အံကပ် တပ်ဆင်သူများ လိုက်နာရမည့် အချက်များ
- အံကပ်တပ်ဆင်အသုံးပြုသူများသည် တစ်နေ့လျှင် (၈)နာရီသာ အသုံးပြုရပါမည်။ (eg. အစာစားချိန်၊ ရုံးသွားချိန် နှင့် လူအများနဲ့ စကားပြောဆိုချိန်များ၌ တပ်ဆင်ထားသင့်ပြီး အိမ်တွင်အနားယူချိန်၊ အိပ်ချိန်မျိုး၌ အံကပ်ချွတ်ထားရမည်။)
- အစာစားသည့်အခါ ရှေ့သွားနှင့် မဝါးရ။ အံသွားများနှင့် (၂)ဖက်ညီမျှစွာ ဝါးရမည်။
- အံကပ်ချွတ်ထားချိန်တွင် သွားဖုံးသားများကို သွေးလည်ပတ်မှု ကောင်းမွန်စေရန် လက်ဖြင့် နှိပ်နယ်ပေးရပါမည်။
- အစားစားပြီးတိုင်း အံကပ်အား သန့်ရှင်းရေးပြုလုပ်ရမည်။ သန့်ရှင်းရာတွင် သွားပွတ်တံ၊ ဆပ်ပြာ နှင့် ရေအေးတို့ကို အသုံးပြုရမည်။
- အံကပ်ဆေးကြောသည့် ဆေးပြား (Denture Cleaner) ဖြင့်လဲ အသုံးပြု ဆေးကြောနိုင်ပါသည်။အံကပ်၏ အတွင်းမျက်နှာပြင်၊ အပြင်မျက်နှာပြင်နှင့် သွားများကို ပွတ်တိုက်သန့်ရှင်းရမည်။ သန့်ရှင်းရေးပြုလုပ်နေစဉ် ဇလုံတစ်ခုတွင်ရေထည့်ပြီး အံကပ်အောက်မှ ခံထားပေးသင့်သည်။ မတော်တဆ အံကပ်လွတ်ကျပါက မကျိုးမကွဲစေရန် ဖြစ်သည်။
- အံကပ်ကို ရေနွေးဖြင့် မစိမ်ရ၊ မဆေးရပါ။ အံကပ်ကျုံ့သွား၊ လိမ်သွားနိုင်ပါသည်။
- အံကပ်တပ်ပြီး အလွန်မာသော အစာ (ဥပမာ - ကွမ်းသီး၊ ငါးခြောက် )၊ အလွန်စေးကပ်သောအစာ (ဥပမာ - ကောက်ညှင်း) တို့ကို မစားသင့်ပါ။
- အံကပ်အဟောင်းရှိပြီး အသစ်ထပ်မံ လုပ်သူဖြစ်ပါက အရင်အဟောင်းကို တပ်ကြည့်ခြင်းမပြုလုပ်တော့ပဲ အံကပ်အသစ်ကိုသာ တပ်ဆင်ရပါမည်။
- အံကပ်ကို အသုံးမပြုသည့်အချိန်၌ အဖုံးပါသော အဝကျယ်ပုလင်း သို့မဟုတ် ဘူးတစ်ခုထဲတွင် ရေအနည်းငယ်ထည့်ကာ အံကပ်ထည့်ပြီး သိမ်းဆည်းရပါမည်။ အဖုံးဖုံးထားရမည်။
- အံကပ်တစ်ခုလျှင် (၅)နှစ်ခန့် အသုံးပြုပြီးပါက အသစ်လဲလှယ်ပေးသင့်သည်။
Centers & Clinics
Specialties
24 hour services