ကမ္ဘာ့ ဆီးချို သွေးချိုရောဂါကာကွယ်ထိန်းသိမ်းရေးနေ့ (World Diabetes Day) (Lotte Hotel)

November 14, 2019

(၁၂-၁၂-၂၀၁၉)ရက်နေ့၌ Lotte Hotel တွင် မြန်မာနိုင်ငံဆီးချိုသွေးချိုရောဂါ အသင်း(MMDA)မှ ကြီးမှူးကျင်းပသည့် ကမ္ဘာ့ ဆီးချို သွေးချိုရောဂါကာကွယ်ထိန်းသိမ်းရေးနေ့ပွဲအခမ်းအနားတွင် ဂရန်း(ဒ်)ဟံသာ အင်တာနေရှင်နယ် ဆေးရုံကြီးမှ Platinum Sponser အဖြစ် ပူးပေါင်းပါဝင်ခဲ့ပါသည်။ ပွဲအခမ်းအနားတွင် ပြခန်းလာရောက်သူများအား အမှတ်တရလက်ဆောင်များနှင့်အတူဆီးချိုရောဂါ၏နောက်ဆက်တွဲလက္ခဏာများအတွက် မျက်စိအမြင်လွှာ စစ်ဆေးခြင်း အခမဲ့ပြုလုပ်ပေးခြင်း ၊ဆေးရုံတွင် အခမဲ့လာရောက်စစ်ဆေးခွင့်ကူပွန်လက်ဆောင်ပေးခြင်း တို့ဆောင်ရွက်ပေးခဲ့ကြပါသည်။ ဆီးချိုရောဂါနှင့်ပတ်သတ်သော ကျန်းမာရေးစစ်ဆေးမှုများကိုလဲ အထူး Discount များဖြင့်ရောင်းချပေးခဲ့ပါသည်။ ၂၀၁၉ ခုနှစ် ကမ္ဘာ့ ဆီးချို သွေးချိုရောဂါကာကွယ်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အမှတ်တရဓာတ်ပုံများကို ဖော်ပြပေးလိုက်ပါသည်။