November 10, 2024

စိတ်ကျေနပ်မှု ပြည့်ဝသော လိင်ဆက်ဆံမှု ရရှိရန် လုံလောက်သော လိင်တံမာကြောမှု မရရှိလို့ ယုံကြည်မှုတွေ ပျောက်ဆုံးပြီး မကျေမနပ်ဖြစ်နေရပြီလား….

ဒီအတွက်တော့ စိတ်မပူပါနဲ့

ပန်းသေပန်းညှိုးရောဂါဟာ ပျောက်ကင်းအောင် ကုသနိုင်ပါတယ်။

ဂရန်း(ဒ်)ဟံသာ 𝐄𝐫𝐞𝐜𝐭𝐢𝐥𝐞 𝐃𝐲𝐬𝐟𝐮𝐧𝐜𝐭𝐢𝐨𝐧 𝐂𝐚𝐫𝐞 𝐂𝐞𝐧𝐭𝐞𝐫 မှာ ကျွမ်းကျင် ဟော်မုန်း ရောဂါဆိုင်ရာ အထူးကုဆရာဝန်ကြီးများ နှင့် အမြန်ဆုံး လာရောက် ကုသလိုက်ပါ

ပန်းသေပန်းညှိုးရောဂါဟာ စိတ်ရောဂါ နှင့် စိတ်ဖိစီးမှုများ၊ နှလုံးရောဂါ၊ ဦးနှောက် နှင့် အာရုံကြောရောဂါ၊ ဆီးချို၊ သွေးတိုးရောဂါ၊ သွေးတွင်းအဆီဓာတ်များနေခြင်း၊ အဝလွန်ခြင်း စတဲ့ ရောဂါ အခံများနှင့်လည်း ဆက်စပ်မှုရှိနေနိုင်သလို ထိုရောဂါများကြောင့်လည်း ပန်းသေပန်းညှိုးရောဂါဟာ ပိုဆိုးလာနိုင်ပါတယ်။

ဒါ့ကြောင့် ပြီးပြည့်စုံသော အိမ်ထောင်ရေး သုခ

ရရှိစေရန်အတွက်ရယ်၊

ရေရှည် ကျန်းမာရေး ကောင်းဖို့အတွက်ရယ်ရည်ရွယ်ပြီး အထူးကု ဆရာဝန်ကြီးများနှင့်သာ စနစ်တကျ ကုသမှု ခံယူသင့်ပါတယ်။

စိတ်ပိုင်းဆိုင်ရာ ဆွေးနွေး ကုသပေးခြင်း၊

ရောဂါ ရာဇဝင်များပေါ် မူတည်၍ သောက်ဆေး၊ ထိုးဆေး၊ လိမ်းဆေး အမျိုးမျိုးဖြင့် ရွေးချယ် ကုသပေးခြင်း၊

လေစုပ်ကိရိယာ ကဲ့သို့ စက်ပစ္စည်းကိရိယာများ အကူအညီဖြင့် ကုသပေးခြင်း၊

လိင်အင်္ဂါအတွင်း(သို့) ဆီးလမ်းကြောင်းတွင်းသို့

ဆေးများထည့်၍ ကုသပေးခြင်း၊

လိင်အင်္ဂါအတွင်းသို့ ခွဲစိတ်၍ ပစ္စည်းထည့်ခြင်း

စတဲ့ အဆင့်မြင့် ကုသရေး စက်ပစ္စည်း ကိရိယာများဖြင့် -

ရောဂါဖြစ်ရသော အဓိက အကြောင်းအရင်း၊ ရောဂါအခံများ၊ လက်ရှိသောက်သုံးနေသော ဆေးဝါးများ နှင့် စိတ်ခံစားချက်များ စတာတွေကို ဆရာဝန်ကြီးများနှင့် တိုင်ပင်ဆွေးနွေးပြီး အသင့်တော်ဆုံး ဖြစ်မည့် ကုထုံးကို လူနာ သဘောတူ ရွေးချယ် ကုသပေးလျက်ရှိပါတယ်