အံဆုံးသွား ဆိုသည်မှာ
မေးရိုး၏ တစ်ဖက်တစ်ချက်တွင် နောက်ဆုံးမှ ထွက်လာသော အံသွားများ ဖြစ်ပါတယ်။ ယေဘူယျအားဖြင့် အပေါ်အောက် ဘယ် ညာ စုစုပေါင်း ၄ ချောင်း ရှိပြီး အသက် ၁၅နှစ် မှ ၂၅နှစ် ဝန်းကျင်တွင် ပေါက်လေ့ရှိပါသည်။
အံဆုံး သွားပေါက်လျှင်
သွားဖုံးရောင်ခြင်း၊ ပါးစပ်ဟရန်ခက်ခဲခြင်း၊ မေးရိုးတလျှောက် နာကျင်ခြင်းနှင့် အချို့သောသူများတွင် ခေါင်းကိုက်ခြင်း၊ ဖျားနာခြင်း တို့အထိ ခံစားရတတ်ပါသည်။ အံဆုံးသွားပေါက်လျှင် ဖြစ်တတ်သည့် လက္ခဏာများမှာ တစ်ယောက်နဲ့တစ်ယောက် တူညီလေ့မရှိပါ။ အံဆုံးသွား ထွက်လာသည့် အခြေအနေပေါ်မူတည်၍ ကွဲပြားတတ်ပါတယ်။ မေးရိုးတလျောက်တွင် နောက်ဆုံးမှ ထွက်ရသော သွားဖြစ်သည့်အတွက် ခံတွင်းထဲတွင် သွားထွက်ရန် နေရာလွတ် ကျန်နေမှသာ လျှောလျှောရှူရှူ ထွက်လာနိုင်မှာဖြစ်ပါတယ်။ ခံတွင်းထဲတွင် နေရာလွတ် မကျန်ပါက အဆင်ပြေသလိုထွက်ရသည့်အတွက် ပါးစောင်ဘက်သို့ စောင်းထွက်ခြင်း၊ ရှေ့သွားဘက်သို့ စောင်း၍ ထွက်ခြင်း၊ အံဆုံးတုံးလုံးလဲ၍ ထွက်ခြင်း၊ အံဆုံး မထွက်နိုင်ခြင်း စသဖြင့် ဒုက္ခ ပေးလာနိုင်ပါသည်
အံဆုံးသွားအား နှုတ်ဖို့လိုအပ်ပါသလားာ
အံဆုံးသွားတွင် အောက်ပါ အခြေအနေများဖြစ်လာပါကအမြန်ဆုံး နှုတ်ရန် အကြံပြုချင်ပါသည်။
အံဆုံးသွား နာလာသည့်အခါ
အံဆုံးသွား၏ သွားဖုံးတွင် Bacteria များ မကြာခဏ ပေါက်ဖွားပြီး သွားဖုံးရောင်ခြင်း ပြည်တည်ခြင်းများ အပြင် လည်ပင်းနားတဝိုက်နှင့် မေးရိုးအောက်နားတွင် အကျိတ်လေးများ စထွက်လာသည့်အခါ၊ အံဆုံနှင့် ရှေ့သွားကြားတွင် အစာညပ်ပီး သွားပိုးစားသည့်အခါ၊ ဘေးပတ်ဝန်းကျင်ရှိ သွားများကို တွန်းတိုက်ပီး ထွက်ရသည့်အတွက် ရှေ့သွားများ ရွေ့ခြင်း၊ စောင်းခြင်းတို့ ဖြစ်လာသည့်အခါ အံဆုံးသွားအား နှုတ်သင့်ပါတယ် နောက်ဆက်တွဲ ပြဿနာများအနေဖြင့် မေးရိုးထဲတွင် အရည်အိတ် (cyst) စဖြစ်လာသည်အထိ မဆိုးရွားခင် သွားဓာတ်မှန်ရိုက်၍ စစ်ဆေး ကြည့်သင့်ကြောင်း ဗဟုသုတ ရစေရန် ဖော်ပြပေးလိုက်ပါတယ်ရှင်။
Grand Hantha Dental Center
2nd Floor, Grand Hantha International Hospital
Opening hour : 8am to 7pm
Dental Hotline : 09777143932 , 01 523 000 (Extension: 2120)
Centers & Clinics
Specialties
24 hour services