Word Heart Day 29.9.2022
နှလုံးခုန်သံ တစ်ချက်ပြီး တချက် စခုန်ခြင်းမှစလို့ ကျွန်တော်တို့ အားလုံးရဲ့ ဘဝတွေဟာ စတင် အသက်ဝင်လာပြီး နှလုံးခုန် လုံးဝ ရပ်တန့်သွားခြင်းမှာ နိဂုံးချုပ်ကြရတာ ဖြစ်ပါတယ်။ နှလုံးသားလေး ကျန်းမာစွာ အလုပ်လုပ်နေတာကို ပြင်ပမှ ထိတွေ့ ခံစားလို့ရသလို နားထောင်လို့လည်း ကြားသိနိုင်တဲ့ တစ်ခုတည်းသော အင်္ဂါအစိတ်အပိုင်း ဖြစ်ပါတယ်။ ဒါ့ကြောင့် နှလုံးမှာ ပြဿနာတစ်ခုခုရှိပြီ ဆိုလျှင် ပြင်ပမှ ထိတွေ့စမ်းသပ်ပြီး သိရှိရနိုင်သလို နားကြပ်လေးနဲ့ နားထောင်ကြည့်ပြီးလည်း သိရှိနိုင်သတဲ့။ နှလုံးရောဂါ ဆိုတာ မွေးရာပါ နှလုံးရောဂါ ရှိသူများလည်း ရှိသလို စားသောက်နေထိုင်မှု ပုံစံများကြောင့် နှလုံးရောဂါ ဖြစ်လာသူများလည်း ရှိတာမို့ အဖြစ်အများဆုံး ရောဂါဖြစ်ပြီး နာတာရှည် ဆွဲကုရတဲ့ ရောဂါ တစ်ခုလည်း ဖြစ်ပါတယ်။
ရင်ဘတ် စူးခနဲ အောင့်မယ်၊ ညှစ်ထားသလို အောင့်မယ်၊ မေးရိုး၊ ပုခုံးနှင့် ကျောပြင် တဝိုက် အောင့်မယ်၊ နှလုံးခုန်မြန်မယ်၊ အသက်ရှုမြန်ပြီး မောနေမယ်၊ နှလုံးခုန်နှုန်း စည်းချက်မမှန်ခုန်နေတော့ ရင်တလှပ်လှပ် ဖြစ်နေမယ်၊ လှုပ်ရှားလိုက်တာနဲ့ မောမယ်၊ ထိုင်နေရင်းလည်း မောနေမယ်။ မွေးရာပါ နှလုံးရောဂါပါလာတဲ့ ကလေးလေးတွေမှာဆို နှုတ်ခမ်းလေးတွေ ပြာနေမယ်၊ ခြေထောက်တွေ ဖောရောင် နေတာတွေပါ တွေ့ရတတ်ပါတယ်။
ဒါပေမယ့် ဒီလို နှလုံးရောဂါ လက္ခဏာတွေဟာ
- နှလုံးခုန်နှုန်း စည်းချက်မမှန်တာ ကြောင့် ဖြစ်တာလား၊
- နှလုံး သွေးကြောမကြီးများမှာ ပြဿနာရှိတာလား၊
- နှလုံးကြွက်သားများက ဖြစ်တာလား၊
- နှလုံးအဆို့ရှင်များမှာ မလုံတာလား၊ အပေါက်ပါတာလား စသည်တို့ပေါ်မူတည်ပြီး ခံစားရသည့် ဝေဒနာများမှာ ကွဲပြားတတ်သလို သိတာနဲ့ တပြိုင်နက် ကုသမှုကို စောင့်ဆိုင်းလို့ မရတဲ့ ရောဂါများလည်း ဖြစ်ပါတယ်။
နောက်ထပ် အန္တရာယ်ရှိတဲ့ အချက်တစ်ခုဖြစ်တဲ့ Silent Heart Attack ကိုလည်း မေ့ထားလို့ မရပါဘူး။ ဆီးချိုရှိတဲ့ သက်ကြီးပိုင်းတွေမှာ ဖြစ်တတ်ပါတယ်။ ဆီးချိုကြောင့် အာရုံခံစားနိုင်စွမ်း ကျလာတာဖြစ်လို့ နှလုံးမှာ ပြဿနာ တစ်ခုခုရှိနေသော်လည်း ရောဂါလက္ခဏာ သိသိသာသာ မပြတာ ဖြစ်တတ်ပါတယ်။ ဒါဟာ အသက်အန္တရာယ်ရှိပြီး ကြောက်ဖို့ကောင်းပါတယ်။
- အဲ့ဒါကြောင့် နှလုံးကျန်းမာရေး အတွက် အမျှင်ဓာတ်များသော လတ်ဆတ်တဲ့ အသီးအနှံများ စားသုံးပါ၊
- လေ့ကျင့်ခန်းပုံမှန် လုပ်ခြင်းဖြင့် ကျန်းမာသော ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ။
- မကောင်းတဲ့ အဆီ၊ Cholesterol များသော အစားအစာများ စားသုံးခြင်းမှ ရှောင်ကြဥ်ပါ။
- ချိုသော အစားအစာ၊ ငန်သော အစားအစာများ အလွန်အကျွံ မစားသုံးခြင်းဖြင့် ဆီးချို၊ သွေးတိုး ကောင်းအောင် ထိန်းသိမ်းပါ။
- ဆေးလိပ် မသောက်ပါနှင့်၊ အရက်ကို လျော့သောက်ပါ။
နှလုံး အထူးကု ဆရာဝန်ကြီးများ နှင့် ပြသဆွေးနွေးပြီး နှစ်စဥ် နှလုံးကျန်းမာရေး စစ်ဆေးခြင်းဖြင့် နှလုံးရောဂါ နှင့် နောက်ဆက်တွဲ ဆိုးကျိုးများ မဖြစ်အောင် ကာကွယ် ထိန်းသိမ်းကြပါစို့ ။
Official Facebook Page - https://m.facebook.com/grandhantha/
Grand Hantha Website - www.grandhantha.com
Green. Grand. Care for The People
Grand Hantha International Hospital
နာနတ်တောလမ်း နှင့် ကြည့်မြင့်တိုင် ကမ်းနားလမ်းထောင့်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
01 231 7617, 01 523 000, 01 523 111
Centers & Clinics
Specialties
24 hour services