April 27, 2023

1882 ခုနှစ် ဒီနေ့လို ရက်မျိုးမှာ Robert Koch ဆိုတဲ့ ဆရာဝန်တစ်ဦးက အဆုတ်ကို ပျက်စီးစေတဲ့ ဘတ်တီးရီးယား တစ်မျိုးဖြစ်တဲ့ Mycobacterium tuberculosis ဆိုတဲ့ တီဘီရောဂါပိုးကို စတင်တွေ့ရှိခဲ့ပါတယ်။

အဲ့အချိန်တုန်းကတော့ တီဘီရောဂါဆိုတာ ယနေ့ခေတ် ကိုဗစ်လိုပဲ လူတွေအများကြီးကို ကူးစက် ပျံ့နှံ့ပြီး သေစေခဲ့တဲ့ ကူးစက်ရောဂါဆိုးကြီး ဖြစ်ခဲ့တာပေါ့။

ထိုချိန်ကစပြီး တီဘီရောဂါ ကာကွယ်ရန်၊ တီဘီကြောင့် ဖြစ်တဲ့ နောက်ဆက်တွဲရောဂါများ နှင့် အသက်ဆုံးရှုံးရခြင်းမှ ကာကွယ်ရန် နှစ်စဥ် နှစ်တိုင်း ပြည်သူလူထုဆီကို တီဘီရောဂါနှင့် ပတ်သက်တဲ့ ကျန်းမာရေး အသိပညာများ ၊ ဆောင်ရန် ဆောင်ရန်များကို အမြဲသတိထားပြီး နေထိုင် စေလိုသောကြောင့် March 24 ရက်နေ့ကို ကမ္ဘာ့တီဘီရောဂါ တိုက်ဖျက်ရေးနေ့

World TB Day အထိမ်းအမှတ်အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်ပါတယ်။

ခုထက်ထိလည်း တီဘီရောဂါဆိုတာ ကျွန်တော်တို့ အသက်ရှူလိုက်တဲ့ လေထဲမှာ ပျံ့နှံ့နေပါသေးတယ်။

ခေတ်မီ ဆေးဝါးတွေ၊ ကာကွယ်ဆေးတွေ ဖွံ့ဖြိုးတိုးတက် လာလို့သာ ကူးစက်နှုန်း၊ သေဆုံးနှုန်းတွေ လျော့နည်းသယောင် ဖြစ်နေတာပါ။ ဒါပေမယ့် ကိုယ်ခံအား ကျဆင်းလာတာနှင့် အမျှ ကူးစက်ဖို့ အသင့်စောင့်နေတဲ့ ရောဂါတစ်မျိုးပဲ ဆိုတာ မမေ့ပါနဲ့နော်။

တီဘီရောဂါဆိုတာ လေထဲမှ တစ်ဆင့် အသက်ရှူလမ်းကြောင်းဆီ ကူးစက်တတ်တဲ့ ရောဂါဖြစ်လို့ တီဘီရောဂါ ကာကွယ်ရန်အတွက် -

  • တီဘီကာကွယ်ဆေး ( BCG ) ထိုးထားပါ။
  • တီဘီရောဂါပိုးရှိသူများ နှင့် နီးနီးကပ်ကပ်မနေပါနှင့်။
  • ဘယ်နေရာသွားသွား Mask တပ်ပါ၊ လက်ဆေးပါ။
  • လူနေထူထပ်သောနေရာများ သွားခြင်းကို ရှောင်ပါ။
  • အလင်းရောင် နှင့် လေဝင်လေထွက် ကောင်းသော နေရာမှာသာ ရွေးချယ် နေထိုင်ပါ။
  • ကိုယ်ခံအားကျဆင်းမှု ကူးစက်ရောဂါ (HIV) မကူးစက်အောင်နေပါ။  HIV လူနာ တော်တော်များများမှာ တီဘီရောဂါပါ ဒွန်တွဲ ဖြစ်တတ်တယ်။
  • ကိုယ်ခံအားမကျအောင် အားဆေးများ၊ အားရှိသော အစာများစားပြီး ဂရုတစိုက်နေထိုင်ပါ။
  • အကြောင်းအရင်းမရှိ ဝိတ်ကျနေတယ်၊ အမြဲ ပင်ပန်း နုံးချိနေတယ်၊ အစားအသောက် ပျက်တယ်၊

ညနေပိုင်းမျိုးမှာ သိသိသာသာ ကိုယ်ပူချိန် တက်လာတယ်၊ ညဘက်အိပ်ရင် ချွေးစီးချွေးပေါက်တွေ ပြန်နေတယ်၊ ရင်ဘတ်တွေ အောင့်တယ်၊ ချောင်းဆိုးတာ၊ဖျားတာ အမြစ်မပြတ်ပဲ ကာလရှည်ကြာနေတယ်၊ သလိပ်တွေ အများကြီးထွက်ပြီး သလိပ်ထဲ သွေးပါတယ်…….. စတဲ့ တီဘီရဲ့ ရောဂါလက္ခဏာတွေ ရှိနေတယ်ဆိုရင်တော့အထူးကု ဆရာဝန်ကြီးများ နှင့် လိုအပ်တဲ့ စစ်ဆေးမှုများ ပြုလုပ်ပြီး အမြန်ဆုံး ကုသမှုခံယူပါ။

Grand Hantha Website - www.grandhantha.com

Green. Grand. Care for The People
Grand Hantha International Hospital
နာနတ်တောလမ်း နှင့် ကြည့်မြင့်တိုင် ကမ်းနားလမ်းထောင့်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
01 231 7617, 01 523 000, 01 523 111