August 4, 2022

  • ကျန်းမာရေး ဂရုစိုက်ဖို့ဆိုရင် ခန္ဓာကိုယ် ကျန်းမာရေးကိုသာ သတိပြုတတ်ကြပြီး သွားကျန်းမာရေးကို ဂရုစိုက်ရန် မေ့လျော့နေတတ်ကြပါသည်။ နေ့စဥ် မနက်တစ်ကြိမ် ညတစ်ကြိမ် ပုံမှန် သွားတိုက်ရမယ်၊ အိပ်ယာဝင်ခါးနီး သွားတိုက်ပြီးလျှင် အစာမစားရဘူး၊ အစာစားပြီးတိုင်း စားကြွင်းစားကျန်များ မကျန်အောင် တစ်နေ့ ၃ ကြိမ် ပလုတ်ကျင်းရမယ် စတဲ့ အလေ့အကျင့်ကောင်းလေးတွေကို ကလေး ဘဝတည်းက ပျိုးထောင်လေ့ကျင့်လာမှသာ အသက်ကြီးလာတာတဲ့ အမျှ သွားနှင့်ခံတွင်း ကျန်းမာရေးဟာ ကောင်းမွန်နေဆဲဖြစ်မှာပါ။ သွားနှင့် ခံတွင်းကျန်းမာရေးကို ဂရုမစိုက်လျှင် ငယ်စဥ်ဘဝမှာ မသိသာပေမယ့် အသက်ကြီးလာရင် ဒုက္ခပေးလာတတ်ပါတယ်။
  • ခံတွင်းအနံ့ဆိုးတွေ ထွက်နေရင် နေ့စဥ် လူမှုဆက်ဆံရေးမှာ အဆင်မပြေနိုင်ပါဘူး၊ စနစ်တကျ သွားမတိုက်ခြင်းကြောင့် သွားချေးများ ကျန်နေခြင်းကနေ သွားချေးကျောက်များ ဖြစ်သွားပြီး သွားဝါတာ၊ ခံတွင်းအနံ့ဆိုးများထွက်လာတာ၊ သွားဖုံးထဲ ပိုးဝင်တာ၊ သွားဖုံး သွေးထွက်တာတွေ ဖြစ်လာနိုင်ပါတယ်။
  • သွားပိုးပေါက်လေးတွေ ရှိနေရင် အချိန်မီ ကုသမှုခံယူပါ၊ သွားပိုးပေါက်မှာ အချိန်ကြာ၍ နက်သွားလျှင် မခံမရပ်နိုင်အောင် နာကျင်ခြင်း၊ တစ်ခါတစ်ရံတွင် နာကျင်မှုမရှိပဲ သွားမြစ်ထိပ် ပြည်တည်နာဖြစ်ခြင်းတို့ကြောင့် သွားအကြောထုတ်ကုသရတဲ့ အခြေအနေထိ ဖြစ်သွားနိုင်ပါတယ်။
  • အံဆုံးပုံမှန် အနေအထားဖြင့် ပေါက်ခြင်း မရှိသည့်သူများတွင် အံဆုံးပေါက်သည့် အရှိန်ဖြင့် အပေါ်ယံသွားဖုံး ရောင်ရမ်းခြင်း/သွားဖုံး ပြည်တည်ခြင်း၊ အံဆုံးအနေအထားမမှန်ခြင်းကြောင့် ပါးစောင် ခဏခဏ ကိုက်မိပြီး ပါးစောင် အနာဖြစ်ခြင်း၊ ရောဂါပိုးဝင်ခြင်းများ ဖြစ်လာနိုင်ပါတယ်။

ထိုကဲ့သို့ ခံတွင်း ဝေဒနာများ ဒုက္ခပေးလာလျှင် မိမိနေ့ဓဒူဝ အလုပ်အကိုင် များထိခိုက်နိုင်ပါတယ်၊ အစားအသောက် ပျက်ပါမယ်၊ အိပ်ရေးလည်းပျက်ပါမယ်၊ စိတ်လည်း မချမ်းမြေ့နိုင်ပါဘူး၊ ။ ထို့အတွက်ကြောင့် မိမိ သွားကျန်းမာရေးကို သွားဆရာဝန်ကြီးနှင့် ၆လ တစ်ကြိမ်

ပုံမှန်စစ်ဆေးသင့်ပါတယ်။ သင့်မှာ ခံတွင်းဝေဒနာ တစ်ခုခု ခံစားနေရတယ်ဆိုပါက ဂရန်း(ဒ်)ဟံသာ အင်တာနေရှင်နယ် ဆေးရုံကြီးရဲ့ သွားနှင့်ခံတွင်း ကုသမှု စင်တာကိုသာ လာခဲ့ပါလို့ ဖိတ်ခေါ်ပါတယ်။

Grand Hantha Dental Center မှာ

  • Scaling and polishing (သွားနှင့် ခံတွင်း သန့်ရှင်းရေး)
  • Periodontal Treatment ( သွားဖုံးရောဂါ ကုသခြင်း )
  • Direct Filling, Indirect Filling (သွားဖာခြင်း)
  • Root Canal Treatment ( သွားအကြောထုတ် ကုသခြင်း)
  • Fixed prosthesis ( သွားအသေစိုက်ခြင်း )
  • Removable Prosthesis ( သွားအရှင်စိုက်ခြင်း )
  • Implant Treatment ( သွားမြစ်တု စိုက်ခြင်း )
  • Maxillofacial Surgery ( သွား၊မေးရိုး နှင့် မျက်နှာခွဲစိတ်ကုသခြင်း )
  • Whitening Treatment ( သွားများ ဖြူဖွေး လှပစေခြင်း )

စတဲ့ သွားနှင့်ခံတွင်းဆိုင်ရာ ကုသမှုအမျိုးမျိုးကို သွားနှင့် သွားအမြစ်များ၏ တည်ရှိမှုများအပြင် အရိုးဖွဲ့စည်းပုံနှင့် အာရုံကြောတည်နေရာများအထိ အသေးစိတ် တိကျစွာ ပုံရိပ်ဖော်ပေးနိုင်သော ဂျာမဏီနိုင်ငံ Sirona ကုမ္ပဏီထုတ် 3D- CBCT (Cone-Beam Computed Tomography) သုံးဖက်မြင် ခေတ်မီ သွားဓာတ်မှန် စက်သစ်ကြီးဖြင့် အသေးစိတ်တိကျ စွာ စစ်ဆေးပေးခြင်း၊ ရောဂါရှာဖွေခြင်းများ ဆောင်ရွက် ပေးလျက်ရှိပါသည်၊ သွားနှင့် ခံတွင်းကုသမှု ထိုင်ခုံရှိ ပိုက်လိုင်းများအားလုံးအတွင်း Sanitary system ပိုးမွားသန့်စင်သည့်စနစ် များကို သေချာထည့်သွင်းပြုလုပ်ထားသည့်အတွက် ရောဂါပိုးမွှားကူးစက်မှုအား ရာခိုင်နှုန်းပြည့် ကာကွယ်ပေးနိုင်ပါသဖြင့် စိတ်ချ ယုံကြည်စွာ ကုသမှုများ လာရောက် ပြုလုပ်နိုင်ပါသည်။