July 21, 2025

သွားအစွပ် စွပ်ဖို့ ရွေးချယ်ရခက်နေတဲ့အခါ

  • ဈေးသက်သာဖို့နဲ့ အသုံးခံဖို့လား၊
  • ဈေးသင့်ပြီး လှပဖို့လား၊
  • warranty ပါတဲ့ နောက်ဆုံးပေါ်သုံးချင်လား အရင်စဉ်းစားပါ။

𝐌𝐞𝐭𝐚𝐥 𝐂𝐫𝐨𝐰𝐧(သတ္တုသီးသန့်)

ကုန်ကျစရိတ် အသက်သာဆုံးအမျိုးအစား ဖြစ်ပါတယ်။သတ္တုသီးသန့်ဖြစ်တာကြောင့် သွားအရောင်အတိုင်းမရနိုင်ပဲ အကြမ်းခံလို့ အံသွားတွေအတွက် ပိုသင့်တော်ပါတယ်။ ဒါပေမယ့် Head & Neck -MRI လိုမျိုး ရိုက်ရတဲ့အခါမျိုးမှာဆိုရင်တော့ ဓာတ်မှန်ပုံရိပ်သေချာပေါ်နိုင်ဖို့ Crown ကို ချွတ်ပြီးမှ ရိုက်ပေးရတာမျိုး ရှိတတ်ပါတယ်။

𝐏𝐅𝐌 (သတ္တုနဲ့ကြွေအရော)

သတ္တုပါ်မှာ ကြွေလွှာတစ်ထပ်အုပ်မှာဖြစ်လို့ မိမိသွားအရောင်အတိုင်းရနိုင်ပြီး ဈေးနှုန်းသင့်တင့်ပါတယ်။ အမာဝါးမိမယ်ဆိုရင်‌တော့အပေါ်ယံကြွေလွှာပဲ့တာမျိုး ရှိတတ်ပါတယ်။ ဒါလည်းအတူတူပဲ….Head & Neck -MRI ရိုက်တဲ့အခါ ဓာတ်မှန်ပုံရိပ်သေချာပေါ်နိုင်ဖို့အတွက် Crown ကို ချွတ်ပြီးမှ ရိုက်ပေးရတာမျိုး ရှိတတ်ပါတယ်။

𝐙𝐢𝐫𝐜𝐨𝐧𝐢𝐚 𝐂𝐫𝐨𝐰𝐧(ကြွေသီးသန့်)

Zirconia crown က နောက်ဆုံးပေါ် အသုံးအများဆုံး crown ဖြစ်ပါတယ်။ ကြွေသီးသန့်ဖြစ်တဲ့အတွက် နဂိုသွားအရောင်အတိုင်း ရနိုင်ပါတယ်။အခြားအမျိုးအစားတွေထက် ခိုင်ခံ့ လှပ မိမိသွား အရောင်အတိုင်းရပြီး MRI ရိုက်တဲ့အခါ ချွတ်ပေးစရာမလိုတာကြောင့်ကုန်ကျစရိတ် ပိုများနိုင်ပါတယ်။

𝐆𝐫𝐚𝐧𝐝 𝐇𝐚𝐧𝐭𝐡𝐚 𝐃𝐞𝐧𝐭𝐚𝐥 𝐂𝐞𝐧𝐭𝐞𝐫

𝟐𝐧𝐝 𝐅𝐥𝐨𝐨𝐫, 𝐆𝐇𝐈𝐇

𝐎𝐩𝐞𝐧𝐢𝐧𝐠 𝐡𝐨𝐮𝐫 : 𝟖𝐚𝐦 𝐭𝐨 𝟕𝐩𝐦

𝐃𝐞𝐧𝐭𝐚𝐥 𝐇𝐨𝐭𝐥𝐢𝐧𝐞 : 𝟎𝟗𝟕𝟕𝟕𝟏𝟒𝟑𝟗𝟑𝟐 ,

𝟎𝟏 𝟐𝟑𝟏 𝟕𝟔𝟎𝟎 , 𝟎𝟏 𝟕𝟓𝟐 𝟑𝟎𝟎𝟎 (𝐄𝐱𝐭𝐞𝐧𝐬𝐢𝐨𝐧: 𝟐𝟏𝟐𝟎)

"𝐆𝐫𝐞𝐞𝐧. 𝐆𝐫𝐚𝐧𝐝. 𝐂𝐚𝐫𝐞 𝐅𝐨𝐫 𝐓𝐡𝐞 𝐏𝐞𝐨𝐩𝐥𝐞"

𝐆𝐫𝐚𝐧𝐝 𝐇𝐚𝐧𝐭𝐡𝐚 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥

နာနတ်တောလမ်း နှင့် ကြည့်မြင့်တိုင် ကမ်းနားလမ်းထောင့်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။

#grandhantha#grandhanthainternationalhospital#yangonMyanmar#hanthadentalcenter#DentalCare#dentalclinic