Probiotics
စတင်တွေ့ရှိခဲ့ပုံ
လက်တစ်အက်ဆစ် ဘက်တီးရီးယား (latic Acid Bacteria) သည် လူသားတို့၏ အူလမ်းကြောင်း ကျန်းမာရေးအတွက် အကျိုးရှိစေပြီး အသက်ရှည် ကျန်းမာစေနိုင်သည်ဟု ပရော်ဖက်ဆာ အီလီမက်ချင်ကော့ဖ် (Elie Metchnikoff) က လွန်ခဲ့သော နှစ်ပေါင်းတစ်ရာခန့်ကတည်းက ယူဆ ခဲ့ပါသည်။
ပရိုဘိုင်အိုတစ် ဆိုသည်မှာ Microorganism ခေါ် အလွန်တရာ သေးငယ်သည့် သက်ရှိပိုးမွှားများအား လူတို့၏ အစာအိမ်နှင့် အူလမ်းကြောင်း အတွင်းသို့ လုံလောက်သော ပမာဏအား ထည့်သွင်းပေးခြင်းဖြင့် ကျန်းမာရေး အရ အကျိုးကျေးဇူး ဖြစ်ထွန်းစေခြင်းဖြစ်သည်။
လူတို့၏ အူလမ်းကြောင်းအတွင်း နေထိုင်ကြသော အဏုပိုးမွှားတို့၏ ဖွဲ့စည်းတည်ဆောက်မှု စနစ် လူသားတို့၏ အူလမ်းကြောင်းတွင် အဏုပိုးမွှားများ ထူထပ်စွာ ပါဝင်လျက်ရှိပြီး သန်း(၁၀၀၀) သော ဘက်တီးရီးယား ဆဲလ်များသည် (၆)သိန်းခန့်သော ဗီဇမျိုးစေ့များကို လူသားတစ်ဦးချင်းစီအတွက် ထောက်ပံ့ပေးလျက်ရှိသည်။
အဏုပိုးမွှားများ၏ မျိုးစိတ်နှင့် ဗီဇအဆင့်များတွင် လူတစ်ဦးနှင့် တစ်ဦးခြားနားလျက်ရှိကြောင်း မှတ်သားဖွယ်ရာ တွေ့ရှိရသည်။ လူတစ်ဦးနှင့် တစ်ဦးတွင် လက်ခံထားရှိသော ဘက်တီးရီးယား ပါဝင်ဖွဲ့စည်းမှုသည် ၎င်းတို့၏ မျိုးရိုးဗီဇ ပါဝင်ဖွဲ့စည်းမှုနှင့် မိခင်ချက်ကြိုး မှတစ်ဆင့် ဘက်တီးရီးယားများ ရှေးဦးနေရာ ယူမှုများအပေါ်တွင်မူတည်၍ ကွဲပြားခြားနားလျက်ရှိသည်။ ဤနည်းအားဖြင့် အူတွင်းနေ ဘက်တီးရီးယားများနှင့် လူသားတို့သည် တစ်ဦးနှင့် တစ်ဦး အပြန်အလှန် အကျိုးပြုပေးသည့် စနစ် (Symbiotic relationship) ဖြင့် ပူးတွဲနေထိုင်ကြသည်။
ပရိုဘိုင်တစ်များ၏ အူလမ်းကြောင်း အပေါ်အကျိုးပြုပုံ
လူသားတို့၏ အစာအိမ်နှင့် အူလမ်းကြောင်းတစ်လျောက်တွင် အမြဲရှိနေသော လူ့အကျိုးပြုပိုးမွှား ပရိုဘိုင်အိုတစ်များသည် အူလမ်းကြောင်း အတွင်း ရောဂါဖြစ်စေသော ပိုးမွှားပေါက်ဖွားမှုအား တားဆီးပေးခြင်းဖြင့် အကျိုးပြုပါသည်။
ပုံမှန်အားဖြင့် ဝမ်းပျက်ဝမ်းလျောရောဂါဖြစ်ပွားသောအခါ ထိုအကျိုးပြုပိုးမွှားများသည် အစာအိမ်နှင့် အူလမ်းကြောင်းအတွင်းမှ ပျက်စီး ဆုံးရှုံးသွားလေ့ရှိသည်။ ထိုအခါ ဝမ်းပျက် ဝမ်းလျောရောဂါသည် ပိုမိုဆိုးရွားသွားတတ်ပြီး ပရိုဘိုင်အိုတစ် ခေါ် လူ့အကျိုးပြုပိုးမွှားများကို ပြင်ပမှနေ၍ ပြန်လည်ဖြည့်တင်းခြင်းဖြင့် သက်သာပျောက်ကင်းစေမည်ဖြစ်သည်။
ဥပမာ။ ။ BI-LACT, NOVA-LACT စသည့် ဖြည့်စွက် အာဟာရများ။
ဆေးပညာရပ်တွင် အသုံးချမှုများ
ပရိုဘိုင်အိုတစ်နှင့် ပရီဘိုင်အိုတစ် ခေါ် အမျိုးမျိုးသော အူလမ်းကြောင်း အကျိုးပြုဆေးဝါးများအား လက်ရှိဆေးပညာရပ်ဝန်းတွင် အသုံးပြုမှုများမှာ-
- မွေးကင်းစကလေးများနှင့် ကလေးငယ်များတွင် ဖြစ်တတ်သော ဝမ်းပျက်ဝမ်းလျောရောဂါ။
- ရုတ်တရက်ဖြစ်သော ဝမ်းပျက်ဝမ်းလျောရောဂါများ (Acute Diarrhoea) အား ကာကွယ်ပေးခြင်းနှင့် ကုသပေးခြင်းတို့တွင် အသုံးပြုခြင်း။
- ပဋိဇီဝဆေးဝါးများကြောင့် ဖြစ်သော ဝမ်းပျက်ဝမ်းလျောရောဂါ (Antibiotic associated diarrhea) များအား ကာကွယ်ပေးရာတွင် အသုံးပြုခြင်း။
- ဓာတ်ရောင်ခြည်ကြောင့်ဖြစ်သော ဝမ်းပျက်ဝမ်းလျောရောဂါ (Radiation induced diarrhea) များ ကုသရာတွင် အသုံးပြုခြင်း။
- HIV ဝေဒနာရှင်များတွင် ကြုံတွေ့ရလေ့ရှိသော ဝမ်းပျက်ဝမ်းလျောရောဂါ။
- အစာအဆိပ်သင့်ခြင်း၊ အစားမှားခြင်းတို့ကြောင့်ဖြစ်သော ဝမ်းပျက် ဝမ်းလျောရောဂါ။
- အစာအိမ်ရောင်ရမ်းခြင်းကို ဖြစ်စေသောအစာအိမ် ဘက်တီးရီးယားပိုး (H.pylori) အား အမြစ်ပြတ်အောင်နှိမ်နင်းရာတွင် အခြားပဋိဇီဝဆေးဝါးများနှင့် တွဲဖက်၍ ကုသရာတွင် အသုံးပြုခြင်း။
- နှလုံးသွေးကြောကျဉ်းရောဂါ (Cardiovascular disease) များတွင် ကြိုတင်ကာကွယ်နိုင်ရန် (သို့) သက်သာပျောက်ကင်းစေရန် အသုံးပြုခြင်း။ (ထိရောက်ပျောက်ကင်းမှုကိုမူ လက်ရှိအချိန်အထိ သက်သေ အထောက်အထား မပြနိုင်သေးချေ)
- အူမကြီးကင်ဆာ (Colon cancer) ဖြစ်ပွားနိုင်မှုအား လျော့ချပေးနိုင်ရန် အသုံးပြုခြင်း။
- နှင်းခူရောဂါ (Atopic eczema) ကုသရာတွင် အသုံးပြုခြင်း။
- အသည်းခြောက်ခြင်း၏ နောက်ဆက်တွဲရောဂါဝေဒနာဖြစ်သော အသည်းကြောင့် ဦးနှောက်လုပ်ငန်းဆောင်တာ ပျက်ယွင်းခြင်း (Hepatic encephalopathy) ကုသရာတွင် အသုံးပြုခြင်း။
- ကိုယ်ခံအားစနစ် တိုးမြှင့်ကောင်းမွန်စေရန် အသုံးပြုခြင်း။
- အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ရောဂွ ဝေဒနာ (Inflammatory bowel disease, Irritable bowel syndrome) တို့အား ကာကွယ်ကုသရာတွင် အသုံးပြုခြင်း။
- နို့ထွက်ပစ္စည်းများ မတည့်သောရောဂါ (Lactose malabsorption) ရှိသူများအား ကုသရာတွင် အသုံးပြူခြင်း။
- လမစေ့ဘဲ မွေးဖွားလာသော ကလေးငယ်များတွင် ဖြစ်တတ်သော အူရောင်ရောဂါ (Necrotizing enterocolitis) ဖြစ်ပွားမှုအား လျော့ကျစေရန် အသုံးပြုခြင်း။
- အရက်ကြောင့် မဟုတ်သော အသည်းအဆီဖုံးခြင်း (Non-alcohokic fatty liver disease) အား ကုသရာတွင် အသုံးပြုခြင်း။
ပရိုဘိုင်အိုတစ်အား ထပ်မံစမ်းသပ်နေမှုများ
ပရိုဘိုင်အိုတစ် ခေါ် အူလမ်းကြောင်း အကျိုးပြုဆေးဝါးများကို အောက်ပါရောဂါများတွင်လည်း အသုံးဝင် မဝင် စစ်ဆေးရှာဖွေမှုများ ပြုလုပ်လျက် ရှိနေပါသည်။
- နှင်းခူနာရောဂါ။ (Atopic eczema)
- အသည်းခြောက်ရောဂါ၏ နောက်ဆက်တွဲ ရောဂါဝေဒနာများ။ (Complications of liver cirrhosis)
- ခန္ဓာကိုယ်အတွင်း ကိုလက်စ်စရော လျော့ကျစေခြင်း။
- ယေဘုယျအားဖြင့်ဆိုလျင်မှု Probiotics ၏ အထိရောက်ဆုံးနှင့် အစွမ်းထက်ဆုံး ဆေးဘက်ဆိုင်ရာ သက်သေပြုချက်များမှာ အူလမ်းကြောင်းအား အကျိုးပြုပေးခြင်းနှင့် ကိုယ်ခံစွမ်းအားကို တိုးမြှင့်စေခြင်းတို့ ဖြစ်သည်။
ပရိုဘိုင်အိုတစ်၏ ဘေးထွက်ဆိုးကျိုးများ
ပရိုဘိုင်အိုတစ်၏ အတွေ့ရများသော ဘေးထွက်ဆိုးကျိုးအချို့မှာ-
- လေပွခြင်း။ (Flatulance)
- ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း။ (Bloating)
- ဝမ်းဗိုက်မအီမသာဖြစ်ခြင်း။ (Abdominal discomfort)
သတိပြုရန်
- အသက်ကြီးလွန်းသူများ၊
- အသည်းအသန် ရောဂါခံစားနေရသူများ (Critically ill patients) များတွင် အသုံးပြုရန် မသင့်ပါ။
Centers & Clinics
Specialties
24 hour services