October 20, 2022

အသက်အရွယ် ရလာတာနှင့်အမျှ အရိုးတွေရဲ့ သိပ်သည်းဆဟာ လျော့ကျလာပြီး အရိုးများ ပါးလာကာ ကြံ့ခိုင်သန်မာမှုအား နည်းလာပါတယ်။

အရိုးတစ်ရှူး အသစ်အသစ်တွေ ထုတ်လုပ်မှု အားနည်းပြီး အရိုး သိပ်သည်းဆ လျော့ကျလာမှုအား များလာတဲ့ အခါ အရိုးတွေဟာ အရင်လို မသန်မာတော့ဘူး၊ ကြွပ်ဆက်လာတယ်၊ အလွယ်တကူ ကျိုးလွယ်လာတယ်။

ဒါကို အရိုးပွရောဂါလို့ ခေါ်ကြတာ ဖြစ်ပါတယ်။

အရိုးပွရောဂါဟာ ရောဂါလက္ခဏာ မပြတတ်တာကြောင့် အရိုးပွရောဂါရှိနေမှန်း တော်ရုံ သတိမထားမိတတ်ကြပါဘူး။ အရိုးကျိုးသွားတဲ့ အခါမှသာ အရိုးပွရောဂါရှိနေမှန်း သိကြတာ ဖြစ်ပါတယ်။ ကြိုတင် စစ်ဆေးမှုအား၊ ကြိုတင် ကာကွယ်မှုအား၊ အရိုးကျန်းမာရေးကို ဂရုစိုက်မှုအား နည်းကြပါတယ်။

အရိုးပွခြင်းရဲ့ နောက်ဆက်တွဲ………..

အရိုးကျိုးခြင်း ဖြစ်ပေါ်နိုင်ပါတယ်။ အရိုးကျိုးသွားတာနဲ့ တစ်ပြိုင်နက် နောက်ဆက်တွဲ ဝေဒနာများပါ တစ်ပါတည်း ကပ်ပါလာတတ်ပါတယ်။

ဥပမာ- ပေါင်ရိုးကျိုးသွားပါက သွားလာလှုပ်ရှားလို့ မရတော့ဘဲ အိပ်ယာပေါ် ကာလရှည်ကြာ လဲနေရတဲ့အခါ အခြားရောဂါများ ဆင့်ပွားဝင်လာတတ်ပါတယ်။

ကျောရိုး ကျိုးပါကလည်း ကာလရှည်ကြာ ခါးနာခြင်း၊ ခါးအာရုံကြောများ ထိခိုက်ခြင်းများ ဆင့်ကဲ ဖြစ်ပေါ်လာနိုင်ပါတယ်။

ဒါ့ကြောင့် အရိုးပွခြင်း နှင့် အရိုးပွခြင်းရဲ့ နောက်ဆက်တွဲရောဂါများ မဖြစ်ရလေအောင် -

  • အရိုးပွခြင်း ရှိမရှိ ကျန်းမာရေး စစ်ဆေးပေးပါ။
  • လေ့ကျင့်ခန်းကို နေ့စဥ် ပုံမှန် ပြုလုပ်ပေးပါ။
  • ကယ်ဆီယမ်၊ ဗီတာမင်-ဒီ ကြွယ်ဝတဲ့ အရိုးကျန်းမာရေး အားဖြည့် အစားအစာများကို သင့်တင့်မျှတစွာ စားသုံးပေးပါ။
  • အရိုးကျန်းမာရေးအတွက် သဘာဝကပေးတဲ့ ဗီတာမင်-ဒီ ဓာတ်ကို နေပူစာလှုံခြင်းမှ ရယူပါ။
  • ဆေးလိပ်သောက်ခြင်းကို ရပ်တန့်ပါ။
  • အရက်ကို လျော့သောက်ပါ။
  • အတက်၊ အဆင်းရှိသော နေရာများတွင် လဲမကျစေရန် အထူးသတိထားပြီး သွားလာပါ။
  • အရိုးပွရောဂါရှိပါက ဟော်မုန်းရောဂါအထူးကု ဆရာဝန်ကြီးများ၊ အရိုး အထူးကုဆရာဝန်ကြီးများနှင့် ဆွေးနွေး ကုသမှု ခံယူပါ။

Official Facebook Page - https://m.facebook.com/grandhantha/

Grand Hantha Website - www.grandhantha.com

Green. Grand. Care for The People
Grand Hantha International Hospital
နာနတ်တောလမ်း နှင့် ကြည့်မြင့်တိုင် ကမ်းနားလမ်းထောင့်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
01 231 7617, 01 523 000, 01 523 111