ပုံမှန် နှလုံး လျှပ်စီးပတ်လမ်းကြောင်းသည် နှလုံးရှိ ကြွက်သားနေရာ အားလုံးသို့ ရောက်ရှိကာ နှလုံးညှစ်အားကောင်းစေ၍ သွေးလည်ပတ်မှုကို ကောင်းစေပါသည်။
အကယ်၍ လူတစ်ယောက်တွင် လျှပ်စီးငုတ် အပိုများ၊ လျှပ်စီးပတ်လမ်းကြောင်း အပိုများ ဖြစ်ပေါ်လာပါက နှလုံးညှစ်အားကို ထိခိုက်၍ မောခြင်း၊ နှလုံးခုန်မြန်၍ ရင်တစ်လှပ်လှပ် ဖြစ်ခြင်း များ ခံစားရလာရပါမည်
နှလုံးအတွင်းထဲရှိ ထို လျှပ်စီးငုတ် နှင့် လျှပ်စီးပတ်လမ်းကြောင်းအပိုများကို ပုံဖော်ရှာဖွေကာ ဖြတ်တောက်၊ ဖျက်ဆီး ကုသပါမှသာ ခံစားရသော ရောဂါလက္ခဏာများ သက်သာပျောက်ကင်းချမ်းသာစေမည် ဖြစ်ပါသည်
ထိုသို့ ကုသရာတွင် လူနာ၏ ပေါင်သွေးပြန်ကြောမှ တစ်ဆင့် သေးငယ်သော လျှပ်စစ်ဝိုင်ယာ ငုတ်များထည့်၍ နှလုံးကြွက်သားများကို ထောက်ကာ ပတ်လမ်းကြောင်း/ ငုတ်အပိုများ ရှိရာကို ဦးစွာ ရှာဖွေရပါသည်။
ရောဂါ ရှာဖွေရာတွင် မူလရောဂါကို ပိုမို ပေါ်လွင်စေရန် နှလုံးခုန်မြန်စေသော ဆေးတစ်ချို့ကိုလဲ အသုံးပြုရလေ့ရှိပါသည်။ ပတ်လမ်းကြောင်း/ ငုတ်အပိုများ ရှိရာနေရာကို ရှာတွေ့ပါက ထိုနေရာများကို အပူပေး ဖြတ်တောက်၊ ဖျက်ဆီးခြင်း အားဖြင့် ပုံမှန် နှလုံးလျှပ်စီးပတ်လမ်းကြောင်းကို ပြန်လည် ရရှိစေမှာပဲ ဖြစ်ပါတယ်။
ထိုကဲ့သို့ ပုံဖော် ကုသခြင်းကို နှလုံးလျှပ်စီးပတ်လမ်းကြောင်း အထူးပြု နှလုံးအထူးကု ဆရာဝန်ကြီးများမှ နိုင်ငံတကာအဆင့်မှီ စက်အသစ်ကြီးများဖြင့် Grand Hantha International Hospital ကြီးတွင် ကုသမှု ပေးလျက်ရှိနေပြီ ဖြစ်ပါသည်
ကုသရာတွင်လည်း ဆေးရုံ ရက်ရှည် တက်ရောက်ရန် မလိုဘဲ တစ်ရက်တာအတွင်း သင်၏ရောဂါ ဝေဒနာများ သက်သာ ပျောက်ကင်းနိုင်မှာ ဖြစ်ပါတယ်။
အသေးစိတ် သိရှိလိုပါက နှလုံး နှင့် သွေးကြော အထူးကု ဌာန - 012317617, 01523000 (လိုင်းခွဲနံပါတ် - 8000/ 1400) သို့ တိုက်ရိုက် ဆက်သွယ် စုံစမ်း မေးမြန်းနိုင်ပါသည်။
Green. Grand. Care for The People
Grand Hantha International Hospital
နာနတ်တောလမ်း နှင့် ကြည့်မြင့်တိုင် ကမ်းနားလမ်းထောင့်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
01 231 7617, 01 523 000, 01 523 111
Centers & Clinics
Specialties
24 hour services