April 23, 2022

ဘာ့ကြောင့် Mammogram ရိုက်ကြည့်ဖို့ အရေးကြီးတာလဲ ။

အမျိုးသမီးများတွင် အဖြစ်အများဆုံးသော ကင်ဆာရောဂါများထဲတွင် ရင်သားကင်ဆာသည် ထိပ်ဆုံးက ပါဝင်ပါသည်။ မိမိခန္ဓာကိုယ်ရှိ ပုံမှန်မဟုတ်သော အလုံးအကျိတ်များကို ပထမဦးဆုံး သိရှိနိုင်သူမှာ မိမိကိုယ်တိုင် သာလျှင် ဖြစ်ပါသည်။ သို့ဖြစ်ပါသောကြောင့် အမျိုးသမီးများအနေနှင့် မိမိရင်သားတွင် အလုံးအကြိတ်များရှိမရှိကို နေ့စဥ် စမ်းသပ်စစ်ဆေးကြည့် နေဖို့လိုအပ်ပါတယ်။ မိမိ ရင်သား တွင် ပုံမှန်မဟုတ်တဲ့ အလုံးအကျိတ် တခုခု သံသယရှိဖွယ် စမ်းမိပြီဆိုလျှင် ၊ ပုံမှန်မဟုတ်သော အရည်များ ထွက်နေတယ်ဆိုလျှင် တွန့်ဆုတ် မနေဘဲ ဆရာဝန်ကြီး နှင့် ပြသပြီး စမ်းသပ် စစ်ဆေးမှု ခံယူသင့်ပါတယ်။ မျက်စိဖြင့် မမြင်နိုင်သော ၊ လက်ဖြင့် စမ်းသပ်ရာတွင် မတွေ့မြင်နိုင်သော အလုံးအကြိတ် များအတွက် ရင်သား အယ်ထရာဆောင်း ( Ultrasound Breast ) နှင့် ရင်သားဓာတ်မှန်ရိုက်ခြင်း (Mammogram) များ ပြုလုပ် သင့်ပါသည်။ ထိုသို့ ရိုက်ကူးခြင်းအားဖြင့် မိမိရင်သားတွင် အလုံးအကျိတ် ဘယ်နှခုရှိသလဲ၊ အရည်အိတ်လား အကျိတ်လား၊ ကင်ဆာဖြစ်ပွားနိုင်ချေ ရှိမရှိ ကို သိရှိနိုင်မှာပဲ ဖြစ်ပါတယ် ။

ဘယ်သူတွေ စစ်ဆေးသင့်သလဲ ။

အသက် ၄၀ နှင့် အထက် အမျိုးသမီးများ၊ အဝလွန်သူများ၊ စိတ်ဖိစီးမှုများသူများ၊ ဟော်မုန်းဆေးအသောက်များသောသူ များ ၊ မိဘမျိုးရိုးထဲတွင် ကင်ဆာရောဂါရာဇဝင်ရှိသူများတို့သည် တစ်နှစ် လျှင် တစ်ကြိမ် သတိထားပြီး ပုံမှန်စစ်ဆေးမှုများ ပြုလုပ်သင့်ပါသည်။

ရင်သားဓာတ်မှန်ရိုက်ဖို့ ဘာတွေ ပြင်ဆင်လာရမလဲ ။

- ရင်သားဓာတ်မှန်ကို အချိန်မရွေး လာရောက်စစ်ဆေးနိုင်ပါတယ်။ အသင့်တော်ဆုံးအချိန်မှာ နာကျင်မှုများသက်သာစေရန်အတွက် ရာသီလာပြီး တစ်ပတ်အကြာတွင် စစ်ဆေးနိုင်ပါသည်။
- ရင်သားအလှပြုပြင်ထားခြင်းရှိပါက ဓာတ်မှန်ဌာနသို့ ကြိုတင်အသိပေးထားရန်လိုအပ်ပါသည်။
- ရင်သား (သို့) ချိုင်း ကို မည်သည့်အလှပြင်အရာများ (ဥပမာ - ပေါင်ဒါမှုန့်၊အလှဆီ) မလိမ်းလာရန် လိုအပ်ပါသည်။

ဂရန်း(ဒ်)ဟံသာဆေးရုံကြီးမှာ စစ်ဆေး လို့ရပါသလား ။

Grand Hantha International Hospital ကြီးတွင် နိုင်ငံတကာအဆင့်မှီ High Definition Breast Tomosynthesis ( မြန်မာနိုင်ငံတွင် ပထမဦးဆုံး နည်းပညာ ) ကို အသုံးပြုထားသည့် 3D Digital Mammogram ဖြင့် ဓာတ်ရောင်ခြည်သင့်မှု ပြင်းပြင်းထန်ထန် မရှိဘဲ ရင်သားအား ဓာတ်မှန်ရိုက်စက်ထဲသို့ ဖိကပ်ခြင်းဖြင့် ရင်သားအတွင်းရှိ အလုံး၊ အကျိတ်များ ၊ကင်ဆာဖြစ်နိုင်ချေ ရှိမရှိကို တိကျပြတ်သားစွာ ပုံရိပ်ဖော်ပေးနိုင်တာ ဖြစ်ပါတယ် ။ ထိုကဲ့သို့ ပုံရိပ်ဖော် စစ်ဆေးနေစဥ် ပုံမှန် မဟုတ်သော အလုံးအကျိတ်များ တွေ့ရှိပါကလည်း တစ်ခါတည်း အသားစယူ စစ်ဆေးခြင်းကို Grand Hantha International Hospital ကြီးတွင် ဝန်ဆောင်မှု ပေးနေပါပြီ။