March 8, 2023

ကျွန်ုပ်တို့ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ Control System ဖြစ်တဲ့ ဦးနှောက်ကြီးမှာသာ တစ်ခုခုဖြစ်ရင် -

  • ကိုယ်တစ်ခြမ်း လေးသွားခြင်း၊
  • လှုပ်ရှား၍ မရတော့ခြင်း၊ လမ်းမလျှောက်နိုင်ခြင်း၊
  • ဆီး ဝမ်း မထိန်းနိုင်တော့ခြင်း၊
  • မျက်နှာတစ်ခြမ်း ရွဲ့သွားခြင်း၊ အာလေး လျှာလေးဖြစ်ခြင်း၊ စကားမပြောနိုင်ခြင်း၊ အစာမစားနိုင်တော့ခြင်း၊
  • လွန်စွာ ခေါင်းကိုက်ခြင်း၊ တက်ခြင်း၊ သတိလစ်သွားခြင်း၊
  • ကိုယ့်ရဲ့ တစ်နေ့တာ လုပ်ငန်းဆောင်တာများ မစွမ်းဆောင်နိုင်တော့ခြင်း အပြင် တခြားသော ရောဂါလက္ခဏာများစွာဖြင့် လာနိုင်ပါတယ်။

ကျောရိုးမကြီးမှာဆိုလည်း

  • ထိခိုက်ဒါဏ်ရာ ဖြစ်ခြင်း၊ ကျောရိုးမကြီး တစ်လျှောက် အဆစ်များ ကျဉ်းနေခြင်း၊ ကျောရိုးဆစ်တစ်ခု နှင့် တစ်ခုကြား ကျွံခြင်း တို့ကြောင့် ဖြစ်တဲ့
  • ကျီးပေါင်းတက်ခြင်း၊ လွန်စွာ နာကျင် ကိုက်ခဲခြင်း၊
  • လမ်းလျှောက်လိုက်တာနဲ့ ကျောရိုးတစ်လျှောက် နာနေခြင်း၊
  • ထုံနာ ကျဥ်နာဖြစ်ခြင်း၊ ကိုယ်နေဟန်ထား မမှန်တော့ခြင်း စတဲ့ ရောဂါလက္ခဏာများစွာဖြင့် လာနိုင်ပါတယ်

ဒီလို လက္ခဏာအမျိုးမျိုးနဲ့ လာတဲ့အတွက်ကြောင့်

  • စမ်းသပ် စစ်ဆေးမှုတွေ များစွာ ပြုလုပ်ရတယ်၊ ရောဂါအမည်တပ်ဖို့ မလွယ်ကူတဲ့အတွက် သေချာစဥ်းစားရတယ်၊ ကုသမှုအမျိုးမျိုးကို သေချာရွေးချယ်ပြီး ပြုလုပ်ရတယ်။
  • ဆေးဝါးများ၊ လေ့ကျင့်ခန်းများ နှင့် ပျောက်ကင်းနိုင်သလို ခွဲစိတ်မှ ပျောက်ကင်းနိုင်မယ့် ရောဂါများလည်း ရှိတယ်။
  • အခု ကု၊ အခု ပျောက် ရောဂါများလည်း မဟုတ်ကြပါဘူး။
  • ဦးနှောက် နှင့် အာရုံကြောဆိုင်ရာ သမားတော်များ၊ ခွဲစိတ် အထူးကု ဆရာဝန်ကြီးများ၊ အကြောအဆစ်နှင့် ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေး အထူးကု ဆရာဝန်ကြီးများ အားလုံးဝိုင်းဝန်းကြိုးစားပြီး စိတ်ရှည်ရှည်နဲ့ ကုသသွားရတာမျိုးပါ။
  • ကုသမှု ခံယူဖို့ အချိန်ဆွဲနေလျှင် အလွန် ဆိုးကျိုးများတဲ့ ရောဂါများ ဖြစ်တာမို့ သိတာနဲ့ စက္ကန့်နှင့်အမျှ ကုသမှု ခံယူဖို့ အရေးကြီးတဲ့ ရောဂါများလည်း ဖြစ်ကြပါတယ်။

ဒါ့ကြောင့် ဦးနှောက် နှင့် အာရုံကြော ဝေဒနာများဟာ အလွန် ကျယ်ပြန့်ပြီး ခက်ခဲနက်နဲတယ်လို့ ဆိုကြတာပေါ့။

ဂရန်း(ဒ်)ဟံသာ အင်တာနေရှင်နယ် ဆေးရုံကြီးမှာ ဦးနှောက် နှင့် အာရုံကြောဆိုင်ရာ အထူးကုဆရာဝန်ကြီးများ၊ ခွဲစိတ် အထူးကု ဆရာဝန်ကြီးများ နှင့် အချိန်မရွေး လာရောက်တိုင်ပင်ဆွေးနွေးလို့ ရပါတယ်။ အိန္ဒိယနိုင်ငံမှ နာမည်ကြီး ဦးနှောက် နှင့် အာရုံကြော ခွဲစိတ် အထူးကုဆရာဝန်ကြီးများလည်း လစဥ် လာရောက်ကြည့်ရှုကုသပေးလျက်ရှိပါတယ်။

Grand Hantha Website - www.grandhantha.com

Green. Grand. Care for The People
Grand Hantha International Hospital
နာနတ်တောလမ်း နှင့် ကြည့်မြင့်တိုင် ကမ်းနားလမ်းထောင့်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
01 231 7617, 01 523 000, 01 523 111