January 24, 2021

အစားထိုး မြန်စွာ ဒူးဝေဒနာ

ဒူးခေါင်းမှာခန္ဓာကိုယ်တွင်အကြီးဆုံးJoint တစ်ခုဖြစ်သဖြင့်ထိခိုက်ဒဏ်ရာရခြင်း၊အဆစ်ရောင်ခြင်းများဖြစ်ပါက နေ့စဉ်ပုံမှန်လုပ်ငန်းများလုပ်ဆောင်ရာတွင်များစွာအခက်တွေ့နိုင်ပါတယ်။လမ်းလျှောက်ခြင်း၊လှေကားများတက်ရာတွင်နာကျင်ခံစားနေရပြီးပိုဆိုးလာလျှင်ထိုင်ရင်းလှဲလှောင်းရင်းတွင်ပါနာကျင်ခံစားနေရနိုင်ပါသည်။ထိုအခါအနာသက်သာဆေးများနှင့်ဆက်လက်မကုသသင့်ဘဲခွဲစိတ်ကုသခြင်းသာအသင့်တော်ဆုံးဖြစ်ပါသည်။ဒူးခေါင်းအစားထိုးခွဲစိတ်ကုသမှုမှာစိတ်ချရဆုံးခွဲစိတ်ကုသမှုများမှတစ်ခုဖြစ်သည့်အပြင်ပုံမှန်အကောင်းပကတိဖြစ်ရန်အမြန်ဆုံးသောကုသမှုဖြစ်ပါတယ်။ဒါ့အပြင်ခွဲစိတ်ကုသမှုပြီးမှပြန်လည်နာကျင်သောလူနာမှာလည်းအလွန်ရှားပါးပါတယ်။အစားထိုးခွဲစိတ်ကုသမှုပြီးလေ့ကျင့်ခန်းစနစ်တကျလုပ်ဆောင်ခြင်း၊အာဟာရပြည့်အောင်စနစ်တကျပြန်လည်စားသောက်ခြင်းနှင့်အနာကိုသန့်ရှင်းစွာဂရုစိုက်မည်ဆိုပါကအမြန်ဆုံးပုံမှန်နေ့စဉ်လုပ်ငန်းများကိုပြန်လည်လည်ဆောင်ရွက်နိုင်မှာပဲဖြစ်ပါတယ်။

ဒူးခေါင်းအစားထိုးကုသမှု(Total Knee Replacement) ခံယူဖို့ အသက်အရွယ်အပိုင်းအခြား အတိအကျသတ်မှတ်ထားခြင်း မရှိပါဘူး။ ဒူးခေါင်းအစားထိုးကုသမှုခံယူဖို့ လိုအပ်မှု ရှိမရှိကို လူနာရဲ့ အသက်အရွယ်ထက် လူနာတစ်ယောက်ချင်းစီအလိုက် ခံစားနေရတဲ့ ဒူးခေါင်းနာကျင်မှုဝေဒနာ၊ လူသာမန်လို လှုပ်ရှားသွားလာနိုင်ဖို့ အခက်အခဲဖြစ်နေတာတွေပေါ်မှာ မူတည်ပြီး ဆရာဝန်တွေက လမ်းညွှန်မှုပေးလေ့ရှိပါတယ်။

ယေဘူယျအားဖြင့်ဒူးခေါင်းအစားထိုးခွဲစိတ်ကုသမှုခံယူခြင်းဖြင့်အကျိုးကျေးဇူးများစွာရရှိနိုင်သောလူနာများမှာ -
  • ဒူးဆစ်နာကျင်မှုအလွန်ပြင်းထန်ပြီးဒူးဆစ်အကွေးအဆန့်ခက်ခဲနေခြင်း၊အဆစ်တောင့်နေခြင်းကြောင့်နေ့စဉ်လှုပ်ရှားသွားလာရာတွင်လိုအပ်သောလမ်းလျှောက်ခြင်း၊လှေကားတက်ခြင်း၊အထိုင်အထပြုလုပ်ခြင်းတို့ပြုလုပ်ရန်အခက်အခဲဖြစ်နေသောသူများ။
  • လမ်းအနည်းငယ်လျှောက်သည်နှင့်နာကျင်လာပြီးဒုတ်ကောက်၊လမ်းလျှောက်အကူကိရိယာများသုံးစွဲနေရသူများ
  • နေ့နေ့ညညအနားယူစဉ်အချိန်မှာပင်ဒူးဆစ်နားကျင်မှုခံစားနေရသူများ
  • ဒူးဆစ်ရောင်ရမ်းနာကျင်မှုကိုဆေးဝါးများဖြင့်ကုသမှုခံယူခြင်း၊အနားယူခြင်းတို့ဖြင့်ကုသသော်လည်းမသက်သာသောသူများ
  • ဒူးဆစ်ပုံမှန်မဟုတ်ပဲပုံသဏ္ဍန်ချွတ်ယွင်းနေသူများ
  • ဒူးဆစ်ရောင်ရမ်းခြင်းကိုရှေးဦးစွာကုသသည့်နည်းလမ်းများဖြစ်သည့်နာကျင်ရောင်ရမ်းမှုကိုသက်သာစေသောအကိုက်အခဲပျောက်ဆေးများ၊ဒူးဆစ်အတွင်းသို့ထိုးရသည့်ထိုးဆေးများ၊လေ့ကျင့်ခန်းများပြုလုပ်ခြင်း၊အစရှိသည့်တို့ဖြင့်ကုသမှုခံယူနေသော်လည်းသက်သာပျောက်ကင်းမှုမရှိသူများ

တို့ပဲ ဖြစ်ပါတယ်။

ခွဲစိတ်ကုသမှုမခံယူရရင်တော့အကောင်းဆုံးပါပဲ။

ဒါပေမယ့်ဘဝဆိုတဲ့အချိန်တိုလေးအတွင်းမှာမိမိရဲ့ပျော်ရွှင်စရာကောင်းတဲ့နေရက်တွေကိုနာကျင်မှုတွေနဲ့ဖြတ်သန်းနေရမယ်ဆိုရင်တော့ဘဝဟာအဓိပ္ပါယ်ကင်းမဲ့နေပါလိမ့်မယ်။ ထို့ကြောင့်အတွေ့အကြုံရှိကျွမ်းကျင်တဲ့အရိုးအကြောအဆစ်အထူးကုဆရာဝန်ကြီးတွေနဲ့တိုင်ပင်ပြီးလိုအပ်တဲ့ကုသမှုတွေကိုအမြန်ဆုံးခံယူသင့်ပါတယ်။ ဒါ့အပြင်ဂရန်း(ဒ်)ဟံသာနိုင်ငံတကာအဆင့်မြင့်ဆေးရုံကြီးရှိအရိုးအကြောအထူးကုဆရာဝန်ကြီးများမှဒူးခေါင်းအစားထိုးခွဲစိတ်ကုသမှုများကိုအောင်အောင်မြင်မြင်ခွဲစိတ်ကုသပေးလျက်ရှိသဖြင့်တိုင်ပင်ဆွေးနွေးကုသမှုခံယူနိုင်ပြီဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါသည်။