ကျောက်ကပ်လေးဟာ -
- သွေးထဲက မကောင်းတဲ့ ဓာတ်တွေ၊ အညစ်အကြေးတွေ၊ အဆိပ်အတောက်တွေ၊ မလိုအပ်တဲ့ အရည်တွေကို သန့်စင် စစ်ထုတ်ကာ ဆီးအဖြစ် နဲ့ ပြင်ပကို စွန့်ထုတ်ပေးပြီး
- လိုအပ်တဲ့ ဗီတာမင် နှင့် သတ္ထုဓာတ်တွေကို ခန္ဓာကိုယ်တွင်းသို့ ပြန်လည်စုပ်ယူပေးပါတယ်။ ဤနည်းအားဖြင့် ခန္ဓာကိုယ် အတွင်းမှာ အရည်ဓာတ်တွေ၊ အသားဓာတ်တွေ၊ ဆားဓာတ်တွေ ကို ညီမျှနေအောင် လုပ်ဆောင်ပေးနေပါတယ်။
- သွေးနီဥတွေ ထုတ်လုပ်တဲ့ နေရာမှာ အဓိကပါဝင်တဲ့ ဟော်မုန်းတစ်မျိုးဖြစ်တဲ့ Erythropoietin ၊ အရိုးအဆစ်တွေ ကျန်းမာသန်စွမ်းဖို့လိုအပ်တဲ့ Vitamin D စတာတွေကိုလည်း ကျောက်ကပ်မှ ထုတ်လုပ်ပေးပါသေးတယ်။
- ထိုကဲ့သို့ ကျောက်ကပ်ဟာ သူ့အလုပ်သူ ပုံမှန်လုပ်ဆောင်နေမှသာ ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ အာရုံကြောတွေ၊ တစ်ရှူးတွေ၊ ကြွက်သားတွေ၊ ကိုယ်တွင်းအင်္ဂါတွေဟာ မလိုအပ်တဲ့ အဆိပ်အတောက်တွေ ကင်းစင်ပြီး လိုအပ်တဲ့ စွမ်းအင်တွေ ပြည့်ပြည့်ဝဝ ရရှိနေမှာပဲ ဖြစ်ပါတယ်။
- ကျောက်ကပ်လေးဟာ အလုပ်ကောင်းကောင်း မလုပ်နိုင်တော့တဲ့ အခါမှာတော့ ခန္ဓာကိုယ်ထဲမှာ အဆိပ်အတောက်(ဆီးဆိပ်) များဟာ စုပုံလာပြီး ပုံမှန် ရှိသင့်တာထက် ၂ ဆ၊ ၃ ဆ၊ ၄ ဆ၊ ၅ဆ စသဖြင့် များလာပါတော့တယ်။
- ထိုအခါ လူက မစားချင်၊ မသောက်ချင် ဖြစ်လာမယ်၊ ပျို့အန်မယ်၊ ပင်ပန်းလွယ်၊ မောပန်းလွယ်ဖြစ်မယ်၊ ဖောရောင်လာမယ်၊ အရေပြား ယားယံလာတာတွေ ဖြစ်လာမယ်။
- ထိုအခါ ကျောက်ကပ်မှ မစွန့်ထုတ်နိုင်တော့တဲ့ ဆီးဆိပ်တွေကို တတ်နိုင်သမျှ မြန်မြန် လျော့ကျအောင် ဖယ်ရှားပစ်ဖို့ ကျောက်ကပ်ဆေးရတယ် ဆိုတာ ဖြစ်ပေါ်လာရတာပေါ့။ -
- ဆေးတယ်ဆိုတာ အလွယ်ပြောရရင် ကျောက်ကပ်သွေးသန့်စင်တဲ့စက်မှ တစ်ဆင့် ခန္ဓာကိုယ်ထဲက သွေးတွေကို စုပ်ယူတယ်။ Dialyzer က သွေးထဲက မလိုအပ်တဲ့ အဆိပ်အတောက်တွေ၊အရည်တွေကို စစ်ချ ဖယ်ရှားပေးတယ်။ ပြီးမှသာ သန့်စင်ပြီးသား သွေးဖြင့် ခန္ဓာကိုယ်ထဲမှာ ပြန်လည် လည်ပတ်နိုင်အောင် လုပ်ပေးတယ် ။
ဤနည်းအားဖြင့် ကျောက်ကပ် မှ မလုပ်နိုင်တဲ့ အလုပ်တွေကို စက်က ကူလုပ်ပေးနေတဲ့ သဘောပေါ့။
- အဲ့လို လိုအပ်တဲ့အချိန် ကျောက်ကပ်သွေးသန့်စင်ခြင်း မပြုလုပ်ပါက ဆီးဆိပ်များ ပိုပိုများလာခြင်းကြောင့် ခန္ဓာကိုယ်ရှိ တခြား အစိတ်အပိုင်းများပါ ချို့ယွင်း ပျက်စီးလာပြီး နောက်ဆုံးတွင် အသက်ဆုံးရှုံးရတဲ့ အခြေအနေထိ ရောက်ရှိလာနိုင်တာ ဖြစ်ပါတယ်။
- ကျောက်ကပ်ဆေးရတာ ရက်စိပ်လာတယ်၊ ဆေးသလောက် တိုးတက် ကောင်းမွန်လာတာ မရှိဘူးဆိုရင်တော့ ကျောက်ကပ်ဆေးခြင်းထက် ကျောက်ကပ်အစားထိုး ကုသခြင်း (Renal transplant) ကို ရွေးချယ် ကုသမှု ပြုလုပ်နိုင်ပါတယ်။
ဒီလောက်ဆိုရင် ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်တာက ဘာတွေလဲ၊ ဘာ့ကြောင့် ကျောက်ကပ်သွေးသန့်စင်ရတယ် ဆိုတာ သိသွားပြီ ဖြစ်လို့ ဗဟုသုတများစွာ ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ဗဟုသုတများစွာ ရရှိမယ့် ကျန်းမာရေး စာစုလေးတွေကို အပတ်စဉ် ဝေမျှပေးနေတာဖြစ်လို့ ဂရန်း(ဒ်)ဟံသာ ဆေးရုံ ရဲ့ Official Facebook Page လေးကို Like & Follow လုပ်ထားဖို့ ဖိတ်ခေါ်ပါတယ်နော်။
Centers & Clinics
Specialties
24 hour services