပ်များကိုမြင်ရန်ခက်ခဲခြင်း၊အရည်အသွေးမကောင်းမွန်ခြင်း
- နေရာအတိအကျသိနိုင်စွမ်းမရှိခြင်း
- ဆေးတောင့်သွားရာလမ်းကြောင်းနှင့်ပုံရိပ်မြင်ကွင်းကိုထိန်းချုပ်နိုင်စွမ်းမရှိခြင်း
- အူလမ်းကြောင်းကိုချောမွေ့စေရန်၊ကျယ်စေရန်မပြုလုပ်နိုင်ခြင်း(လေထိုးသွင်းခြင်းတို့မပြုလုပ်နိုင်ပါ)
- မှန်ပြောင်းကဲ့သို့လေထိုးသွင်းခြင်းနှင့်ရေသွင်းခြင်းများမပြုလုပ်နိုင်ပါ
- ပုံရိပ်မြင်ကွင်းမှာသေးလွန်းခြင်း
- စမ်းသပ်မှုမှာ၆နာရီမှ၁၂နာရီအထိကြာမြင့်ခြင်း
- ဆေးတောင့်အူလမ်းကြောင်းတွင်ကျန်ရှိနေပြီးအူပိတ်ခြင်း
အူလမ်းကြောင်းသန့်စင်ခြင်း
အူသိမ်လမ်းကြောင်းအတွင်းဆေးတောင့်မှန်ပြောင်းဖြင့်စမ်းသပ်စစ်ဆေးမှုမပြုလုပ်မီအူလမ်းကြောင်းသန့်စင်ခြင်း ဖြင့်များစွာအထောက်အကူပြုနိုင်ပါသည်။များမကြာသေးမီကပြုလုပ်ခဲ့သောသုတေသနများအရအူသိမ်အတွင်း သန့်စင်နည်း(PEGဆေးရည် သို့မဟုတ်ဆိုဒီယမ်ဖော့စ်ဖိတ်)သည်အူသိမ်းလမ်းကြောင်းနံရံတလျှောက်တွင် မြင်ကွင်းကိုပိုမိုရှင်းလင်းစေပါသည်။သို့ရာတွင်အူလမ်းကြောင်းအတွင်းရွေ့လျားခြင်းနှင့်စမ်းသပ်မှုပြီးဆုံးရန်ကြာမြင့်ချိန်ပေါ်တွင်အကျိုးသက်ရောက်မှုမရှိသေးပါ။
အစာအိမ်ရေမျိုပြွန်အတွင်းစမ်းသပ်ခြင်း
Pillcam ESO2 ဆေးတောင့်အမျိုးအစားသည်အစာရေမျိုပြွန်စမ်းသပ်မှုအတွက်အသုံးပြုနိုင်သောတခုတည်းသော နည်းစနစ်ဖြစ်ပါသည်။ထိုဆေးတောင့်၏ဘတ်ထရီသက်တမ်းမှာမိနစ်၂၀သာဖြစ်သည်။ကင်မရာများသည်ဆေးတောင့်၏ အစွန်းနှစ်ဖက်တွင်တည်ရှိပြီတစ်စက္ကန့်လျှင်ပုံရိပ်၁၈ခုအထိရိုက်ကူပေးနိုင်ပါသည်။သို့ရာတွင်ယခုချိန်အထိဆရာဝန်အများစု ကျေနပ်သည့်အနေအထားထိမအောင်မြင်သေးပါ။
အူမကြီးစမ်းသပ်စစ်ဆေးခြင်း
အူမကြီးစစ်ဆေးရန်အသုံးပြုသောဆေးတောင်ံမှန်ပြောင်းသည်သာမန်ဆေးတောင်မှန်ပြောင်း၏ဒုတိယမျိုးဆက်ဖြစ်ပြီး Pillcam Colon2နှင့်Given Imaging အမည်ဖြင့်ထုတ်လုပ်ထားပါသည်။အူမကြီးသုံးဆေးတောင့်မှန်ပြောင်းသည် အမေရိကန်ပြည်ထောင်စုတွင်စတင်အသုံးပြုခြင်းမရှိသေးသော်လည်းဥရောပတွင်မူအသိအမှတ်ပြုခွင့်ရရှိထားပြီး ဖြစ်သည်။
စမ်းသပ်စစ်ဆေးမှုအန္တရာယ်ကင်းစေရန်
ဆေးတောင့်မှန်ပြောင်းအသုံးပြုနေစဉ်
- ရေဒိယိုသတ္တိကြွနှင့်သံလိုက်လှိုင်းဆွဲအားမြင့်မားသောနေရာများကိုရှောင်ကြဉ်ပါ(ဥပမာ-Voltage ရေဒါ၊ဓာတ်အားပေး စက်ရုံးများ၊သံလိုက်ဓာတ်မှန်နှင့်ကွန်ပြုတာဓာတ်မှန်)
- လျှပ်စစ်ဓာတ်အားသုံးစောင်၊ရေနွေးအိတ်စသည်တို့ကိုအသုံးမပြုရ။
- ကွန်ပြူတာ၊ရေဒီယိုနှင့်လက်ကိုင်ဖုန်းအသုံးပြုနိုင်ပါသည်။
- ပြင်းထန်သောကိုယ်လက်လှုပ်ရှားမှုများမပြုလုပ်သင့်ပါ။
- ဆေးတောင့်မှန်ပြောင်းဖြင့်စမ်သပ်စစ်ဆေးနေစဉ်အခြားဆေးတောင့်မှန်ပြောင်းအသုံးနေသောလူနာနှင့်ထိတွေ့ခြင်း မပြုလုပ်ရပါ။
- စမ်းသပ်မှုမတိုင်မီ၁၂နာရီအတွင်းဆေးလိပ်မသောက်ရပါ။
- ဆီးချိုရောဂါသည်များအနေဖြင့်စမ်းသပ်စစ်ဆေးမှုမတိုင်မီဆရာဝန်အားမိမိ၏ကျန်းမာရေးအခြေအနေဖြင့်တကွ သောက်သုံးနေသောဆေးအမျိုးအစား၊ပမာဏတို့ကိုအသိပေးရန်လိုအပ်ပါသည်။
- ဗိုက်နာခြင်း၊အန်ခြင်း၊ဖျားခြင်း၊နှလုံးတုန်ခြင်း၊မူးမော်ခြင်းနှင့်တတ်ခြင်းစသည့်တို့ကိုဖြစ်ပေါ်လာပါကဆရာဝန်ထံ ဆက်သွယ်ရပါမည်။
- ၀မ်းသွားရာတွင်ဆေးတောင့်ပါရှိသွားခြင်းရှိမရှိကိုအတည်ပြုရန်လိုအပ်ပါသည်။
ကုန်ကျစရိတ်
နိုင်ငံတကာတွင်ဆေးတောင့်မှန်ပြောင်းကြည့်လျှင်အမေရိကန်ဒေါ်လာ၅၀၀မှ၁၅၀၀အထိကုန်ကျပါသည်။ မြန်မာနိုင်ငံကျန်းမားရေးနှင့်အားကစားဝန်ကြီးဌာနလက်အောက်ရှိအစိုးရဆေးရုံးများတွင်အခမဲ့စမ်းသပ်နေပါသည်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထောက်ပံံထားသောဆေးတောင့်မှန်ပြောင်းများကုန်သွားလျှင်လူနာကဝယ်ယူရပါ မည်။ ထိုအခါလူနာကကုန်ကျစရတ်အဖြစ်ဒေါ်လာ၅၀၀ခန့်ကုန်ကျမည်နိုင်သည်။
လွဲမှားသောအယူအဆများ
လူနာအများစုကမှန်ပြောင်းမကြည့်ဘဲအစာအိမ်နှင့်အူလမ်းကြောင်းရောဂါများကိုဆေးတောင့်မှန်ပြောင်းဖြင့် ရှာပေးရန်တောင်းဆိုကြပါသည်။အစာအိမ်အတွက်အပေါ်ပိုင်းမှန်ပြောင်း၊အူမကြီးအတွက်အော်ပိုင်းမှန်ပြောင်းသည် အကောင်းဆုံးဖြစ်ပါသည်။ဆေးတောင့်မှန်ပြောင်းသည်အူသိမ်ရောဂါရှာဖွေရာတွင်အဓိကအသုံးပြုပါသည်။
နိဂုံးချုပ်-
အချုပ်အားဖြင့်ဆေးတောင့်မှန်ပြောင်းဖြင့်ရောဂါရှာဖွေခြင်းကိုပြင်ပဆေးရုံ၊ဆေးခန်းများမှာမရသေးပါ။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနလက်အောက်ရှိအစာအိမ်နှင်အူလမ်းကြောင်းဌာနများတွင်သာရရှိနိုင်ပါ သည်။မြန်မာနိုင်ငံတွင်ဆေးတောင့်မှန်ပြောင်းဖြင့်ရောဂါရှာဖွေခြင်းကို၂၀၁၃ခုနှစ်ကစတင်ပြီ၍အသုံးပြုနေပြီဖြစ်ပါသည်။ တိုးတတ်လာသောနည်းပညာများဖြင့်အူသိမ်လမ်းကြောင်း(Small Bowel)အတွင်းရှိရောဂါများကိုဆေးတောင့်မှန်ပြောင်းဖြင့် အောင်မြင်စွာရှာဖွေနိုင်ပြီဖြစ်သည်။ကုသမှုများကိုပြုလုပ်နိုင်ခြင်းမရှိသေးပါ။ထို့အပြင်အစာရေမျိုပြွန်၊အစာအိမ်နှင့်အူမကြီ ရောဂါများရှာဖွေရန်အတွက်ပိုမိုစနစ်ကျကောင်းမွန်သောသုတေသနများစွာလိုအပ်နေဦးမည်ဖြစ်ပါသည်။
ပါမောက္ခဒေါက်တာသိန်းမြင့်
M.B.,B.S, M.Med.Sc (Internal Medicine), MACTM (Aus), Dr.Med.Sc (Gastroenterology), M.R.C.P (UK), F.R.C.P (Edin)
Clinic Date and Time - Saturday and Sunday - 9 AM - 12 Noon
Centers & Clinics
Specialties
24 hour services