World Hypertension Day 2023: Measure your blood pressure accurately, and control it, for a longer life
ယနေ့ဟာ ကမ္ဘာ့သွေးတိုးရောဂါ ကာကွယ် ထိန်းသိမ်းရေး နေ့လေး ဖြစ်ပါတယ်။
သွေးပေါင်ချိန်ကို စနစ်တကျ ပုံမှန်တိုင်းတာခြင်းဖြင့် သွေးတိုးရောဂါ ရှိမရှိ စောစီးစွာ သိရှိရသလို ကာကွယ်ထိန်းသိမ်းမှု၊ ကုသမှုတို့ အချိန်မီလုပ်ဆောင်ခြင်းဖြင့် သက်ရှည်ကျန်းမာသော ဘဝတစ်ခု ပိုင်ဆိုင်ရစေဖို့ပဲ ဖြစ်ပါတယ်။
များသောအားဖြင့် သွေးပေါင်ချိန်ကို မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် နှစ်ရက်ဆက်တိုက် ချိန်ကြည့်လိုက်လို့ အပေါ်သွေး 140 mmHg နှင့်အထက်၊ အောက်သွေး90 mmHgနှင့်အထက် ရှိနေလျှင် သွေးတိုးရောဂါရှိတယ်လို့ သတ်မှတ်ကြပါတယ်။
သွေးတိုးနေမှန်း ဘယ်လို လက္ခဏာလေးတွေနဲ့ သိနိုင်မလဲ။
ခေါင်းထိုးကိုက်တာ၊ မူးခနဲ မိုက်ခနဲ ဖြစ်တာ၊ ရင်တစ်လှပ်လှပ်ဖြစ်တာ၊ အသက်ရှုကြပ်ပြီး မောတာ၊ အမြင်အာရုံ ဝေဝါးပြီး ခေါင်းမူးတာ စတဲ့ လက္ခဏာလေးတွေ ရှိတတ်ပါတယ်။
သွေးတိုးရောဂါဟာ ဘယ်သူတွေမှာ ဖြစ်နိုင်သလဲ။
► အသက်အရွယ်ကြီးသူများ
► မိဘမျိုးရိုးထဲမှာ သွေးတိုးရောဂါရှိသူများ
► ဆီးချို၊ ကျောက်ကပ်၊ နှလုံး စတဲ့ ရောဂါအခံရှိသူများ
► အဝလွန်သူများ
► ကိုယ်လက်လှုပ်ရှားလေ့ကျင့်မှု မရှိသူများ
► အငန်ဓာတ်၊ ပြည့်ဝဆီ၊ အသွင်ပြောင်းဆီ စားသုံးမှုများသူများ
► ဆေးလိပ်၊အရက် အလွန်အကျွံ သောက်သုံးသူများ
တို့မှာ သွေးတိုးရောဂါ ဖြစ်နိုင်ချေ များပါတယ်။
သွေးတိုးရောဂါကို ကာကွယ် ထိန်းသိမ်းမှု မပြုလုပ်ထားရင်
► ရေရှည်မှာ နှလုံးရောဂါ၊ လေဖြတ်တာ၊ လေဖြန်းတာ၊ ကျောက်ကပ်ရောဂါတွေ စသဖြင့် တခြားရောဂါတွေ အများကြီးဝင်လာနိုင်တာကို သတိပြုပါနော်❗️❗️
ဒါဆို သွေးတိုးရောဂါကို ကာကွယ်ဖို့၊ ထိန်းသိမ်းဖို့ -
လုပ်ရမှာက ဘာတွေလဲ
» ဟင်းသီးဟင်းရွက်၊ အသီးအနှံ များများစားသုံးပေးပါ။
» အထိုင်လျော့ပါ၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း
နေ့စဥ် ပုံမှန်လုပ်ပါ။
» အဝမလွန်အောင် ကိုယ်အလေးချိန် ထိန်းသိမ်းပါ။
» နေ့စဥ် သွေးပေါင်ချိန် တိုင်းတာခြင်းဖြင့် သွေးတိုးကို
သတိပြုမိအောင် နေထိုင်ပါ။
» ဆရာဝန်ကြီး နှင့် ရက်ချိန်းပုံမှန်ပြပြီး ဆွေးနွေးပါ။
» ဆရာဝန်ကြီး ညွှန်ကြားထားသော သွေးတိုးကျဆေးကို
နေ့စဥ် မပျက်မကွက် သောက်သုံးပါ။
မလုပ်ရမှာက ဘာတွေလဲ
✘ အငံဓာတ်ပါသော အစားအစာများ မစားပါနှင့်။
✘ ပြည့်ဝဆီ၊ အသွင်းပြောင်းဆီတွေ မစားပါနှင့်။
✘ ဆေးလိပ် မသောက်ပါနှင့် ၊ အရက်လျော့သောက်ပါ။
✘ ဆေးသောက်ဖို့ ပျက်ကွက်သွားတာ၊ ဆရာဝန်နှင့် ပုံမှန်
မပြဖြစ်တာ မဖြစ်ပါစေနှင့်။
✘ စိတ်ဖိစီးမှုများကို တတ်နိုင်သလောက် လျော့ချပါ။
Official Facebook Page - https://m.facebook.com/grandhantha/
Grand Hantha Website - www.grandhantha.com
Green. Grand. Care for The People
Grand Hantha International Hospital
နာနတ်တောလမ်း နှင့် ကြည့်မြင့်တိုင် ကမ်းနားလမ်းထောင့်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
01 231 7617, 01 523 000, 01 523 111